Tuesday, 12 July 2011

ငါတို့တော့ ဇာတ်ပျက်ပြီ သားကြီး။

ငါတို့တော့ ဇာတ်ပျက်ပြီ သားကြီး။  ထင်ရာမြင်ရာ ပေါ်ပင်လမ်းကနေ လိုင်စင်မဲ့ကဗျာတွေ ဖောဖောသီသီစီးဝင်လာမှတော့  ဒီမှာ ကဗျာဈေးကွက်ပျက်တာမဆန်းဘူး သားကြီး ၀ယ်လက်တွေ ခေါင်းခါလှည့်ပြန်နေတဲ့ situation ထဲ မင်းတို့ ငါတို့လို အထက်ကဗျာကိုင်ထားတဲ့ကောင်တွေလည်း သေပြီဆရာပဲ အေး ဘာပဲဖြစ်ဖြစ် ငါ့ကဗျာတွေကိုတော့ ရရာဈေးနဲ့ ထိုးမကျွေးနိုင်ဘူး မင်းလည်း အောက်ကဗျာတွေ ဆင်းမကိုင်ရဘူး သားကြီး ဒီအခြေအနေကို ငါတို့ သည်းခံနိုင်ရမယ် ငါတို့ ကျော်လွှားနိုင်ရမယ် ဒါမှ တစ်ချိန်ချိန်မှာ ငါတို့ လေချွန်နိုင်မှာပေါ့ လောလောဆယ်တော့  ဇာတ်ပျက်နေတဲ့ညနေခင်းထဲ အစားထက် အသောက်ဘက်ဦးစားပေးရအောင် မကောင်းဘူးလား သားကြီး.. (ကောင်းလင့်တည်း.ကောင်းလင့်တည်း.။)  တာကော
Ka Yin Lay 12 July 23:43
ငါတို့တော့ ဇာတ်ပျက်ပြီ သားကြီး။

ထင်ရာမြင်ရာ ပေါ်ပင်လမ်းကနေ
လိုင်စင်မဲ့ကဗျာတွေ ဖောဖောသီသီစီးဝင်လာမှတော့
ဒီမှာ ကဗျာဈေးကွက်ပျက်တာမဆန်းဘူး သားကြီး
ဝယ်လက်တွေ ခေါင်းခါလှည့်ပြန်နေတဲ့ situation ထဲ
မင်းတို့ ငါတို့လို အထက်ကဗျာကိုင်ထားတဲ့ကောင်တွေလည်း
သေပြီဆရာပဲ
အေး ဘာပဲဖြစ်ဖြစ်
ငါ့ကဗျာတွေကိုတော့ ရရာဈေးနဲ့ ထိုးမကျွေးနိုင်ဘူး
မင်းလည်း အောက်ကဗျာတွေ ဆင်းမကိုင်ရဘူး သားကြီး
ဒီအခြေအနေကို
ငါတို့ သည်းခံနိုင်ရမယ်
ငါတို့ ကျော်လွှားနိုင်ရမယ်
ဒါမှ
တစ်ချိန်ချိန်မှာ ငါတို့ လေချွန်နိုင်မှာပေါ့
လောလောဆယ်တော့
ဇာတ်ပျက်နေတဲ့ညနေခင်းထဲ
အစားထက် အသောက်ဘက်ဦးစားပေးရအောင်
မကောင်းဘူးလား သားကြီး..
(ကောင်းလင့်တည်း.ကောင်းလင့်တည်း.။)

တာကော


No comments:

Post a Comment