Monday, 11 July 2011

ခြေရာ+မျှော်+ဝေဒနာ

ခြေရာ+မျှော်+ဝေဒနာ  ပုစဉ်းရင်ကွဲ အော်နေတယ် င့ါ ရင်ကွဲမှုက ဘယ်လိုသံစဉ်လဲ..။  လှိုင်းပုတ်လို့တောင် ကမ်းခြေမရောက်တဲ့ ဘ၀  မင်းခုတ်မောင်းရာ ဘူတာများ မဆိုက်ကပ်နိုင်ခဲ့တာမှား သလား အချစ်ရယ်………..  အသီးသီးဖို့နေနေသာသာ အပင် မပေါက်နိုင်တဲ့ ကောင်မှန်း သိသိကြီးနဲ့ ဘာကြောင့် ငါ့ကို ပျိုးခဲ့သလဲ..။  အခုသိလိုက်ရတာက ဝေဒနာဆိုတာ  အချစ်နဲ့ ပျော်ရွှင်မှုတို့နဲ့ အမျိုးမတော်ဘူးဆိုတာပဲ.။  ငါ့ နှလုံးသားကတော့ မင်းနောက်ထပ် နင်းမယ့် ခြေရာလေးတွေကို မျှော်လို့…။  အငွေ့
Ka Yin Lay 11 July 20:47
ခြေရာ+မျှော်+ဝေဒနာ

ပုစဉ်းရင်ကွဲ အော်နေတယ်
င့ါ ရင်ကွဲမှုက ဘယ်လိုသံစဉ်လဲ..။

လှိုင်းပုတ်လို့တောင်
ကမ်းခြေမရောက်တဲ့ ဘဝ
မင်းခုတ်မောင်းရာ
ဘူတာများ မဆိုက်ကပ်နိုင်ခဲ့တာမှား သလား
အချစ်ရယ်………..

အသီးသီးဖို့နေနေသာသာ
အပင် မပေါက်နိုင်တဲ့ ကောင်မှန်း
သိသိကြီးနဲ့ ဘာကြောင့် ငါ့ကို ပျိုးခဲ့သလဲ..။

အခုသိလိုက်ရတာက
ဝေဒနာဆိုတာ
အချစ်နဲ့ ပျော်ရွှင်မှုတို့နဲ့
အမျိုးမတော်ဘူးဆိုတာပဲ.။

ငါ့ နှလုံးသားကတော့
မင်းနောက်ထပ် နင်းမယ့်
ခြေရာလေးတွေကို မျှော်လို့…။

အငွေ့


No comments:

Post a Comment