တောင်တော် ရွှေပုပ္ပား
ဖျဉ်းညီနောင် တောင်ကလပ်မှာလ ငုစပ်ကယ် ဒဂွေနဲ့ ပန်းငုရွှေ ၀ါဝါ၀င်းတဲ့ပြင် စံကားငုံ ထုံထုံ သင်းချိန်မို့ မင်းလွင်က မှုန်ရီရီ။
ချောက်ကမ်းပါးငယ်နဲ့ ချပ်ကြားမှာ နေခိုလို့ တယိုယို စမ်းရေထွက်တွေက တောင်ရှင်ကို ရေစင် ဆက်ရှာကြ အေးမြချိုကြည်။
စပါးပုံ မာလာထွတ်ကိုဖြင့် ဝေရီရီ နေခြည် ဆွတ်ပြန်တော့ ဦးညွတ်လို့ လက်စုံချီ စေတီနဲ့ ဂူကျောင်း။
ပတ်ဝန်းကျင် မျှော် နတ်ကွန်း သည်တောင်ပေါ်က ရေကြည်တော် ဘယ်ညာ လောင်းရင်ဖြင့် တသောင်းငယ် ဇမ္ဗူအေးပါလိမ့် မြတ်ဓမ္မ သံစုံ ကြွေးပါလို့ တောသစ်ပင် ထူထောင် မွေးကြပ ကျေးလက်သာကြောင်း။
မင်းသုဝဏ် |
No comments:
Post a Comment