လူရွှင်တော်
ငါရဲ့ အသွင်သဏ္ဍန်က တက်ကြွလန်းဆန်း.. စိတ်ကတော့နွမ်းလျှနေ ပုဏ္ဍ္စားတိုင်အကွယ်သားငယ်က မျက်နှာဖုံးဝယ်ဘို့ သာပူစာ သားကြီးက၀မ်းမီးကမွှေ မထိန်းသိမ်းနိုင်တော့သလိုမျိုး မျက်ဝန်းတို့ ညိုရော်နေ သားတို့ မေရင်ခွင်လွယ်သမီးငယ်မြူ ဆိုင်းသံဗုံသံဆူနေတာ သူနဲ့ မဆိုင်တော့သလို ဟိုးအဝေးကိုရီငေး တေးတစ်ပုဒ်တည်းလယ်နေပြီ ငါ့ဝမ်းထဲကပူပေမယ့် အပြုံးကိုအဖြူဆုံးဒီဂရီမြင့် ၀ါးလုံးကွဲရယ်ရွှင်သူတွေဆီပို့ လွတ် ဒီတစ်ဆိုင်းမပြီးခင် အကြော်စုံမကုန်စေချင်သေးဘူး အရာရာမှာကုလားကာနောက်ကွယ်ထိ ဆင်ခြင်မိပါရဲ့ လား (တစ်ဝမ်းတစ်ခါးအတွက်) လမ်းမှားသတဲ့...... ပွဲခင်းထဲလမ်းသလားနေတဲ့... ညိုမြလည်းအဆင်ပြေပါစေ... နယူတန်စကားသာမှန်မယ်ဆို ငါလည်းပရိတ်သတ်တွေပြန်ကြည့်ပြီး ၀ါးလုံးကွဲရယ်ရမှာ........
(ပန်းတော်ဆက်) |
No comments:
Post a Comment