Saturday, 16 July 2011

နှင်းဆီငိုတဲ့နေ့

created the doc: "နှင်းဆီငိုတဲ့နေ့"
Ye Thurein Min created the doc: "နှင်းဆီငိုတဲ့နေ့"

ရီဝေအကြည့်မှာ

လိပ်ပြာတကောင်လို

လွင့်မျောနေရင်း

ငါဟာနင်ဖြစ်သွားတယ်။

ငါ့ရှေ.မှာရှိနေတာငါ

နင်မဟုတ်ဘူး

နင်ဟာငါ့ဝိညာဉ်

ငါဟာနင်၊ နင်ဟာငါ။

နင်နဲ့ငါ့အတွက်

ပန်းတွေပွင့်တယ်

စမ်းတွေစီးတယ်

ဌက်တွေလဲတေးသီတယ်။

ဝီစကီ တကျိုက်

ဆေးတရှိုက်လို

ငါ့ရင်ကိုထိခြဲ့ပီ

ဒီနေ့

နှင်းဆီငိုတဲ့နေ့။

ရဲသူရိန်မင်း

16.07.2011

GMT 20:48

http://www.facebook.com/media/set/?set=a.2249346552341.2135688.1208531261

မမိုးသူ ရဲ့ဓာတ်ပုံတွေ ကြည့်မိရာမှ နှင်းဆီပွင့်ဖတ်လေးတွေ ကြွေနေတာမြင်ပီး ၊ ရေးချင်စိတ်ပေါက်လာတာနဲ့ ရေးချလိုက်တာပါ။



No comments:

Post a Comment