အဲ့နေ့က မိုးတွေရွာတယ်
ဟိုမှာ ဒီမှာ အပြာရောင်တွေနဲ့
ကမ္ဘာလှတာ ပထမဆုံးမြင်ဖူးလိုက်တာပဲ
လေနှင်ရာအတိုင်း စိတ်ကိုလွင့်လိုက်တယ်
ခင်ဗျားကိုချစ်တယ်ဆိုတာကို
ဘယ်နကြိမ်မြောက်မှန်းမသိ
လူမသိသူမသိညည်းတွားရင်း
လေနှင်ရာအတိုင်း စိတ်တွေလွင့်ပါသွားတယ်
ကြည့်စမ်းပါဦး . . . .
ကျုပ်တစ်ယောက်ထဲ စိတ်ကူးယဉ်နေတာနဲ့
ကမ္ဘာတောင် သိပ်လှသွားတယ်
ခင်ဗျားဆီက တစုံတရာမျှော်လင့်မိတိုင်း
ကျုပ်ရင်ဘတ်ထဲက တဆစ်ဆစ်နဲ့ နာ တယ်
တစ်နေ့ထက်တစ်နေ့ ပိုပြီးအထီးကျန်လာတယ်
ခင်ဗျား သိပ်တော်တယ်
ဥပေက္ခာကို ရုပ်လုံးဖော်တဲ့နေရာမှာ
ခင်ဗျား သိပ် တော် တယ်
ကျုပ်ရဲ့ဒါဏ်ရာကတော့ အရင်ကထက် သွေးပိုစိမ့်လာတယ်
အပ်ကြောင်းရာထပ်နေတဲ့ ရင်ဘတ်နဲ့
မထူးဇာတ်ကိုဆက်ခင်းနေတာ မဟုတ်ဘူး
ကျုပ်ရပ်တည်နေရတဲ့နေရာကို ကျုပ်ဘာသာ ကျေနပ်နေတာ
ပျော် တယ်
ကျုပ် သိပ် ပျော် တယ်
ဘယ်လောက်ပဲရင်နာနာ ပြုံးပြတတ်ပြီမို့
ကျုပ် သိပ် ပျော် နေ တယ်
အခုဆိုရင် နာကျင်နေချိန်တိုင်းမှာ
ကျုပ် သိပ် ပျော် ရွှင် နေ ပြီ။
အဆိပ်ဝိုင်
No comments:
Post a Comment