အချစ်ဟာ အုတ်တစ်ချပ် သဲတစ်ပွင့်မကဘူး။ ရဲတိုက်ကြီးတစ်ခုလုံးလည်းဖြစ်တယ်။ (ညိမ်းညို )
ဗီရိုထဲမှာ ဂန္တဝင်တွေရှိတယ်၊ ဂန္တဝင်တွေထဲမှာ အချစ်တွေရှိတယ်။
နှိုက်ယူစားသုံးလိုက်တယ်။ ပြီးတော့ ကျွန်တော် ရှိုက်ကြီးတငင်ငိုချလိုက်တယ်။
လက္ခဏာ၊ ရာမတို့ရဲ့ ကြင်နာမှုကိုမြင်ပြီး
ညီနောင်ချင်း အမြဲတစေ သတ်ပုတ်နေရတဲ့
** ဆိုတဲ့မျောက် ကျသွားတဲ့မျက်ရည်တွေမျိုးပေါ့။
ကဗျာကိုရေပန်းလို လှည့်ဖွင့်လိုက်တယ်၊ အသံတွေ ဆူညံသွားပြီလား။
ရေသံတွေနဲ့ရောလို့ ဟုတ်ကဲ့ ငိုမယ်ဆို ငိုလို့ရပါပြီ။
ဒေါက်တာအင်ဒရူးရေ ရဲတိုက်ကြီးကို ခင်ဗျား ဘာနဲ့ဆောက်သွားတယ်ပြောပြော
ခရစ္စတီရဲ့ အချစ်တွေ သေချာပေါက်ပါလိမ့်မယ်ဆိုတာ ကျွန်တော်နည်းနည်းမှ သံသယ မရှိပါဘူး။ ။
ညိမ်းညို
မတ်လ၊၂၀၁၁ နွယ်နီမဂ္ဂဇင်း။ |
No comments:
Post a Comment