Wednesday, 6 July 2011

ဖမ်းပါ့ဖေလေး

ဖမ်းပါ့ဖေလေး  ခိုင်အနန်းငယ်နှင့်၊ ကြိုင်လန်းငယ်ဝတ်ရည်၊ မြိုင်ခန်းငယ်စည်သည်၊ ခါတော်မှီ တာသင်္ကြန်မှာ၊ ရွှေလျှံညှာရင့်ပြောင်းတယ်လေး။ ရှုတိုင်းသာ၊ လင်းပြာသန့် စင်၊ သိုက်မြုံတင်လို့ ၊ ကျူးရင့်ကြေညာ၊ ရွှေဥသြတို့ ၊ ဖေါ်နှောကာနှင့်၊ ခရာတဲ့ကျေးငယ်ကို၊ ရွှေချိုင့်ဝယ် သည်မယ်မွေးချင်လှ၊ ဖမ်းပါ့ဖေ ဟန်မနှေးပါနှင့်၊ ပြေးရော့မယ်လေး။  လှိုင်ထိပ်ခေါင်တင်
Ka Yin Lay 06 July 22:11
ဖမ်းပါ့ဖေလေး

ခိုင်အနန်းငယ်နှင့်၊ ကြိုင်လန်းငယ်ဝတ်ရည်၊
မြိုင်ခန်းငယ်စည်သည်၊ ခါတော်မှီ တာသင်္ကြန်မှာ၊
ရွှေလျှံညှာရင့်ပြောင်းတယ်လေး။
ရှုတိုင်းသာ၊ လင်းပြာသန့် စင်၊ သိုက်မြုံတင်လို့ ၊
ကျူးရင့်ကြေညာ၊ ရွှေဥသြတို့ ၊ ဖေါ်နှောကာနှင့်၊
ခရာတဲ့ကျေးငယ်ကို၊ ရွှေချိုင့်ဝယ် သည်မယ်မွေးချင်လှ၊
ဖမ်းပါ့ဖေ ဟန်မနှေးပါနှင့်၊ ပြေးရော့မယ်လေး။

လှိုင်ထိပ်ခေါင်တင်


No comments:

Post a Comment