Wednesday, 20 July 2011

စိတ်ကိုဖြေဖျောက်အနားယူတတ်အောင်သင်ယူပါ

created the doc: "စိတ်ကိုဖြေဖျောက်အနားယူတတ်အောင်သင်ယူပါ"
La Luna created the doc: "စိတ်ကိုဖြေဖျောက်အနားယူတတ်အောင်သင်ယူပါ"

သင့်မှာတကယ်လို့ စိတ်ဖိစီးမှုတွေ အရမ်းများနေလို့ရှိရင် စိတ်ကိုအပန်းဖြေဖို့ သင်ယူတတ်ခြင်းဟာ အရမ်းအရေးကြီးပါတယ်။ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်မှု မရှိဘူးဆိုရင် သင့်ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာရော ကိုယ်ခန္ဒ္ဒာ ပိုင်းဆိုင်ရာပါ ချို့တဲ့ လာပါလိပ်မယ်။ စိတ်ကို ခပ်လျှော့လျှော့ လေး ထားလိုက်ရင် ဖိစီးမှုက လျှော့ကျသွားမယ်ဆိုတာ လူတစ်ချို့ အတွက် ဖြစ်နိုင်ပေမယ့် အများစုအတွက်ကတော့ လက်တွေ့မှာ ဖြစ်နိုင်ချင်မှဖြစ်နိုင်မှာပါ။ ဘာမှမလုပ်မကိုင်ဘဲ၊ စိတ်ကို လျှော့လိုက်ရုံနဲ့ ဖိစီးမှုတွေ ကွယ်ပျောက်သွားမယ်ဆိုတာ အရမ်း တာဝန်များတဲ့လူနဲ့ သောကများတဲ့ လူတွေအပ်ါမှာတော့အင်မတန်မှ ခက်ခဲပါလိမ်မယ်။

စိတ်ဖိစီးမှုလျှော့ချချင်တယ်ဆိုရင်တော့ အဲ့ဒီဖိစီးမှုမရှိဆုံး လူတွေအပေါ်မှာ အရင် လေ့လာမှုတွေလုပ်သင့်ပါတယ်။ သူတို့က ဘယ်လိုလူတွေလဲဆိုရင် ၊ အဖြေကတော့ ကလေးတွေ ပဲဖြစ်တယ်။ အရွယ်ရောက်ပြီး အလုပ်လုပ်နေတဲ့ လူငယ်တစ်ယောက်နဲ့ အဲ့ဒီကလေးတစ်ယောက် ယောက်နဲ့ ယှဉ်ကြည့်ကြည့်ပါ၊ ကွဲပြားတာကို တွေ့ရပါလိမ်မယ်။ ကလေးဟာ အဲ့ဒီ အရွယ်ရောက်ပြီး အလုပ်လုပ်နေတဲ့လူရွယ်ထက် အများကြီး ဖိစီးမှုလျှောနည်းတာကို တွေ့ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ မှာ ဘာပူပင်ကြောင့်ကြမှုမှမရှိပါဘူး၊ သောကတွေ ၊ တစ်ခုခုကို တာဝန်ယူမှုတွေ ဘာဆိုဘာမှမရှိပါဘူး။ ခင်ဗျားက ပြောကောင်းပြောပါလိပ်မယ်၊ ကလေးတွေမှာမှ ပူပင်မှု၊ တာဝန်ယူမှုမှမရှိပဲ ဟုတ်မှာပေါ့လို့၊ မှန်ပါတယ်၊ အဲဒါတွေရှိလင့်ကစား စိတ်ဖြေဖျောက်မှုမလုပ်နိုင်ဘူးလားလို သင့်မှာမေးစရာရှိပါတယ်။ ဟုတ်ကဲ့ ရှိပါတယ်။ အဲဒီ စိတ်သောကတွေ၊ ပူပင်မှုတွေရှိလင့်ကစား စိတ်ကိုဖြေဖျောက်နိုင်ဖို့ နည်းလမ်းတွေရှိပါတယ်။

