Monday, 4 July 2011

ရေခြားမြေခြား

ရေခြားမြေခြား   တပ်မက်စိတ်ကြောင့် ပူလောင်ရတယ်အစား  အချစ်ကြောင့် လွမ်းဆွေးရတယ် ဆိုတော့  စကားလုံး ပိုလှသွားတယ် ။  သူ့အိပ်ရာထဲ သူအိပ်နေတဲ့ မိန်းကလေးကို  အဝေးကြီးကနေ မနက်စောစော လှမ်းနှိုးရတာ  ပျော်စရာကောင်းတဲ့ ကစားနည်းပေါ့  မြည်တွန်သံလေးက တစ်နေ့တာ ခွန်အားဖြစ်တယ် ။  အသက်ကလေးရလာတော့  လူကြားသူကြား ထင်ထင်ပေါ်ပေါ် မလွမ်းရဲလို့  ကြိုကြားကြိုကြား  သိုသိုဝှက်ဝှက်ကလေး လွမ်းရတာ  အလွမ်းကို ခွက်ပုန်းခုတ်နေရသလိုပဲ ။  လင်းဒီပ
Ka Yin Lay 05 July 00:46
ရေခြားမြေခြား

တပ်မက်စိတ်ကြောင့် ပူလောင်ရတယ်အစား
အချစ်ကြောင့် လွမ်းဆွေးရတယ် ဆိုတော့

စကားလုံး ပိုလှသွားတယ် ။

သူ့အိပ်ရာထဲ သူအိပ်နေတဲ့ မိန်းကလေးကို

အဝေးကြီးကနေ မနက်စောစော လှမ်းနှိုးရတာ

ပျော်စရာကောင်းတဲ့ ကစားနည်းပေါ့

မြည်တွန်သံလေးက တစ်နေ့တာ ခွန်အားဖြစ်တယ် ။

အသက်ကလေးရလာတော့

လူကြားသူကြား ထင်ထင်ပေါ်ပေါ် မလွမ်းရဲလို့

ကြိုကြားကြိုကြား

သိုသိုဝှက်ဝှက်ကလေး လွမ်းရတာ

အလွမ်းကို ခွက်ပုန်းခုတ်နေရသလိုပဲ ။

လင်းဒီပ


No comments:

Post a Comment