မနေ့ည
အိပ်မိတုန်းခဏမှာ
အိပ်မက်တစ်ခု ငါမက်ခဲ့ ။
သစ္စာတရား ၊ ပြတ်သားတည်ကြည်တဲ့
အပြည်ပြည်ဆိုင်ရာရာဇ၀တ်မှုတရားရုံးထဲ
ပြတ်သားပြတ်သားသား ငါရောက်သွား ။
ပြည်သူတွေ
ပြည်သူတွေ
နာကျည်းခါးသည်း စိတ်များထကြွ
တရားခံတွေဖက် ဒေါသမျက်ရည်စက်လက်နဲ့ 
စွဲချက်တွေတင်လို့  ။
တရားခွင်ပေါ်ကြည့် ။
နိုင်ငံတကာရဲ့ နယ်ချဲ့ သမားတွေ ၊ အသားထဲကလောက် ၊ သစ္စာဖောက်တွေနောက်လိုက်ခွေးတွေ ၊
Genocide လုပ်ခဲ့ကြတဲ့အာဏာရူး လူသတ်သမားတွေ ၊မျက်စိမျက်နှာပျက်ချွေးပေါက်ပေါက်ကျ
ငါမြင်ရ ။
သူတို့ဘေးမှာ ဟစ်တလာ ၊ တိုဂျို ၊
မူဆိုလီနီ ၊ဆဒမ် ၊
စသည် စသည် စီရင်ပြီးသူတွေရဲ့ ရုပ်ကြွင်းများလည်း ရှိနေကြ ။
ဒီကမ္ဘာရဲ့ သက်တမ်းတမျှ
ရေတွက်မရ ၊ ရက်စက်ယုတ်မာ
လိမ်ညာကောက်ကျစ် ၊ ရာဇ၀တ်ကောင်တွေက
မေတ္တာတရားရှေ့ မှာထားလို့
သနားကြင်နာ ခွင့်လွှတ်ပါ တဲ့
သူတို့အားလုံး နောက်ဆုံးလမ်းဟာဘာလဲ ? ဘယ်လဲ ?
သဲကွဲစွာသူတို့ သိ
အရှက်မရှိ ရှိခိုးဒူးထောက် အောက်ကြို့ တောင်းပန်
နတ်သံတွေနှောလို့
ငါမြင်ခဲ့ရပြန် ။
ဗြုန်း ဆို ငါလန့်နိုး ။
အိပ်မက်ထဲကတရားရုံးမှာ အားလုံးမကျန်
တရားခံတွေ ကွဲပြားပီသ
ငါမတွေ့ လိုက်ရ ။
တကယ်လို့များ
အိပ်မက်သာ ဆုံးခဲ့လျှင်
ဘယ်သူ ဘယ်နှစ်ယောက် နောက်ထပ်ပါသေးကြောင်း ငါကောင်းကောင်းသိရချည့် ။ ။
Thaw Zin
20110718
No comments:
Post a Comment