Tuesday, 19 July 2011

ပင်လုံစာချုပ် (၁၉၄၇)

created the doc: "ပင်လုံစာချုပ် (၁၉၄၇)"
Thaw Zin created the doc: "ပင်လုံစာချုပ် (၁၉၄၇)"

ပင်လုံစာချုပ် (၁၉၄၇)

မြန်မာပြည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ ဝန်ကြီးအချို့နှ င့် စော်ဘွားအားလုံးတို့အပြင် ရှ မ်းပြည်၊ ကချင် တောင်တန်းဒေသများနှ င့် ချင်းတောင်တန်း ဒေသများမှ ကိုယ်စားလှ ယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီး၌ကြားဖြတ် မြန်မာအစိုးရနှ င့် ချက်ချင်း ပူးပေါင်းလိုက်ခြင်းအားဖြင့် ရှ မ်း၊ ကချင်နှ င့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျှင်မြန်စွာ ရရှိ

လိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်တို့က ယုံကြည်ကြသည့်အတိုင်း တညီတညွှတ်တည်း အောက်ပါအတိုင်း သဘောတူညီကြသည်။

၁။ တောင်တန်းသားများကိစ္စနှ င့် ပတ်သက်၍ ဆောင်ရွက်ရန် တောင်ပေါ်သားများ ညီညွတ်ရေး ဦးစီးအဖွဲ့မှ ကိုယ်စားလှ ယ်များက ထောက်ခံသည့် ကိုယ်စားလှ ယ် တဦးကို ဘုရင်ခံက ရွေးချယ်၍ ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ်ခန့်ထားရမည်။

၂။ ထိုအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် ဌာနလက်ကိုင်မရှိ ဝန်ကြီးအဖြစ်လည်း ခန့်ထားရမည်။

ကာကွယ်ရေးနှ င့် နိုင်ငံခြားရေးနည်းတူ တောင်တန်းဒေသရေးရာ ဌာနကိုလည်း ဥပဒေဖြင့် ပြဋ္ဌာန်း၍ အမှုဆောင် ကောင်စီ အောက်၌ထားရှိရမည်။ ထိုတောင်တန်း ဒေသဆိုင်ရာ အတိုင်ပင်ခံဝန်ကြီးအား အလားတူ နည်းအတိုင်း အုပ်ချုပ်ခွင့် အာဏာများကို အပ်နှ င်းရမည်။

၃။ အဆိုပါ အတိုင်ပင်ခံဝန်ကြီးအား ကူညီရန်အတွက် ၎င်းနှ င့် လူမျိုးချင်းတူမဟုတ်သည့် အခြား တောင်တန်းသားများအားကိုယ်စားပြုသော တွဲဘက် အတိုင်ပင်ခံနှ စ်ဦး ရှိရမည်။ ထို အတိုင်ပင်ခံ ပုဂ္ဂိုလ်နှ စ်ဦးသည် ပထမဦးစွာ မိမိတို့၏ ဆိုင်ရာ နယ်ပယ်ရေးရာများကို စီမံခန့်ခွဲ ဆောင်ရွက်ရမည်။ အတိုင်ပင်ခံ ဝန်ကြီးမှာမူ ကျန်ရှိသည့် အခြားသော တောင်တန်း ဒေသ ရေးရာများကို စီမံခန့်ခွဲဆောင်ရွက်ရမည်။ ယင်းပုဂ္ဂိုလ် သုံးဦးတို့သည် အခြေခံ ဥပဒေက ပြဋ္ဌာန်းသည့်အတိုင်း စုပေါင်း တာဝန်ယူ လုပ်ကိုင်ရမည်။

၎။ အတိုင်ပင်ခံ ဝန်ကြီးသည် အမှုဆောင်ကောင်စီ အဖွဲ့ဝင်အနေဖြင့် ကောင်စီတွင် တောင်တန်း ဒေသများ၏ တဦးတည်းသော ကိုယ်စားလှ ယ် ဖြစ်သော်လည်း တောင်တန်းဒေသ ကိစ္စများကို ဆွေးနွေးသောအခါ တွဲဘက် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှ စ်ဦးသည်ကောင်စီ အစည်းအဝေးသို့ တက်ရောက် နိုင်ခွင့်ရှိရမည်။

၅။ အထက်ပါ သဘောတူညီချက်အရ ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ်သော်လည်း တောင်တန်းဒေသများ၏နယ်တွင်း အုပ်ချုပ်ရေးတွင် ယခုရရှိ ခံစားလျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေး ဆုံးပါးရန်ု မည်သည့် ဒေသတွင်မဆို လုံးဝ ပြုမှုလိမ့်မည်မဟုတ်။ တောင်တန်းဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝရှိကြောင်း မှုအားဖြင့် လက်ခံသည် ။

