Thursday, 14 July 2011

တိမ်ယောင်ဆောင်တဲ့ မီးခိုး

တိမ်ယောင်ဆောင်တဲ့ မီးခိုး  ဆန္ဒတွေ နောက်ဆုတ်ရင်း  ခြေလှမ်းတွေက ရှေ့ဆက်တိုး  လွှတ်ချလို့ မရသေးတဲ့ နေ့ တွေ  စက်ဆုပ်မှု တွေကို  မကြားချင်ယောင်ဆောင်  နေ့ နေ့ ညည ဖြစ်ချင်တာပဲ လုပ်  ခါးသီးပြမနေပါနဲ့တော့  ဒါတွေဟာ  ဘယ်တော့မှ မပျောက်ပျက်မယ့်  ခြေရာတွေ  ကိုယ်လည်း သွေးစွန်း သူလည်း သွေးစွန်း  အသက်တွေ ကြီးလာလေ  လောင်ကျွမ်းမှု အားကောင်းလေ  သော့ခတ်ပိတ်ထားခဲ့တဲ့  ကုသိုလ်ရေး လှုပ်ရှားမှုတွေ  ငေးနေရင်း လဲပြိုရင်း  အတက်အကျ မြန်ဆန်လွန်းတဲ့ မြစ်တစ်စင်းအတွက်  ဘယ်အရပ်မှာ  မိုးရွာပေးရမလဲ။  မိုးအိမ်လူ  (FEB   2010 , Idea Magazine )
Thida Aung 15 July 04:28
တိမ်ယောင်ဆောင်တဲ့ မီးခိုး

ဆန္ဒတွေ နောက်ဆုတ်ရင်း

ခြေလှမ်းတွေက ရှေ့ဆက်တိုး

လွှတ်ချလို့ မရသေးတဲ့ နေ့ တွေ

စက်ဆုပ်မှု တွေကို

မကြားချင်ယောင်ဆောင်

နေ့ နေ့ ညည ဖြစ်ချင်တာပဲ လုပ်

ခါးသီးပြမနေပါနဲ့တော့

ဒါတွေဟာ

ဘယ်တော့မှ မပျောက်ပျက်မယ့်

ခြေရာတွေ

ကိုယ်လည်း သွေးစွန်း သူလည်း သွေးစွန်း

အသက်တွေ ကြီးလာလေ

လောင်ကျွမ်းမှု အားကောင်းလေ

သော့ခတ်ပိတ်ထားခဲ့တဲ့

ကုသိုလ်ရေး လှုပ်ရှားမှုတွေ

ငေးနေရင်း လဲပြိုရင်း

အတက်အကျ မြန်ဆန်လွန်းတဲ့ မြစ်တစ်စင်းအတွက်

ဘယ်အရပ်မှာ

မိုးရွာပေးရမလဲ။

မိုးအိမ်လူ

(FEB 2010 , Idea Magazine )


No comments:

Post a Comment