Sunday, 10 July 2011

ညောင်ပင်ကြီးနှယ်ကျင့်စဖွယ်

ညောင်ပင်ကြီးနှယ်ကျင့်စဖွယ် ကျောင်းတော်ခရီး ၊ လမ်းမကြီး၌ ၊ ပင်ထီးပညောင် ၊ မြစ်တစ်ထောင်နှင့် ၊ မြားမြောင်ခက်လက်၊  ရွက်လည်းစိပ်စိပ် ၊ စေ့စေ့သိပ်လျက် ၊ ရိပ်လည်းမြိုင်မြိုင် ၊ လေမနိုင်လျှင် ၊ ပွင့်ခိုင်သီးမှည့် ၊ အပြည့်ကျေးငှက် ၊ စားလျက်သောင်းသဲ ၊ မှီဝဲလူဗိုလ် ၊ ရိပ်ခိုအများ ၊ ခရီးသွားတို့ ၊ နေနားပျော်ရွှင် ၊ ထိုသစ်ပင်ကား ၊ ၀င်လာသသူ ၊ ခပ်သိမ်းလူကို ၊ ဆာပူငြိမ်းအောင် ၊ စီးပွားဆောင်သို့ ၊ လူ့ ဘောင်ကောင်းကြွယ် ၊ လူကုံကယ်လည်း ၊  ထိုနှယ်လည်းကောင်း ၊ ဖြစ် တုံရှောင်း၍ ၊ မျိုးပေါင်းဆွေဝါး ၊ လူအများကို ၊ သနားကြင်နာ ၊ စီးပွားရှာ၍ ၊ မေတ္တာမကင်း ၊ မစခြင်းဖြင့် ။  ။ ထံရင်းမှီကိုးကွယ်စေမင်း ။   (စကြိုသူမြတ်)
Thida Aung 11 July 00:44
ညောင်ပင်ကြီးနှယ်ကျင့်စဖွယ်
ကျောင်းတော်ခရီး ၊ လမ်းမကြီး၌ ၊ ပင်ထီးပညောင် ၊ မြစ်တစ်ထောင်နှင့် ၊ မြားမြောင်ခက်လက်၊
ရွက်လည်းစိပ်စိပ် ၊ စေ့စေ့သိပ်လျက် ၊ ရိပ်လည်းမြိုင်မြိုင် ၊ လေမနိုင်လျှင် ၊ ပွင့်ခိုင်သီးမှည့် ၊ အပြည့်ကျေးငှက် ၊ စားလျက်သောင်းသဲ ၊ မှီဝဲလူဗိုလ် ၊ ရိပ်ခိုအများ ၊ ခရီးသွားတို့ ၊ နေနားပျော်ရွှင် ၊ ထိုသစ်ပင်ကား ၊ ၀င်လာသသူ ၊ ခပ်သိမ်းလူကို ၊ ဆာပူငြိမ်းအောင် ၊ စီးပွားဆောင်သို့ ၊ လူ့ ဘောင်ကောင်းကြွယ် ၊ လူကုံကယ်လည်း ၊ ထိုနှယ်လည်းကောင်း ၊ ဖြစ်
တုံရှောင်း၍ ၊ မျိုးပေါင်းဆွေဝါး ၊ လူအများကို ၊ သနားကြင်နာ ၊ စီးပွားရှာ၍ ၊ မေတ္တာမကင်း ၊ မစခြင်းဖြင့် ။ ။ ထံရင်းမှီကိုးကွယ်စေမင်း ။
(စကြိုသူမြတ်)


No comments:

Post a Comment