Sunday, 24 July 2011

အဆုံးမဲ့ မျှော်လင့်ခြင်း

အဆုံးမဲ့ မျှော်လင့်ခြင်း   ဘယ်လောက်ပဲဝေးဝေး ဘာတွေခြားထားထား ငါ့ရင်မှာချိတ်ဆွဲထားတဲ့ သစ္စာတရားဆိုတဲ့ဆိုင်းဘုတ်က အရောင်တွေပြယ်လွင့်မသွားဘူး……… တနေ့နေ့ဆိုတာကိုမျှော်တွေးရင်း ကောင်းကင်ကြီးကိုမော့မော့ကြည့်မိတဲ့အခါ အဆုံးမဲ့သွားမှာကို  ငါကြောက်မိပေမယ့်…. အလွမ်းတွေနဲ့အသက်ဆက် မျှော်လင့်ခြင်းတွေအားကိုးပြီး ငါ့ခြေလှမ်းတွေခရီးဆက်မယ် တိမ်တွေရဲ့ကကြိုးမလှပနိုင်ချိန် လေညှင်းရဲ့သံစဉ် ပြတ်တောက်နေချိန် ငါ့အလွမ်းတွေနဲ့ပဲ စခန်းသွားခဲ့တာ ရင်ခုန်သံအပိုင်းအစတွေတောင် တစ်ခန်းရပ်ခဲ့ပေမယ့် နင့်ရင်ခွင်ရှိရာမျှော်မှန်းပြီး…. တမ်းတခြင်းတေးသွားတွေကို ငါ… ချိုမြိန်စွာတီးခတ်နေဆဲပါပဲချစ်သူရယ်………….   လွမ်းနောင်
Ka Yin Lay 24 July 23:38
အဆုံးမဲ့ မျှော်လင့်ခြင်း

ဘယ်လောက်ပဲဝေးဝေး
ဘာတွေခြားထားထား
ငါ့ရင်မှာချိတ်ဆွဲထားတဲ့
သစ္စာတရားဆိုတဲ့ဆိုင်းဘုတ်က
အရောင်တွေပြယ်လွင့်မသွားဘူး………
တနေ့နေ့ဆိုတာကိုမျှော်တွေးရင်း
ကောင်းကင်ကြီးကိုမော့မော့ကြည့်မိတဲ့အခါ
အဆုံးမဲ့သွားမှာကို
ငါကြောက်မိပေမယ့်….
အလွမ်းတွေနဲ့အသက်ဆက်
မျှော်လင့်ခြင်းတွေအားကိုးပြီး
ငါ့ခြေလှမ်းတွေခရီးဆက်မယ်
တိမ်တွေရဲ့ကကြိုးမလှပနိုင်ချိန်
လေညှင်းရဲ့သံစဉ် ပြတ်တောက်နေချိန်
ငါ့အလွမ်းတွေနဲ့ပဲ စခန်းသွားခဲ့တာ
ရင်ခုန်သံအပိုင်းအစတွေတောင်
တစ်ခန်းရပ်ခဲ့ပေမယ့်
နင့်ရင်ခွင်ရှိရာမျှော်မှန်းပြီး….
တမ်းတခြင်းတေးသွားတွေကို
ငါ…
ချိုမြိန်စွာတီးခတ်နေဆဲပါပဲချစ်သူရယ်………….

လွမ်းနောင်


No comments:

Post a Comment