Tuesday, 5 July 2011

မေ့မရတဲ့...July 5


မေ့မရတဲ့...July 5  ရင်ခုန်သံ မွေးဖွားဖူးတယ်.. ချမ်းခိုက်နေတဲ့ မိုးသည်းထဲ... အချစ်ကို စာလုံးပေါင်းတတ်တဲ့..နေ့ အလွမ်းအဆွေး ဆိုတာ..... သူစိမ်းဆန်နေတုန်းပါပဲ... ထီးလေးတစ်လက်....... နှလုံးသားကို စကားပြောတတ်အောင် သင်ကြားဖူးတဲ့..နေ့.... ကော်ဖီတစ်ခွက်နဲ့ မိတ်ဆက်ပြီး.. သူ့ နှုတ်ခမ်းကို အလွတ်ကျက်.. မိုးစက်သင့်သွားတဲ့ ဆံနွယ်တွေကို မြတ်နိုးသွားခဲ့တဲ့....နေ့ အလင်းဖို ဘေးမှာ.... သူဆွဲတဲ့ ပန်းချီ ငါရေးတဲ့ ကဗျာတွေနဲ့.. နှစ်ဦးသား အတိတ်မေ့ခဲ့ဖူးတဲ့..နေ့ ငါတို့ နှုတ်ခမ်းတွေမှာ..... အနမ်းတွေ လက်ထပ်သွားတဲ့....နေ့ ငါတို့..မမျှော်လင့်ထားတဲ့ တိမ်တွေ ကြိမ်စာဆိုပြီး.. အငြိုးထားမယ့်...နေ့ ငါ့ သတို့သမီးဝတ်စုံကို.... အဲ့ဒီ မိုးစက်တွေ အဆိပ်သင့်စေခဲ့တဲ့...နေ့ ငါ့ လက်ပေါ်မှာ....... အသက်မဲ့နေတဲ့ သူ့ရုပ်ကြွင်းကို.... အပ်နှံခြင်းခံလိုက်ရတဲ့.....အဲ့ဒီ....နေ့ ။ ။  ကျနော့်နာမည်...........လင်းမောင်
John Luis 06 July 00:18
မေ့မရတဲ့...July 5

ရင်ခုန်သံ မွေးဖွားဖူးတယ်..
ချမ်းခိုက်နေတဲ့ မိုးသည်းထဲ...
အချစ်ကို စာလုံးပေါင်းတတ်တဲ့..နေ့
အလွမ်းအဆွေး ဆိုတာ.....
သူစိမ်းဆန်နေတုန်းပါပဲ...
ထီးလေးတစ်လက်.......
နှလုံးသားကို စကားပြောတတ်အောင်
သင်ကြားဖူးတဲ့..နေ့....
ကော်ဖီတစ်ခွက်နဲ့ မိတ်ဆက်ပြီး..
သူ့ နှုတ်ခမ်းကို အလွတ်ကျက်..
မိုးစက်သင့်သွားတဲ့ ဆံနွယ်တွေကို
မြတ်နိုးသွားခဲ့တဲ့....နေ့
အလင်းဖို ဘေးမှာ....
သူဆွဲတဲ့ ပန်းချီ ငါရေးတဲ့ ကဗျာတွေနဲ့..
နှစ်ဦးသား အတိတ်မေ့ခဲ့ဖူးတဲ့..နေ့
ငါတို့ နှုတ်ခမ်းတွေမှာ.....
အနမ်းတွေ လက်ထပ်သွားတဲ့....နေ့
ငါတို့..မမျှော်လင့်ထားတဲ့
တိမ်တွေ ကြိမ်စာဆိုပြီး..
အငြိုးထားမယ့်...နေ့
ငါ့ သတို့သမီးဝတ်စုံကို....
အဲ့ဒီ မိုးစက်တွေ အဆိပ်သင့်စေခဲ့တဲ့...နေ့
ငါ့ လက်ပေါ်မှာ.......
အသက်မဲ့နေတဲ့ သူ့ရုပ်ကြွင်းကို....
အပ်နှံခြင်းခံလိုက်ရတဲ့.....အဲ့ဒီ....နေ့ ။ ။

ကျနော့်နာမည်...........လင်းမောင်


No comments:

Post a Comment