Sunday, 24 July 2011

ကြယ်ကြွေမိုး

created the doc: "ကြယ်ကြွေမိုး"
Harry Lwin created the doc: "ကြယ်ကြွေမိုး"

ကြယ်ကြွေမိုး

စပယ်တွေ၊

တကယ်ကြွေကြပြီပေါ့၊

ကြယ်ချွေညဆိုး။

ရင်ခွင်မှာ၊

မြင်မြင်ရာ မိုးတွေက၊

တွင်တွင်ရွာ ဖြိုးနေမြဲပါပဲ၊

ညှိုးကြွေဆဲ စိတ်အစဉ်မှာ၊

အရိပ်ထင်လာ အိပ်မက်ဆိုးသာပေါ့၊

သြော် ... တိမ်ထက်မိုးမှာ ပျော်ပါမေရယ်၊

မျှော်ကာဖွေ တထောင့်ကွယ်က၊

စောင့်မယ်လေ စပယ်တွေပျိုးပါလို့၊

မောင့်ကြယ်ကြွေမိုး။ ။

ညီလေး John အတွက် ခံစားရေးဖွဲ့ပေးထားပါသည် ...

မိုးတွေစဲပါစေတော့ ညီလေး ...

မေတ္တာဖြင့် ...

အကိုဟယ်ရီ



No comments:

Post a Comment