Saturday, 16 July 2011

ကမ္ဘာဟာ စစ်ကိုမလိုအပ်ဘူး

ကမ္ဘာဟာ စစ်ကိုမလိုအပ်ဘူး  ကမ္ဘာဟာ စစ်ကိုမလိုအပ်ဘူး  စစ်ဟာ ကမ္ဘာရဲ. ရင်သားအစုံကို ခြေမွဖျက်ဆီးတယ်  စစ်ဟာ အမှောင်မှာ တိတ်တဆိတ်ရပ်စောင့်နေတဲ့   ကြေးစား လူသတ်သမား  တစ်စုံတစ်ရာကို သွေးအေးအေးစောင့်ဆိုင်းနေတဲ့ကျိန်စာ  စစ်ယဉ်ကျေးမှုဟာ ကမ္ဘာဦးကတည်းက ထွန်းကားခဲ့တယ်  ကမ္ဘာဟာ စစ်ကို မလိုအပ်ဘဲ ရရနေတယ်  စစ်ဟာ ကမ္ဘာရဲ. နေရာအနှံ့၊ အရာရာ  စစ်မရောက်တဲ့အခါ မရှိဘူး  စစ်မရောက်တဲ့ကမ္ဘာ မရှိဘူး  စစ်ဟာ အရာရာကို သိမ်းသွင်းတယ်  ထိစပ်သမျှ  အရာရာကို စစ်ဟာ ကြမ်းတမ်းစေတယ်  သွေးစိမ်းရှင်ရှင်၊ ဒဏ်ရာနဲ့၊ အနာတရနဲ့  ကျားနာဟာ တောသုံးတောင် အော်ဟစ်မြည်တမ်းလို့  သွေးဆိပ်သင့်လို့  နို့နံ့တောင် မစင်သေးတဲ့  လူမမည်လေးရဲ. ခြေတစ်ဖက်ဟာ ပြတ်တောက်လို့  သူ့အနာဂတ်ကို ဘယ်မှာခွဲစိတ်ကုသရမလဲ  သူ့စိတ္တဇကို ဘယ်လိုခြေတုနဲ့ အစားထိုးမလဲ  (ဘုရားသခင်မှပဲ သိလိမ့်မယ်)  စစ်ဟာ အရာရာကို မီးလိုတိုက်စားတယ်  ကျိန်စာဟာ အရာရာကိုပြတ်ရှလို့  ကျည်ဆန်ဟာ ရန်ငြိုးရန်စ၊ အာဃာတနဲ့  အနိဌာရုံကို ကမ္ဘာဆီ သယ်ဆောင်လို့   ကမ္ဘာဟာ မလိုချင်လည်း ရရနေတယ်  သေကွဲတွေ၊ ရှင်ကွဲတွေ၊ အမှောင်မှာ တင်းတဲ့ကြိုးတွေနဲ့  မျက်ရည်  အို…ဘုရားသခင်  စစ်မရှိတဲ့အခါ ငါတို့ရဲ.ကမ္ဘာဟာ ငြိမ်းချမ်းမှာပါ  ကောင်းကင်မှာ   အလံဖြူတစ်ထောင် လွှင့်တင်ထားနိုင်မှာပါ  'ဇလာတာ'တို့ ပျော်ရွှင်နိုင်မှာပါ  အသေအချာ  စစ်ဟာ ကမ္ဘာကို လိုအပ်ပေမယ့်  ကမ္ဘာဟာ စစ်ကို မလိုအပ်ခဲ့ဘူး။ ။  ဘုန်းနေသွန်း   (မဟေသီ၊ သြဂုတ်၊ ၂၀၀၇ခုနှစ်)
Ka Yin Lay 16 July 21:20
ကမ္ဘာဟာ စစ်ကိုမလိုအပ်ဘူး

ကမ္ဘာဟာ စစ်ကိုမလိုအပ်ဘူး

စစ်ဟာ ကမ္ဘာရဲ. ရင်သားအစုံကို ခြေမွဖျက်ဆီးတယ်

စစ်ဟာ အမှောင်မှာ တိတ်တဆိတ်ရပ်စောင့်နေတဲ့

ကြေးစား လူသတ်သမား

တစ်စုံတစ်ရာကို သွေးအေးအေးစောင့်ဆိုင်းနေတဲ့ကျိန်စာ

စစ်ယဉ်ကျေးမှုဟာ ကမ္ဘာဦးကတည်းက ထွန်းကားခဲ့တယ်

ကမ္ဘာဟာ စစ်ကို မလိုအပ်ဘဲ ရရနေတယ်

စစ်ဟာ ကမ္ဘာရဲ. နေရာအနှံ့၊ အရာရာ

စစ်မရောက်တဲ့အခါ မရှိဘူး

စစ်မရောက်တဲ့ကမ္ဘာ မရှိဘူး

စစ်ဟာ အရာရာကို သိမ်းသွင်းတယ်

ထိစပ်သမျှ

အရာရာကို စစ်ဟာ ကြမ်းတမ်းစေတယ်

သွေးစိမ်းရှင်ရှင်၊ ဒဏ်ရာနဲ့၊ အနာတရနဲ့

ကျားနာဟာ တောသုံးတောင် အော်ဟစ်မြည်တမ်းလို့

သွေးဆိပ်သင့်လို့

နို့နံ့တောင် မစင်သေးတဲ့

လူမမည်လေးရဲ. ခြေတစ်ဖက်ဟာ ပြတ်တောက်လို့

သူ့အနာဂတ်ကို ဘယ်မှာခွဲစိတ်ကုသရမလဲ

သူ့စိတ္တဇကို ဘယ်လိုခြေတုနဲ့ အစားထိုးမလဲ

(ဘုရားသခင်မှပဲ သိလိမ့်မယ်)

စစ်ဟာ အရာရာကို မီးလိုတိုက်စားတယ်

ကျိန်စာဟာ အရာရာကိုပြတ်ရှလို့

ကျည်ဆန်ဟာ ရန်ငြိုးရန်စ၊ အာဃာတနဲ့

အနိဌာရုံကို ကမ္ဘာဆီ သယ်ဆောင်လို့

ကမ္ဘာဟာ မလိုချင်လည်း ရရနေတယ်

သေကွဲတွေ၊ ရှင်ကွဲတွေ၊ အမှောင်မှာ တင်းတဲ့ကြိုးတွေနဲ့

မျက်ရည်

အို…ဘုရားသခင်

စစ်မရှိတဲ့အခါ ငါတို့ရဲ.ကမ္ဘာဟာ ငြိမ်းချမ်းမှာပါ

ကောင်းကင်မှာ

အလံဖြူတစ်ထောင် လွှင့်တင်ထားနိုင်မှာပါ

'ဇလာတာ'တို့ ပျော်ရွှင်နိုင်မှာပါ

အသေအချာ

စစ်ဟာ ကမ္ဘာကို လိုအပ်ပေမယ့်

ကမ္ဘာဟာ စစ်ကို မလိုအပ်ခဲ့ဘူး။ ။

ဘုန်းနေသွန်း

(မဟေသီ၊ သြဂုတ်၊ ၂၀၀၇ခုနှစ်)


No comments:

Post a Comment