သူကလည်းပြုံး..
ကိုယ်လည်းပြုံး..
မမုန်းဘယ်ခါရှိတော့မည်။
သူကပြစ်ရှာ..
ကိုယ်ကနာ..
ရင်မှာသောကအပြည့်တည်။
သူကပြန်ချော့..
ကိုယ်ကပျော့..
ဖော့ဖော့ကလေးရယ်မိသည်။
မကြီး
(ငယ်ငယ်ကရေးထားတာလေးပါ..မကြီးစိတ်အထင်.."အစလေးလုံး..အလယ်သုံး...အဆုံးငါးခုနစ်"ဆိုတဲ့..
သံပေါက်ကဗျာစပ်နည်းကို..သူငယ်ချင်းတွေအပြိုင်ရေးကြရင်းနဲ့ ..ရေးဖြစ်ခဲ့တယ်လို့ ထင်ပါတယ်..
ကဗျာအစ..သံပေါက်ကဆိုတာကို...အသင်ခံရရင်း..ကဗျာရေးချင်စိတ်ကလေး..အဲ့ဒီအချိန်ကစခဲ့တယ်
ထင်ပါရဲ့ ..သန္ဓေတည်ခဲ့ပေမယ့်မဖြစ်မြောက်ခဲ့တာတော့.၀န်ခံရမှာပါ..)
No comments:
Post a Comment