Saturday, 9 July 2011

အသိပညာအစ ဂျီသြမေတြီက ၊ ဂျီသြမေတြီ အစသေးလ်က "

အသိပညာအစ ဂျီသြမေတြီက ၊ ဂျီသြမေတြီ အစသေးလ်က "   ဒီဆိုရိုးလေးကို သင်္ချာံညီလာခံမှာ အဆိုပြုခဲ့ ကြသလို ရူပဗေဒ ပညာရှင် တွေကလက်ခံပေးခဲ့ ကြပါတယ်။ တကယ်တော့ဒီ အဆိုကို လက်မခံတာ ကသမိုင်းပညာရှင်တွေပါ။ ဘီစီ ၅ ရာစု တုန်းက ဂရိအမျိုးသား သမိုင်းပညာရှင် ဟီရော့ဒတ္ထ က ၁၃၀၀ ဘီစီ က ဒုတိယ ရမ္မဆီး ဘုရင်ကြီး က လယ်မြေတွေကို ထောင့်မှန်စတုဂံပုံဖြစ်အောင် ပိုင်းပြီး အခွန်ကောက်ခဲ့တာပါတဲ့။ နိုင်းမြစ်ရေတက်ပြီး ရေပြန်ကျချိန်မြေပြန်တိုင်းပေးရတဲ့ မြေတိုင်းစာရေးတွေက စခဲ့တာပါလို့ပြောပါတယ်။  ဂျွန် စဉ်းစားကြည့်တယ် အဲဒီ အချိန်အီဂျစ်တွေ မျည်းတံ နှင့် ကွန်ပါပဲ သုံးပြီး ဥဿုံညီ သတ္တဂံ ကို ( သဘောတရားအရ လုံးဝ ဆွဲလို့ မရပါ) ဆွဲပေးခဲ့ ကြပါတယ်။ ဂျွန်တို့စီမှာတော့ ဥက္ကလာပမင်းကြီးတို့ သကြားပေးတဲ့ ရွှေကြိမ်စင်္ကြာံတို့နဲ့ ဟိုယောင်ယောင်ဒီယောင်ယောင်ဖြစ်နေချိန် ပေါ့။ အပေါ်မှာ ပြောခဲ့တဲ့ သေးလ် ကို ဒသနိက ကျောင်းသားတွေ ကအသေအချာသိသလို သင်္ချာံ သမားတွေကလည်း အထင်ကြီးစဲပါ။ ၅၈၅ ဘီစီ ခုနှစ် ၊ မေလ ၂၈ ရက်နေ့မှာနေကြတ်မှာကို အသေအချာပြောရဲတဲ့ သေးလ်ကို အုတ်အော်သောင်းနင်း ချီးကျူးခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်း သမိုင်းပညာရှင်တွေက ဒီ တွက်နည်းကို ဘေဘီလုံတွေဆီကနေ သူသင်လာတယ်လို့ ဆိုကြပါတယ်။ သေးလ်ရဲ့ သင်္ချာံဝိသေသလက္ခဏာ ၅ခုကိုတော့ ဘယ်သူမှာ အခုအချိန်အထိ မဆန့်ကျင်ရဲ ကြသလို ၊ တုတ်ကလေး တစ်ချောင်းကို သုံးပြီး ပိရိမစ်တွေရဲ့ အမြင့်ကို တွက်ပြရဲတဲ့ စွမ်းရည်ကိုလည်း အခုအချိန် အထိလေးစားခဲ့ကြပါတယ်။ သေးလ်ရဲ့ မျဉ်းကြောင်းလေးများလှို့ဝှက်ချက်နဲ့ အချိုးတူ သီအိုရီ က ယနေ့ ကမ္ဘာကြီး ရဲ့ သိပ္ပံနည်းပညာကို အုပ်မြစ်ချပေးခဲ့တာပါ။ သံကို ရွေ့စေတဲ့ အတွက် သံလိုက်မှာဝိညာဉ်ရှိတယ်ဆိုတဲ့ အယူအဆကြောင့် ထာဝရဘုရားသခင် ကအရာဝထ္ထုတိုင်းကို ၀ညာဉ် တွေနဲ့ ဖန်ဆင်းတယ်ဆိုတဲ့ အယူအဆကို ခြေဖျက်ပေးခဲ့ပါတယ်။သူ့ရဲ့ အအောင်မြင်ဆုံးအလုပ်( ဂျွန့် အမြင် အရပါ)  ကတော့ ပိုက်သာဂိုရ ဆိုတဲ့ တပည့်ကောင်းတစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တာပါပဲ။
John Yoharmar 10 July 00:19
အသိပညာအစ ဂျီသြမေတြီက ၊ ဂျီသြမေတြီ အစသေးလ်က "

