မနက်ခင်းရဲ့ ကောင်မလေး
ချစ်သူကို သတိရလို့
အိမ်မက်တွေ မက်မိပါတယ်
ကိုယ့်ကိုကိုယ် မနည်းပြန်နိုးယူရတယ်
မနက်ခင်းက လင်းချင်းလင်းရင်း
အာဝါသတွေကိုမှောင်ထွန်းထားတယ်
ငါ့နှလုံးသားကို ပြန်ပေးဆွဲတဲ့
မင်းဆံပင်ရှည်တွေက ရက်စက်တယ်
ပြီးတော့ … အဲဒီအပြာရောင် ဆံထိုးလေး
ဘဝကို ပလူးပလဲ တိုက်စားတဲ့
မနက်တွေ မနက်သစ်တွေ
တစ်ယောက်ထဲ … ထားသွား … ဝေးသွား
ဟင့်အင်း … ချစ်သူ
အဲဒါ စာမဟုတ်သလို ကဗျာလည်း မဟုတ်ဘူး
ခံစားချက်တွေဆိုရင်လည်း မလုံလောက်ဘူးကွယ်
အင်း … ဟုတ်တယ်
အခုရေးရေး မြင်နေရတာက ပြတိုက်
ငါ့ရဲ့ တစ်ကိုယ်တော် မျဉ်းဖြောင့်ပြတိုက်
တခါတုန်းက
ကောင်မလေး တစ်ယောက် ငါ့မနက်ခင်းမှာ ရှိခဲ့တယ်
မနက်ခင်းထဲမှာ ကောင်မလေး ရှိခဲ့သလို
ငါလည်း တခါတုန်းက ကောင်မလေး နံဘေးမှာ ရှိခဲ့ဖူးတယ် …
(လွန်း) |
No comments:
Post a Comment