၆။ မြန်မာ ပြည်ထောင်စုအတွင်း ကချင်ပြည်နယ်အတွက် နယ်ခြားသတ်မှ တ်ရေးနှ င့် ကချင်ပြည်နယ် တည်ထောင်ရေးကိုတိုင်းပြုပြည်ပြု လွှတ်တော်သို့ တင်ပြဆုံးဖြတ်စေရမည် ဖြစ်သော်လည်း ထိုကဲ့သို့သော ပြည်နယ်မှာ လိုအပ်သည်ဟု သဘောတူ လက်ခံကြသည်။ ဤရည်ရွယ်ချက်ကို ပထမဆင့် အကောင်အထည် ဖော်သည့်အနေဖြင့် ၁၉၃၅ ခုနှ စ် မြန်မာနိုင်ငံတော်အစိုးရ အက်ဥပဒေအရအပိုင်း (၂) ခြွင်းချန် ဒေသများကို အုပ်ချုပ်သည့်နည်းတူ မြစ်ကြီးနားနှ င့် ဗန်းမော်ခရိုင် အတွင်းရှိ ဒေသများ အုပ်ချုပ်ရေးနှ င့် ပတ်သက်၍

လည်း တောင်တန်းဒေသ အတိုင်ပင်ခံ ဝန်ကြီးနှ င့် တွဲဘက် အတိုင်ပင်ခံတို့ကို တိုင်ပင်ဆွေးနွေးရမည်။

၇။ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံများ အခွင့်အရေးများနှ င့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်။

၈။ ဤစာချုပ်ပါ အစီအစဉ်များသည် ရှ မ်းပြည်နယ်တွင် ယခု ကျင့်သုံးခွင့်ပြုထားသော ဘဏ္ဍာရေး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကိုမည်သို့မှ ထိခိုက်ခြင်း မရှိစေရ။

၉။ ဤစာချုပ်ပါ အစီအစဉ်များသည် မြန်မာပြည်၏ အခွန်ဘဏ္ဍာများထဲမှ ကချင်တောင်တန်း ဒေသနှ င့် ချင်းတောင်တန်းဒေသတို့က ရပိုင်ခွင့်ရှိသော ဘဏ္ဍာရေး အကူအညီအား မည်သို့မျှ ထိခိုက်ခြင်း မရှိစေရ၊ ထို့ပြင် ရှ မ်းပြည်နယ်နှ င့် မြန်မာပြည်တို့၏ဘဏ္ဍာရေး စီစဉ်ဆက်သွယ်မှုများကဲ့သို့ အလားတူ ဘဏ္ဍာရေး စီစဉ် ဆက်သွယ်မှုများကို လက်တွေ့ကျင့်သုံးနိုင်ခြင်း ရှိ မရှိ အမှုဆောင်ကောင်စီသည် တောင်တန်းဒေသ အတိုင်ပင်ခံဝန်ကြီး၊ တွဲဘက် အတိုင်ပင်ခံများနှ င့်အတူ စူးစမ်း လေ့လာမည်။

မြန်မာနိုင်ငံတော်အစိုးရ

(ပုံ)

အောင်ဆန်း

၁၂-၂-၄၇

ကချင်ကော်မတီ

(ပုံ) (ပုံ) (ပုံ) (ပုံ) (ပုံ)

ဆမားဒူးဝါးဆင်ဝါးနောင် မြစ်ကြီးနား ဇော်ရစ် မြစ်ကြီးနား ဇော်လ ဗန်းမော် ဇော်လွန်း ဗန်းမော် လဗန်းဂရောင်း ဗန်းမော်

ချင်းကော်မတီ

(ပုံ) (ပုံ) (ပုံ)

ဦးလွှာမှုန်း အေတီအမ်။ အိုင်တီအက်(စ်)အမ်၊ ဖလမ်း။ ဦးသောင်ဇာခပ် အေတီအမ်၊ တီးတိန်။ ဦးကွယ်မန်း အေတီအမ်၊ ဟားခါး။

ရှမ်းကော်မတီ

(ပုံ) (ပုံ) (ပုံ) (ပုံ)

ခွန်ပန်းစိန် တောင်ပိုင်းစပ်ဖလုံ စပ်ရွှေသိုက် ညောင်ရွှေစပ်ဖလုံ စပ်ဟုံဖ မြောက်ပိုင်းသိန္နီစပ်ဖလုံ စပ်နွံ လဲချားစပ်ဖလုံ

(ပုံ) (ပုံ) (ပုံ)

စပ်စံထွန်း မိုင်းပွန်စပ်ဖလုံ စပ်ထန်းအေး သာမိုင်းခမ်းစပ်ဖလုံ ဦးဖြူ သထုံစပ်ဖလုံ၏ ကိုယ်စားလှ ယ်

(ပုံ) (ပုံ) (ပုံ) (ပုံ) (ပုံ) (ပုံ) (ပုံ)

ခွန်းဖုံး မြောက်ပိုင်းသိန္နီ ဦးတင်ဧ ဦးထွန်းမြင့် ဦးကြာပု ဦးခွန်စော စပ်ရစ်ဖ ဦးခွန်



No comments:

Post a Comment