ဒီဆိုရိုးလေးကို သင်္ချာံညီလာခံမှာ အဆိုပြုခဲ့ ကြသလို ရူပဗေဒ ပညာရှင် တွေကလက်ခံပေးခဲ့ ကြပါတယ်။ တကယ်တော့ဒီ အဆိုကို လက်မခံတာ ကသမိုင်းပညာရှင်တွေပါ။ ဘီစီ ၅ ရာစု တုန်းက ဂရိအမျိုးသား သမိုင်းပညာရှင် ဟီရော့ဒတ္ထ က ၁၃၀၀ ဘီစီ က ဒုတိယ ရမ္မဆီး ဘုရင်ကြီး က လယ်မြေတွေကို ထောင့်မှန်စတုဂံပုံဖြစ်အောင် ပိုင်းပြီး အခွန်ကောက်ခဲ့တာပါတဲ့။ နိုင်းမြစ်ရေတက်ပြီး ရေပြန်ကျချိန်မြေပြန်တိုင်းပေးရတဲ့ မြေတိုင်းစာရေးတွေက စခဲ့တာပါလို့ပြောပါတယ်။ ဂျွန် စဉ်းစားကြည့်တယ် အဲဒီ အချိန်အီဂျစ်တွေ မျည်းတံ နှင့် ကွန်ပါပဲ သုံးပြီး ဥဿုံညီ သတ္တဂံ ကို ( သဘောတရားအရ လုံးဝ ဆွဲလို့ မရပါ) ဆွဲပေးခဲ့ ကြပါတယ်။ ဂျွန်တို့စီမှာတော့ ဥက္ကလာပမင်းကြီးတို့ သကြားပေးတဲ့ ရွှေကြိမ်စင်္ကြာံတို့နဲ့ ဟိုယောင်ယောင်ဒီယောင်ယောင်ဖြစ်နေချိန် ပေါ့။ အပေါ်မှာ ပြောခဲ့တဲ့ သေးလ် ကို ဒသနိက ကျောင်းသားတွေ ကအသေအချာသိသလို သင်္ချာံ သမားတွေကလည်း အထင်ကြီးစဲပါ။ ၅၈၅ ဘီစီ ခုနှစ် ၊ မေလ ၂၈ ရက်နေ့မှာနေကြတ်မှာကို အသေအချာပြောရဲတဲ့ သေးလ်ကို အုတ်အော်သောင်းနင်း ချီးကျူးခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်း သမိုင်းပညာရှင်တွေက ဒီ တွက်နည်းကို ဘေဘီလုံတွေဆီကနေ သူသင်လာတယ်လို့ ဆိုကြပါတယ်။ သေးလ်ရဲ့ သင်္ချာံဝိသေသလက္ခဏာ ၅ခုကိုတော့ ဘယ်သူမှာ အခုအချိန်အထိ မဆန့်ကျင်ရဲ ကြသလို ၊ တုတ်ကလေး တစ်ချောင်းကို သုံးပြီး ပိရိမစ်တွေရဲ့ အမြင့်ကို တွက်ပြရဲတဲ့ စွမ်းရည်ကိုလည်း အခုအချိန် အထိလေးစားခဲ့ကြပါတယ်။ သေးလ်ရဲ့ မျဉ်းကြောင်းလေးများလှို့ဝှက်ချက်နဲ့ အချိုးတူ သီအိုရီ က ယနေ့ ကမ္ဘာကြီး ရဲ့ သိပ္ပံနည်းပညာကို အုပ်မြစ်ချပေးခဲ့တာပါ။ သံကို ရွေ့စေတဲ့ အတွက် သံလိုက်မှာဝိညာဉ်ရှိတယ်ဆိုတဲ့ အယူအဆကြောင့် ထာဝရဘုရားသခင် ကအရာဝထ္ထုတိုင်းကို ၀ညာဉ် တွေနဲ့ ဖန်ဆင်းတယ်ဆိုတဲ့ အယူအဆကို ခြေဖျက်ပေးခဲ့ပါတယ်။သူ့ရဲ့ အအောင်မြင်ဆုံးအလုပ်( ဂျွန့် အမြင် အရပါ) ကတော့ ပိုက်သာဂိုရ ဆိုတဲ့ တပည့်ကောင်းတစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တာပါပဲ။


No comments:

Post a Comment