Saturday, 23 July 2011

ချိန်ဆည်းဆာ (လေးဆစ်)

ချိန်ဆည်းဆာ (လေးဆစ်)  ပျံ့ပျံ့ပျူးငယ်တည့် လေညင်းချီ။ ဆည်းဆာမှာ ကျီးအာစဲတယ် မဲလို့မှုန်ရီ။ တောင်ကလပ်ဆီက အရောင်လျှပ်ကာပ ⋯⋯မှောင်တပ်ကိုတော့ ခွင်းရန်အတည် မင်းစန္ဒီ ဝင်စပျိုး။ ။  သာတဲ့ခါ၊ ညာနွဲ့ ခင်သဟာနှင့် တရပ်ကွာ တရွာခြားဆီမို့ လွမ်းစာကို စန်းမှာပါးရတယ် ထားကြော့မေသတိုးရဲ့ ဒီမောင့်မှာဗျာ အားပျော့လို့ ခွေကာညှိုး။ ။  မင်းသုဝဏ်  (ဒဂုန်မဂ္ဂဇင်း၊ ဩဂုတ်၊ ၁၉၂၈) (စာပါ သတ်ပုံ အတိုင်း)
Ka Yin Lay 23 July 20:54
ချိန်ဆည်းဆာ (လေးဆစ်)

ပျံ့ပျံ့ပျူးငယ်တည့် လေညင်းချီ။
ဆည်းဆာမှာ ကျီးအာစဲတယ် မဲလို့မှုန်ရီ။
တောင်ကလပ်ဆီက အရောင်လျှပ်ကာပ
⋯⋯မှောင်တပ်ကိုတော့ ခွင်းရန်အတည်
မင်းစန္ဒီ ဝင်စပျိုး။ ။

သာတဲ့ခါ၊ ညာနွဲ့ ခင်သဟာနှင့်
တရပ်ကွာ တရွာခြားဆီမို့
လွမ်းစာကို စန်းမှာပါးရတယ်
ထားကြော့မေသတိုးရဲ့
ဒီမောင့်မှာဗျာ
အားပျော့လို့ ခွေကာညှိုး။ ။

မင်းသုဝဏ်
(ဒဂုန်မဂ္ဂဇင်း၊ ဩဂုတ်၊ ၁၉၂၈)
(စာပါ သတ်ပုံ အတိုင်း)


No comments:

Post a Comment