Thursday, 14 July 2011

သံစဉ်

သံစဉ်  ဒိုမိန်းတခုထဲကို ဘလော့လည်သူ တစ်ယောက်လို မတော်တဆ ရောက်လာတယ် ရေလျှံငွေလျှံ ဒုက္ခတရားတွေကို လူပါးဝအောင်စား သောက် ပြီး စားမြုံ့ပြန် အန် မိရိုးဖလာ အသိရိုးရာတွေကို အလွတ်ရအောင်ကျက်ပြီးတော့ မှီခို စော်ကား ဖာရုံရောက်လိုက် ဘုန်းကြီးကျောင်းရောက်လိုက် ကိလေသာလေတိုက်နှုန်းအတိုင်း ဆိုနေကြတေးဟာ ဘယ်သူကြားဖို့မှ မဟုတ်သလို ဘယ်နားကိုမှမစော်ကားခဲ့ပါဘူး လာလိုက်သွားလိုက် ဆိုးလိုက်မိုက်လိုက် အမှိုက်တွေအမှိုက်ပုံးထဲသောင်းကျန်းသလိုမျိုး တီကောင်တကောင်လို... ငါးမျှားခြင်းမှာ စွန့်လွှတ်ခဲ့သမျှ ကိုယ့်အတွက် ဘာမှမကျန် ဒိုမိန်းတခုထဲမှာ ဗိုင်းရပ်တကောင်လို အသတ်ခံရတယ်...ဒါဘုရားသခင်လက်ချက်ပဲ။ ။  ကေသာဦးခိုက်
La Luna 15 July 07:35
သံစဉ်

ဒိုမိန်းတခုထဲကို ဘလော့လည်သူ တစ်ယောက်လို မတော်တဆ ရောက်လာတယ်
ရေလျှံငွေလျှံ ဒုက္ခတရားတွေကို လူပါးဝအောင်စား သောက် ပြီး စားမြုံ့ပြန် အန်
မိရိုးဖလာ အသိရိုးရာတွေကို အလွတ်ရအောင်ကျက်ပြီးတော့ မှီခို စော်ကား
ဖာရုံရောက်လိုက် ဘုန်းကြီးကျောင်းရောက်လိုက် ကိလေသာလေတိုက်နှုန်းအတိုင်း
ဆိုနေကြတေးဟာ ဘယ်သူကြားဖို့မှ မဟုတ်သလို ဘယ်နားကိုမှမစော်ကားခဲ့ပါဘူး
လာလိုက်သွားလိုက် ဆိုးလိုက်မိုက်လိုက် အမှိုက်တွေအမှိုက်ပုံးထဲသောင်းကျန်းသလိုမျိုး
တီကောင်တကောင်လို... ငါးမျှားခြင်းမှာ စွန့်လွှတ်ခဲ့သမျှ ကိုယ့်အတွက် ဘာမှမကျန်
ဒိုမိန်းတခုထဲမှာ ဗိုင်းရပ်တကောင်လို အသတ်ခံရတယ်...ဒါဘုရားသခင်လက်ချက်ပဲ။ ။

ကေသာဦးခိုက်


No comments:

Post a Comment