Saturday, 16 July 2011

နှင်းရွာတဲ့ ရာသီ

နှင်းရွာတဲ့ ရာသီ  နှင်းရွှဲညရဲ့ တေးတစ်ပုဒ်မှာ  ဆုတ်ဖြဲ ခံရတယ်ဆိုတဲ့  ရာဇ၀င် စာမျက်နှာ ခပ်နွမ်းနွမ်းတွေ  အတ္တကောင် အရေခြုံခံ  ချိုမြိန်တဲ့ စာရိတ္တပုံစံခွက်ထဲ  ခါးပြင်းပြင်း အရည်တစ်ချို့ ရောယှက်  အနက်ရောင် နောက်ခံ အထီးကျန်တိမ်တိုက်ထဲ  ဆွဲနှစ်ခံရတဲ့ နှင်းရွှဲညရဲ့ အိပ်မက်တွေ  ကြယ်စင်တစ်ခု ကြွေပျက်ခြင်းနဲ့အတူ  နုနယ်ပါတယ်ဆိုတဲ့ နီရဲရဲ နှလုံးသား  မျှော်လင့်ချက် တစ်ကမ္ဘာစာ  မီးမလောင်ဘဲ ပြာကျသွားတယ်  ပျော်မြူးနေတဲ့ တစ္ဆေကောင်တွေရဲ့  လက်သည်းချွန်ချွန်နဲ့ လက်ဖ၀ါးထဲ  ခံစားချက်မဲ့နေတဲ့ အပြုံးတစ်ချို့ လှူလိုက်ရ  အုံ့ မှိုင်းကျဆင်းခြင်း ဖြစ်စဉ်မှာ  နဲ့ တဲ့တဲ့ စိတ်ဓာတ်လေးတွေ ပါသွားတယ်  တစ်ပတ်လည်လာမယ့်  နေလုံးကြီးရဲ့ မျက်နှာကို စောင့်မျှော်ရင်း  ဒီည  နှင်းမိုးတွေနဲ့ အတူ ကခုန်ခဲ့ပေါ့။  မိုးအိမ်လူ  4 DEC  2008 Perfect Magazine
Thida Aung 16 July 21:49
နှင်းရွာတဲ့ ရာသီ

နှင်းရွှဲညရဲ့ တေးတစ်ပုဒ်မှာ

ဆုတ်ဖြဲ ခံရတယ်ဆိုတဲ့

ရာဇ၀င် စာမျက်နှာ ခပ်နွမ်းနွမ်းတွေ

အတ္တကောင် အရေခြုံခံ

ချိုမြိန်တဲ့ စာရိတ္တပုံစံခွက်ထဲ

ခါးပြင်းပြင်း အရည်တစ်ချို့ ရောယှက်

အနက်ရောင် နောက်ခံ အထီးကျန်တိမ်တိုက်ထဲ

ဆွဲနှစ်ခံရတဲ့ နှင်းရွှဲညရဲ့ အိပ်မက်တွေ

ကြယ်စင်တစ်ခု ကြွေပျက်ခြင်းနဲ့အတူ

နုနယ်ပါတယ်ဆိုတဲ့ နီရဲရဲ နှလုံးသား

မျှော်လင့်ချက် တစ်ကမ္ဘာစာ

မီးမလောင်ဘဲ ပြာကျသွားတယ်

ပျော်မြူးနေတဲ့ တစ္ဆေကောင်တွေရဲ့

လက်သည်းချွန်ချွန်နဲ့ လက်ဖ၀ါးထဲ

ခံစားချက်မဲ့နေတဲ့ အပြုံးတစ်ချို့ လှူလိုက်ရ

အုံ့ မှိုင်းကျဆင်းခြင်း ဖြစ်စဉ်မှာ

နဲ့ တဲ့တဲ့ စိတ်ဓာတ်လေးတွေ ပါသွားတယ်

တစ်ပတ်လည်လာမယ့်

နေလုံးကြီးရဲ့ မျက်နှာကို စောင့်မျှော်ရင်း

ဒီည

နှင်းမိုးတွေနဲ့ အတူ ကခုန်ခဲ့ပေါ့။

မိုးအိမ်လူ

4 DEC 2008 Perfect Magazine


No comments:

Post a Comment