Thursday, 14 July 2011

ဒဿ အရယ်အပြုံး ချယ်မှုန်းမထားတဲ့ “ရာမ” ဇာတ်တော်ထဲက...

ဒဿ  အရယ်အပြုံး ချယ်မှုန်းမထားတဲ့
Ka Yin Lay 15 July 11:22
ဒဿ

အရယ်အပြုံး
ချယ်မှုန်းမထားတဲ့
"ရာမ" ဇာတ်တော်ထဲက "ဒဿ"...
လူကြမ်းစိတ်ကြမ်းပေမယ့်
နုနယ်တဲ့ အသည်းနဲ့
ရင်မဆံ့အောင် ခံစားခဲ့ရတဲ့"ဒဿ"...
"သီတာ"ရဲ့အလှ "ဒဿ"ရဲ့ဘ၀မှာ
သူမတူတဲ့ အစွဲအလန်းနဲ့
ရင်ကွဲအောင် ချစ်ခဲ့မိသူအဖို့
အများနဲ့ ယှဉ်နွှဲတဲ့
လေးတင်တဲ့ ပွဲမှာ
အခါအခွင့် သင့်လို့
ဦးဆုံးသူ ဖြစ်ခဲ့ပေမယ့်
ဖူးစာလွှဲ ရေစက်နည်းတာမို့
"ရာမ" ကို အရှုံးပေးခဲ့ရတယ်လေ...
သနားသင့်တာက
ရာဇ၀င်ထဲက လူကြမ်း
ရာဇ၀င်ထဲက အလွမ်းနဲ့
လူတွေရဲ့ စာနာမှုကို
အသက်ဆုံးသည်အထိ မရလိုက်တဲ့
"ရာမ" ဇာတ်တော်ထဲက
"မင်းတို့မုန်းတဲ့ ဒဿ "တစ်ယောက်တည်းပါပဲ...

မြှားနတ်မောင်


No comments:

Post a Comment