စိတ်ဖြေလျှော့မှုဟာကို သိခြင်းဟာ အရမ်းကိုရိုးရှင်းပြီး၊ လွယ်ကူတယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့ တစ်ခုခုကို ပူပန်နေပြီဆိုရင် အဲ့ဒီပေါ်မှာပဲ စိတ်ကရောက်နေတတ်ပြီးတော့ ဘာလုပ်ရမလဲလို့ ပဲတွေးပြီးပူပန်နေတတ်ပါတယ်၊ ဖြေလျော့ဖို့ လည်း ခက်ခဲပါလိမ်မယ်။ ဒါဆိုရင် ဘာလုပ်နိုင်လဲ ဆိုရင် နည်းတစ်နည်းကတော့ ကျွန်တော်တို့ ပူပန်တတ်တဲ့ တစ်ချို့ကိစ္စတွေဟာ ဖြစ်မလာဘူးလို့ သိထားဖို့ပါ။ အဲဒီလိုစိတ်ကို အရင်အသိပေးထားပြီးတော့ ပြသနာကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီးတော့ ရှေ့လာမယ့်ပြသနာကို ရှောင်နိုင်ပါတယ်။ တစ်ချို့လူတွေကတော့မဟုတ်ဘူး အဲ့ဒီပြဿနာပေါ်မှာပဲ အချိန်ကုန်ခံ၊ စိတ်ပင်ပန်းခံပြီး ပူပင်နေတတ်ကြပါတယ်။ ကိုယ်တတ်နိုင်သလောက်ပဲ ပြဿနာကို ကိုင်တွယ်ဖြေရှင်းသင့်ပါတယ်။ ငါတော့ ဒါကို မတတ်နိုင်တော့ဘူးဆိုပြီးတော့တော့ ဘာမှမလုပ်ပဲ ထိုင်နေဖို့ ပြောတာတော့ မဟုတ်ပါဘူး။ လုပ်စရာရှိတာကို ခေါင်းအေးအေးထားပြီးလုပ်ဖို့ ပြောတာပါ။

သိထားဖို့က၊ ကလေးတွေဘာကြောင့်ပူပင်မှုမရှိတာလဲဆိုတော့ သူတို့ဘယ်အရာကိုမှ သူတို့ ရဲ့ ၀န်ထုပ်ဝန်ပိုးတစ်ခုအနေနဲ့ တင်မထားပါဘူး၊ ရှေ့ဘာလုပ်မယ်ဆိုတာကိုလဲ သူတို့ ခေါင်းထဲမှာထည့်မထားဘူး ဆိုတာပါပဲ။ ခင်ဗျားမှာ လုပ်စရာတွေ တစ်ပုံကြီးပွတ်သိပ်နေတယ်ထားဦး လောနေစရာမလိုပါဘူး၊ အကောင်းဆုံးစိတ်ကို သက်သာစေတဲ့နည်းကတော့ လုပ်စရာအလုပ်တွေကို တစ်ခုချင်းစီ စာရွက်ပေါ်မှာ ရေးချတာအကောင်းဆုံးပါပဲ။ အဲဒီလိုလုပ်ခြင်းအားဖြင့် ငါဒါလုပ်ရမယ်၊ ဟိုဟာလုပ်ရမယ်ဆိုတဲ့ စိတ်ကို မရှိစေပဲ စီစဉ်တကျလေးဖြစ်သွားစေပါတယ်။ အလုပ်မလုပ်တဲ့ အချိန် ဒါမှမဟုတ် အလုပ်ပိတ်ရက်တွေမှာပေါ့ တရားထိုင်ခြင်း တို့ အနှိပ်ခံခြင်း စတာတွေကို လုပ်နိုင်ပါတယ်၊ အဲ့ဒီလိုလုပ်ခြင်းဖြင့်လဲ ကိုယ့်ရဲ့စိတ်ကို သက်သာစေပြီး၊ ဖြေဖျောက်နိုင်ပါတယ်။ ပြီးတော့ တစ်ခုခုပေါ်မှာ ပူပန်နေမှုတွေ၊ သောကရောက်နေမှုတွေကိုလည်း ပျောက်ကွယ်စေနိုင်ပါတယ်။ အဓီကကတော့ ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်ပြီးတော့ လိုက်လျောညီထွေဖြစ်တာပါပဲ။

အဓိကပြောချင်တာကတော့ တတ်နိုင်သမျှ ဘ၀မှာ ရိုးရှင်းအောင်လုပ်ပါ၊ အရာအားလုံးကို ရိုးရိုးရှင်းရှင်းနဲ့ သက်သက်သာသာဖြေရှင်းနိုင်အောင် လုပ်ပါ။ ကိစ္စ အားလုံးကို စိတ်ဖိစီးမှုပုံစံနဲ့ ငါလုပ်မှဖြစ်မယ်၊ ငါ့မှာတာဝန်ရှိတယ်ဆိုပြီး မလုပ်ပါနဲ့။ သေသေချာချာ ခေါင်းအေးအေးထားပြီးလုပ်ပါ။ လုပ်နိုင်တာလောက်ကိုပဲလုပ်ပါ၊ လုပ်စရှိတာတွေကိုစာရွက်ပေါ်မှာချရေး သို့မဟုတ် နုတ်စ် တစ်ခုလုပ်ထားပါ။ ဒါဆိုရင် ပူပန်မှုတွေလျှော့နည်းပြီးတော့အလုပ်ကိုလဲ ထိထိရောက်ရောက်လုပ်ဆောင်နိုင်မှာပါ။ အနာဂတ်မှာလည်း မဖြစ်သင့်တဲ့ ပြဿနာတွေ မဖြစ်ပဲ အဆင်ပြေချောမွေ့နေပါလိမ်မယ်။



No comments:

Post a Comment