မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် ပထမဆုံး ဖောက်လုပ်ခဲ့သည့် ရန်ကုန် - ပြည် မီးရထားလမ်းကို ၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့တွင် ဗြိတိသျှတို့က ဖွင့်လှစ်ပြီး ရထား စတင်ပြေးဆွဲခဲ့ပါသည်။ စတင်သည့်နေ့တွင် ရန်ကုန် - အင်းစိန် ခရီးကို ပြေးဆွဲခဲ့သည်။ ရန်ကုန်ဘူတာကြီးမှ နံနက် ၆ နာရီတွင် စက်ခေါင်းအမှတ် A.01 က သီးသန့်အထူးတွဲ အပါအ၀င် ၁၂ တွဲကို ချိတ်လျက် ရန်ကုန် အင်းစိန် အသွားအပြန် ခုတ်မောင်းခဲ့ခြင်း ဖြစ်သည်။
မီးရထားစက်ခေါင်းမှာ မြန်မာနိုင်ငံတွင် ပထမဆုံး အသုံးပြု ပြေးဆွဲခဲ့သည့် စက်ခေါင်းအမှတ် A.01ဖြစ်သည်။ ထိုစက်ခေါင်းကို ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း မီးရထားရုံးချုပ်ရှေ့တွင် ပြသထားပါသည်။ (ယခုထိ ရှိ မရှိတော့ မသိပါ)
ပိုမိုသိရှိသူများ edit လုပ်၍ ထပ်မံ ဖြည့်စွက်နိုင်ပါသည်။
No comments:
Post a Comment