Tuesday, 19 July 2011

ဘ၀လွယ်အိတ်ထဲက ရောင်းစားမခံနိုင်တဲ့ မာနတစ်ခု

ဘ၀လွယ်အိတ်ထဲက ရောင်းစားမခံနိုင်တဲ့ မာနတစ်ခု  ၁- မတည်မြဲတဲ့ ဘ၀တွေကြားမှာ     လူတွေက ကျားကုတ်ကျားခဲနှင့်     တွယ်မြစ်ခက်တွယ်ပြီး     ဘ၀တွေကို အမြတ်တနိုး သိမ်းထားတတ်ကြတယ်…  ၂- ပါးစပ်အပြောများတဲ့ပုံပြင်သစ်ရာဇ၀င်ထဲမှာ     လူတွေက ပုံပြင်ပြောနေသူအဖြစ်နှင့်ရော     ပုံပြင်နားဆင်နေသူတစ်ယောက်အနေနှင့်ရော     ပါဝင်ပတ်သက်ခွင့်တွေကို     ရောင်းဝယ်မွေးဖွားခဲ့ကြတယ်…  ၃- ရှေးလူကြီးသူမတွေက ပြောခဲ့ကြတယ်     ကြာရင် အရာအားလုံးက မေ့လျော့သွားတတ်ကြတယ်     အချိန်ဆိုတာ အကောင်းဆုံးသမားတော်တော်လို့    သတ်မှတ်အမွှန်းတင်ကြပြန်တယ်…  ၄- ဖြူစင်တဲ့သံယောဇဉ်တစ်ခုကို     အရောင်တင်ဆေးချယ်ဖို့    လူတွေက အမြဲကြိုးစားနေကြတယ်    ပွန်းပဲ့တတ်တဲ့နှလုံးသားအမည်းစက်တွေကြားမှာ    စကားအဆိပ်သင့်ခဲ့ကြတာပါ…  ၅- စိတ်ပိုင်းဆိုင်ရာတွေကို     တန်ဘိုးမထားတတ်ကြတော့     သူလိုကိုယ်လို လူတွေကြားမှာ     ဂုဏ်သိက္ခာဆိုတာ     အရောင်းလှကြေငြာတစ်ခုအဖြစ်နှင့်     မြင်တတ်လာကြတယ်…  ၆- မပိုင်နိုင်သေးတဲ့ ခြေလှမ်းတွေကြားမှာ     အရိပ်တစ်ခုကို ၀ယ်ယူခွင့်ရဖို့     သတ်မှတ်ဈေးနှုန်းတွေကို     တွက်ချက်နေရင်းနှင့်     ဘ၀မာယာမြစ်တစ်ကွေ့စာမှာ     ဖြတ်သန်းနေကြလျက်ပါ…။     ။  နရီထက်
Ka Yin Lay 20 July 10:29
ဘ၀လွယ်အိတ်ထဲက ရောင်းစားမခံနိုင်တဲ့ မာနတစ်ခု

၁- မတည်မြဲတဲ့ ဘ၀တွေကြားမှာ
လူတွေက ကျားကုတ်ကျားခဲနှင့်
တွယ်မြစ်ခက်တွယ်ပြီး
ဘ၀တွေကို အမြတ်တနိုး သိမ်းထားတတ်ကြတယ်…

၂- ပါးစပ်အပြောများတဲ့ပုံပြင်သစ်ရာဇ၀င်ထဲမှာ
လူတွေက ပုံပြင်ပြောနေသူအဖြစ်နှင့်ရော
ပုံပြင်နားဆင်နေသူတစ်ယောက်အနေနှင့်ရော
ပါဝင်ပတ်သက်ခွင့်တွေကို
ရောင်းဝယ်မွေးဖွားခဲ့ကြတယ်…

၃- ရှေးလူကြီးသူမတွေက ပြောခဲ့ကြတယ်
ကြာရင် အရာအားလုံးက မေ့လျော့သွားတတ်ကြတယ်
အချိန်ဆိုတာ အကောင်းဆုံးသမားတော်တော်လို့
သတ်မှတ်အမွှန်းတင်ကြပြန်တယ်…

၎- ဖြူစင်တဲ့သံယောဇဉ်တစ်ခုကို
အရောင်တင်ဆေးချယ်ဖို့
လူတွေက အမြဲကြိုးစားနေကြတယ်
ပွန်းပဲ့တတ်တဲ့နှလုံးသားအမည်းစက်တွေကြားမှာ
စကားအဆိပ်သင့်ခဲ့ကြတာပါ…

၅- စိတ်ပိုင်းဆိုင်ရာတွေကို
တန်ဘိုးမထားတတ်ကြတော့
သူလိုကိုယ်လို လူတွေကြားမှာ
ဂုဏ်သိက္ခာဆိုတာ
အရောင်းလှကြေငြာတစ်ခုအဖြစ်နှင့်
မြင်တတ်လာကြတယ်…

၆- မပိုင်နိုင်သေးတဲ့ ခြေလှမ်းတွေကြားမှာ
အရိပ်တစ်ခုကို ၀ယ်ယူခွင့်ရဖို့
သတ်မှတ်ဈေးနှုန်းတွေကို
တွက်ချက်နေရင်းနှင့်
ဘ၀မာယာမြစ်တစ်ကွေ့စာမှာ
ဖြတ်သန်းနေကြလျက်ပါ…။ ။

နရီထက်


No comments:

Post a Comment