Wednesday, 20 July 2011

ငါ ငါ့ မှာလည်း ငါ ၊ သူ့ မှာ ငါနှင့် ငါ့ ငါ သူ...

ငါ  ငါ့ မှာလည်း ငါ ၊ သူ့ မှာ ငါနှင့် ငါ့ ငါ သူ့ ငါ ၊ တွေ့ ကြခါဝယ် ငါ နှင့် ငါ ချင်း ၊ ငါ စစ်ခင်းလျက် ပူပြင်းလျှံရဲ ငါ ပေါက်ကွဲ၏ ။  ငါ ဒုက္ခပေး ၊ ငါ မအေး၍ ငါ အေးရကြောင်း ၊ ခွင့်ခါ ချောင်းလျက် ငါကောင်းကို ရှာ ၊ ငါဆိုး ခွာသော် ကွာလေသည် သို့ ၊ ဖြစ်သမြို့ လည်း ခေါင်းလျှို့ ကိုယ့်ခွေ ၊ ပခြုပ်ဗွေ၌ ငန်းမြွေ မခြား ၊ နှဲသံ ကြားလျှင် ပါးပျဉ်း ထောင်လျက် ငါသည်ထွက်၏ ။  အို – ဖွားဖက် ငါ ၊ အသင် ငါနှင့် ငါ မလျှော့တမ်း ၊ အားအင် စမ်းအံ့ ။ အစွမ်း သာသူ ၊ ပန်းဆွတ်ယူလိမ့် ။ ငါမူ ငါ့ကို အောင်မည်လော။ ။ ငါ့ကို ငါက အောင်မည်လော။ ။  မင်းသုဝဏ် မတ်လ၊ ၁၉၈၂။ ရှုမဝ မဂ္ဂဇင်းမှ
Ka Yin Lay 20 July 23:43
ငါ

ငါ့ မှာလည်း ငါ ၊ သူ့ မှာ ငါနှင့်
ငါ့ ငါ သူ့ ငါ ၊ တွေ့ ကြခါဝယ်
ငါ နှင့် ငါ ချင်း ၊ ငါ စစ်ခင်းလျက်
ပူပြင်းလျှံရဲ ငါ ပေါက်ကွဲ၏ ။

ငါ ဒုက္ခပေး ၊ ငါ မအေး၍
ငါ အေးရကြောင်း ၊ ခွင့်ခါ ချောင်းလျက်
ငါကောင်းကို ရှာ ၊ ငါဆိုး ခွာသော်
ကွာလေသည် သို့ ၊ ဖြစ်သမြို့ လည်း
ခေါင်းလျှို့ ကိုယ့်ခွေ ၊ ပခြုပ်ဗွေ၌
ငန်းမြွေ မခြား ၊ နှဲသံ ကြားလျှင်
ပါးပျဉ်း ထောင်လျက် ငါသည်ထွက်၏ ။

အို – ဖွားဖက် ငါ ၊ အသင် ငါနှင့်
ငါ မလျှော့တမ်း ၊ အားအင် စမ်းအံ့ ။
အစွမ်း သာသူ ၊ ပန်းဆွတ်ယူလိမ့် ။
ငါမူ ငါ့ကို အောင်မည်လော။ ။
ငါ့ကို ငါက အောင်မည်လော။ ။

မင်းသုဝဏ်
မတ်လ၊ ၁၉၈၂။
ရှုမဝ မဂ္ဂဇင်းမှ


No comments:

Post a Comment