Saturday, 2 July 2011

[စာပေစကားဝိုင်း] မြန်မာရုပ်သေး

မြန်မာရုပ်သေး  မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအနုပညာရပ်များထဲတွင် တစ်ခုပါဝင်သော မြန်မာ့ ကြိုး ရုပ်သေးကို အလွန်နှစ်သက်ကြပါသည်။ နိုင်ငံခြားသားများကို ဖျော်ဖြေသော ဧည့်ခံပွဲများတွင် မဖြစ်မနေထည့်ကြရသော မြန်မာ့ရုပ်သေးအကြောင်း ကို ဖေါ်ပြရ လိုက်ရပါသည်။ မြန်မာ့ရုပ်သေးအတတ်ပညာသည် မြန်မာ့ရိုးရာ ပန်း ၁၀ မျိုးတွင် မပါဝင်ပါ။ မြနမာ့ဂီတနှင့် အကတို့ကို အခြေခံပြီး အရုပ်များဖြင့် ပြသရသည့် ပညာရပ် ဖြစ်သည်။ ရုပ်သေးကို အမြင့်သဘင်ဟု လည်း ခေါ်ဆိုကြသည်။   မြန်မာ့ရုပ်သေးပညာရပ်ကို ကုန်းဘောင်ခေတ် စဥ့်ကူးမင်းလက်ထက် သဘင်ဝန် ဦးသော်မှ စ၍ ရုပ်သေးအက ကို တီထွင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့ရုပ်သေးသဘင်သည် အလွန်စည်းကမ်းကြီးသော သဘင်ဖြစ်သည်။ လူရုပ်၊ မြင်းရုပ်၊ နတ်ရုပ်တို့ကို ယမနေသား၊ ပဉ္စနသား တို့ဖြင့် ပြုလုပ်ကြရသည်။ မင်းသမီးရုပ်ကို ယမနေသားဖြင့် ပြုလုပ်ရသည်။ မင်းသား၊ ဘုရင်ရုပ်များကို ဧကရာဇ်သားဖြင့် ပြုလုပ်ရသည်။ ကျန်အရုပ်များကို လက်ပန် သားဖြင့် ပြုလုပ်ရသည်။ အရုပ်များကို သက်ဆိုင်ရာ သစ်သားများပေါ်တွင် ပန်းပုထု၍ ပုံထွင်းရပါသည်။ ထိုရုပ်ထုများပေါ်တွင် ပန်းချီသရုပ်ဖော်ကာ ရွှေချည်ထိုးများဖြင့် အလှတန်ဆာဆင်ရပါသည်။ မည်သည့် အရုပ်ကို ထုလုပ်သည်ဖြစ်ပါစေ အင်္ဂါအစုံအလင် ပါရသည်။ အရုပ်များသည် ၁၃ လက်မ မှ လက်မ ၂၀ အထိ အရွယ်ရှိသော အရုပ်များ ပါဝင်ကြသည်။ ရုပ်သေးပွဲတွင် ပါဝင်သော လူ၊ နတ်၊ ဘုရင်၊ တိရစ္ဆာန်အားလုံး ဇာတ်စင်၏ လက်ဝဲ၊ လက်ယာ၊ အပေါ်၊ အောက် မည်သူက မည်သည့် နေရာက ထွက်ရမည်ဟူသော ဥပဒေသများ ရှိပါသည်။   မြန်မာ့ရုပ်သေးအမျိုးပေါင်း ၂၈ ရုပ်   1. နတ်ကတော်  2. မြင်း  3. ဆင်  4. ကျား  5. မျောက်  6. ကုမ္မာရီး  7. ကုမ္ဘမ် ဘီလူး  8. ကြက်တူရွေး  9. ငှက်ရုပ်  10. ဂဠုန်  11. နဂါး  12. ဇော်ဂျီ  13. သူဌေး  14. စုန်းမ  15. နတ်ရုပ်ပြသကြားမင်း  16. သူငယ်တော်ရုပ်  17. ရှင်ဘုရင်  18. ရွှေနန်းဆက်မိဖုရား  19. မင်းသားလတ်  20. မင်းသားနု  21. မင်းသမီး  22. သံချိုလက်စွဲ  23. သံပျက်လက်စွဲ  24. မင်းကြီးသက်တော်ရှည်  25. ရွှေတိုက်ဝန်  26. ၀န်ထောက်  27. မြို့ တော်ဝန်  28. ပုဏ္ဏားရုပ် တို့ဖြစ်ပါသည်။ ရုပ်သးကပြရာတွင် သာသနာ၊ ဘာသာ၊ ရာဇာ မထိခိုက်ရဟု စည်းမျဉ်းရှိ ပါသည်။   http://www.facebook.com/l/bAQASCG3TAQCKFUEzCuLXcoGV_pajhUeoDQOWwSymzIgO6w/ramonnya.ning.com/profiles/blogs/4777026:BlogPost:814 ဆိုဒ်မှကူးလာပါသည်
Ka Yin Lay 02 July 22:36
မြန်မာရုပ်သေး

မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအနုပညာရပ်များထဲတွင် တစ်ခုပါဝင်သော မြန်မာ့ ကြိုး ရုပ်သေးကို အလွန်နှစ်သက်ကြပါသည်။ နိုင်ငံခြားသားများကို ဖျော်ဖြေသော ဧည့်ခံပွဲများတွင် မဖြစ်မနေထည့်ကြရသော မြန်မာ့ရုပ်သေးအကြောင်း ကို ဖေါ်ပြရ လိုက်ရပါသည်။ မြန်မာ့ရုပ်သေးအတတ်ပညာသည် မြန်မာ့ရိုးရာ ပန်း ၁၀ မျိုးတွင် မပါဝင်ပါ။ မြနမာ့ဂီတနှင့် အကတို့ကို အခြေခံပြီး အရုပ်များဖြင့် ပြသရသည့် ပညာရပ် ဖြစ်သည်။ ရုပ်သေးကို အမြင့်သဘင်ဟု လည်း ခေါ်ဆိုကြသည်။

မြန်မာ့ရုပ်သေးပညာရပ်ကို ကုန်းဘောင်ခေတ် စဥ့်ကူးမင်းလက်ထက် သဘင်ဝန် ဦးသော်မှ စ၍ ရုပ်သေးအက ကို တီထွင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့ရုပ်သေးသဘင်သည် အလွန်စည်းကမ်းကြီးသော သဘင်ဖြစ်သည်။ လူရုပ်၊ မြင်းရုပ်၊ နတ်ရုပ်တို့ကို ယမနေသား၊ ပဉ္စနသား တို့ဖြင့် ပြုလုပ်ကြရသည်။ မင်းသမီးရုပ်ကို ယမနေသားဖြင့် ပြုလုပ်ရသည်။ မင်းသား၊ ဘုရင်ရုပ်များကို ဧကရာဇ်သားဖြင့် ပြုလုပ်ရသည်။ ကျန်အရုပ်များကို လက်ပန် သားဖြင့် ပြုလုပ်ရသည်။ အရုပ်များကို သက်ဆိုင်ရာ သစ်သားများပေါ်တွင် ပန်းပုထု၍ ပုံထွင်းရပါသည်။ ထိုရုပ်ထုများပေါ်တွင် ပန်းချီသရုပ်ဖော်ကာ ရွှေချည်ထိုးများဖြင့် အလှတန်ဆာဆင်ရပါသည်။ မည်သည့် အရုပ်ကို ထုလုပ်သည်ဖြစ်ပါစေ အင်္ဂါအစုံအလင် ပါရသည်။ အရုပ်များသည် ၁၃ လက်မ မှ လက်မ ၂၀ အထိ အရွယ်ရှိသော အရုပ်များ ပါဝင်ကြသည်။ ရုပ်သေးပွဲတွင် ပါဝင်သော လူ၊ နတ်၊ ဘုရင်၊ တိရစ္ဆာန်အားလုံး ဇာတ်စင်၏ လက်ဝဲ၊ လက်ယာ၊ အပေါ်၊ အောက် မည်သူက မည်သည့် နေရာက ထွက်ရမည်ဟူသော ဥပဒေသများ ရှိပါသည်။

မြန်မာ့ရုပ်သေးအမျိုးပေါင်း ၂၈ ရုပ်

1. နတ်ကတော်
2. မြင်း
3. ဆင်
4. ကျား
5. မျောက်
6. ကုမ္မာရီး
7. ကုမ္ဘမ် ဘီလူး
8. ကြက်တူရွေး
9. ငှက်ရုပ်
10. ဂဠုန်
11. နဂါး
12. ဇော်ဂျီ
13. သူဌေး
14. စုန်းမ
15. နတ်ရုပ်ပြသကြားမင်း
16. သူငယ်တော်ရုပ်
17. ရှင်ဘုရင်
18. ရွှေနန်းဆက်မိဖုရား
19. မင်းသားလတ်
20. မင်းသားနု
21. မင်းသမီး
22. သံချိုလက်စွဲ
23. သံပျက်လက်စွဲ
24. မင်းကြီးသက်တော်ရှည်
25. ရွှေတိုက်ဝန်
26. ၀န်ထောက်
27. မြို့ တော်ဝန်
28. ပုဏ္ဏားရုပ် တို့ဖြစ်ပါသည်။ ရုပ်သးကပြရာတွင် သာသနာ၊ ဘာသာ၊ ရာဇာ မထိခိုက်ရဟု စည်းမျဉ်းရှိ ပါသည်။

http://www.facebook.com/l/bAQASCG3TAQCKFUEzCuLXcoGV_pajhUeoDQOWwSymzIgO6w/ramonnya.ning.com/profiles/blogs/4777026:BlogPost:814 ဆိုဒ်မှကူးလာပါသည်

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment