Sunday, 17 July 2011

မျက်ရည်ခေတ်

မျက်ရည်ခေတ်  အဲဒီခေတ်အကြောင်းပြောရရင် ကျွန်တော် အမြဲ ငိုရတယ် နှစ်ဖက်ရှိရင်လဲ တစ်ဖက်ကို သတ်တယ် လေး ငါးဖက် ရှိရင်လဲ အဲဒီ တစ်ဖက်ကိုပဲ သတ်တယ် အဲဒီ ခေတ် က တစ်ဖတ်သတ် ခေတ်။ ပိုပြီး ဝမ်းနည်းစရာ ကောင်းတာက အသတ် ခံရတဲ့ဖက်က ကျွန်တော်တို့ဖက်ခြမ်း အလှမ်းဝေးရင်လဲ ဝေးမြဲဝေးတော့ နီးနေရင်လဲ ထပ်ပြီး မဝေးတော့တဲ့ ခေတ် ကွာဟမှု အပြင်းထန်ဆုံး ခေတ်။ ညစ်ကျယ်ကျယ် စိတ်ဓါတ်တွေနဲ့ လမ်းမကြီးတွေ မဲနက် မှောင်မိုက်နေတဲ့ခေတ် စိတ်မကောင်းစဂရာ . အဲဒီ ခေတ်ဟာ ကန်းနေရှာတယ်လေ..။ သစ္စာတရားဟာ အဲဒီ ခေတ်မှာ ဈေးအပေါဆုံး ထုတ်ကုန်တစ်ခု အခုပဲကြည့် ပလက်ဖောင်းပေါ်မှာ သစ္စာတွေ ဆိုတာ …. ပြန့်ကျဲ လို့.. အဲဒီ ခေတ်မှာ သစ္စာက အပယ်ခံ။ အသံတွေ အားလုံးဟာ ခြောက်ခြားနေတယ် လှုပ်ရှားမှုတိုင်းဟာ ကြီးကြီးမားမားကို မှားနေတယ် မျက်လုံးအကြည့်တိုင်းဟာ သွေးပျက်နေတယ် ဘယ်သူ့ကိုမှ ဘယ်သူကမှ နောက်ကျော မလုံကြတော့တဲ့ ခေတ်.။ ပါးပေါ် စီးကျနေတဲ့ မျက်ရည် မခြောက်သေးခင် ကျွန်တော် တစ်ခု ထပ်ပြောဦးမယ်..   အဲဒီခေတ်မှာ…. မျက်ကန်းက အစ တစ္ဆေကြောက်တယ်။   ထွက်ပေါက် (ကဗျာမုဆိုး)
Ka Yin Lay 18 July 00:04
မျက်ရည်ခေတ်

အဲဒီခေတ်အကြောင်းပြောရရင်
ကျွန်တော် အမြဲ ငိုရတယ်
နှစ်ဖက်ရှိရင်လဲ တစ်ဖက်ကို သတ်တယ်
လေး ငါးဖက် ရှိရင်လဲ အဲဒီ တစ်ဖက်ကိုပဲ သတ်တယ်
အဲဒီ ခေတ် က တစ်ဖတ်သတ် ခေတ်။
ပိုပြီး ဝမ်းနည်းစရာ ကောင်းတာက
အသတ် ခံရတဲ့ဖက်က ကျွန်တော်တို့ဖက်ခြမ်း
အလှမ်းဝေးရင်လဲ ဝေးမြဲဝေးတော့
နီးနေရင်လဲ ထပ်ပြီး မဝေးတော့တဲ့ ခေတ်
ကွာဟမှု အပြင်းထန်ဆုံး ခေတ်။
ညစ်ကျယ်ကျယ် စိတ်ဓါတ်တွေနဲ့
လမ်းမကြီးတွေ မဲနက် မှောင်မိုက်နေတဲ့ခေတ်
စိတ်မကောင်းစဂရာ . အဲဒီ ခေတ်ဟာ ကန်းနေရှာတယ်လေ..။
သစ္စာတရားဟာ အဲဒီ ခေတ်မှာ
ဈေးအပေါဆုံး ထုတ်ကုန်တစ်ခု
အခုပဲကြည့် ပလက်ဖောင်းပေါ်မှာ
သစ္စာတွေ ဆိုတာ …. ပြန့်ကျဲ လို့..
အဲဒီ ခေတ်မှာ သစ္စာက အပယ်ခံ။
အသံတွေ အားလုံးဟာ ခြောက်ခြားနေတယ်
လှုပ်ရှားမှုတိုင်းဟာ ကြီးကြီးမားမားကို မှားနေတယ်
မျက်လုံးအကြည့်တိုင်းဟာ သွေးပျက်နေတယ်
ဘယ်သူ့ကိုမှ ဘယ်သူကမှ နောက်ကျော မလုံကြတော့တဲ့ ခေတ်.။
ပါးပေါ် စီးကျနေတဲ့ မျက်ရည် မခြောက်သေးခင်
ကျွန်တော် တစ်ခု ထပ်ပြောဦးမယ်..

အဲဒီခေတ်မှာ….
မျက်ကန်းက အစ တစ္ဆေကြောက်တယ်။

ထွက်ပေါက် (ကဗျာမုဆိုး)


No comments:

Post a Comment