 | ဖြစ်ရပ်မှန်ပဲ
တားမရခဲ့ဘူး (ဗလာ)
လမ်းမလျှောက်နိုင်တော့ဖို့ များတယ်
ဝမ်းနည်းစရာပဲ (ရုပ်သေး)
တစ်ခါတုန်းက..
.သောကြာကြယ်ဆိုတာလည်း
စာရွက်တွေ ပေါ်မှာ တဲ့ (ဇာတိ)
တစ်ယောက် က Freedom
တစ်ယောက်က From want ဆိုတော့ (ပီတိ)
ဘယ်နေရာမှာ ဘာဖြစ်ပြန်ပြီတဲ့
အဲဒီတော့...... (ဘုန်းသန့် ခန့် )
ငါတို့ ဟာ.......
လောကကြီးအတွက်စောက်ရေးမှ မပါခဲ့ပဲ (အဲရာဝေ)
တနင်္ဂနွေ နံ မီးရောင်အောက်မှာ
ငါတို့  ကြာကြာမနေနိုင်ခဲ့ကြဘူး (ညီစိမ်း)
အနှစ်(၂၀)
လျှောက်ခဲ့တဲ့ ခြေထောက်တွေ လို
ဖြစ်သင့်တာ မဖြစ်ခဲ့တဲ့ ဘ၀မှာ (မင်းလုလင်)
မနက်ဖြန်ကစပြီး........
မနက်ဖြန်ကစပြီး........
မနက်ဖြန်ကစပြီး........ (အမည်မဲ့)
အဲဒီညက တကယ်ပဲ
စံပယ်တွေကြွေကြပုံဆန်းခဲ့တယ် (ငဂျူလိုင်)
ကျွန်တော့် သူငယ်ချင်းတစ်ချို့ 
ယနေ့ ည မှာ တစ်ယောက်မှ ပါမလာဘူး (မောင်မိုးချို)
ဒီလထဲက တစ်ရက်ပေါ့
နာရီလက်တံက မီးသေသွားတယ် (နီလေး)
ဒီခရီးက မှားသွားခဲ့လို့ လား
ပြန်ချင်ရင်ရော အနီးလေးလား (အကယ်ဒမီ)
သေချာပါတယ်......
နောက်တစ်ခေါက် ငတ်စရာ
အ နု ပ ညာ ........ (လူကြီးမင်း)
ဥသြသံပေးလည်း မရတော့
တစ်ယောက်တစ်လမ်းလျှောက်ထွက်ကြ (ဆူးခက်မင်း)
ခဏစောင်းလည်း.....
ဘာဆို...ဘာမှ လုပ်လို့ မရတော့ဘူး ဂျိုး (ကြယ်ပန်းလူ)
မိုးမိထားတဲ့ အိမ်မက်တွေ လည်း
မလှတော့ဘူး............ (နေ့ သစ်)
လူစုကွဲသွားတာတွေ
လူသိရှင်ကြားတရားဝင်ဖြစ်သွားတာတွေ
လ ပ လ မ ......ဆိုတဲ့ဟာလည်း (သုဏော်စိုင်း)
အလင်းတွေ ပျောက်သွားတာ
အပွင့်တွေ ပျောက်သွားတာ
ဒီရာစုမှာ ရက်စွဲ (၈) က စ လို့  (မြူခိုး)
မိုးထပ်မရွာတော့ဘူး......
ကျေးဇူးပြုပြီး......... (အနော်မာ)
ဤသို့  ဤသို့ ဖြင့်.......လေသတည်း (နေကျယ်ဝန်း)
( ၈.၃.၂၀၁၁) နေ့ တွင် ဖျက်သိမ်းလိုက်သော လင်းပွင့်လက်များ အဖွဲ့ သို့ အမှတ်တရ
လင်းပွင့်လက်များအဖွဲ့ မှ ထုတ်ဝေခဲ့သော (ခြစ်ရာ.......၁၂၃၄ စသည်ဖြင့်) (UG) စာအုပ်မှ
ကဗျာများအား collage လုပ်ထားပါသည်။။။ ၈၃၁၁ by July Dreamrightwinter on Sunday, March 13, 2011 at 9:43am
ဖြစ်ရပ်မှန်ပဲ

ကဗျာများအား collage လုပ်ထားပါသည်။။။ |
No comments:
Post a Comment