ရတနာသူ
ဝန်းရစ်သွေးဥ၊ စည်းစုယှက်လည်၊ နီထွေးအိစို၊ အို … ပတ္တမြား၊ ပါးနှစ်ဖက်မှာ ရတနာ။
ရှက်ဟန်ပြုံးပြ၊ ခဏလေးရယ်၊ ဖြူသွယ်ပုလဲ၊ ပါးစပ်ထဲမှာ ရတနာ … ။
ရွှန်းရွှန်းလဲ့ကြည်၊ အရည်လည်ကာ၊ မဟူရာနက်၊ မျက်ဝန်းထဲမှာ ရတနာ … ။
အမြင်ရခက်၊ ကွယ်ဝှက်သိမ်းထား၊ နှလုံးသားက၊ လှည့်စားသွေတိမ်း၊ စိမ်းသည့်မြခဲ၊ သူ့ရင်ထဲမှာ ရတနာ … ။
မောင်စိန်ဝင်း (ပုတီးကုန်း) |
No comments:
Post a Comment