Tuesday, 19 July 2011

မင်းကိုလွမ်းတဲ့ အကြောင်း ပန်းတွေနဲ့...

မင်းကိုလွမ်းတဲ့ အကြောင်း ပန်းတွေနဲ့ မြေပြင်မှာရေးခဲ့ပြီးပြီ။။ ကြယ်တွေနဲ့လည်း ကောင်းကင်မှာရေးခဲ့ပြီးပြီ။။ ဘာတွေလိုချင်ခဲ့ပါသလဲ။။ လူအန္ဓရဲ့တေးသွားထက်ချိုတဲ့ ငါ့ဒဏ်ရာတွေကိုလိုချင်တာလားး။ပင်လယ်ကိုလိုချင်တာလား။။ ထားလိုက်ပါတော့ ပန်းလှေတွေနဲ့ အလွမ်းတွေကို။။ ငါတို့ရဲ့ ရိုးသားခြင်း နဲ့မှားယွမ်းခြင်း။။ မင်းက ထူးချွန်တဲ့ လူတော်တွေကို ရှာဖွေရင်း မြေနံသင်းတဲ့ ကဗျာဆရာကိုတွေ့သလို၊ ငါကလည်း မျက်ရည်သုတ်ပေးမဲ့လက်တစ်စုံကို ရှာရင်း ကောင်းကင်ကြွေကိုတွေ့တယ်။။ ငါရှာတဲ့စံပယ်ပန်းမဟုတ်တဲ့ မင်းအတွက် ငါ့ကဗျာတွေက နန်းကျဘုရင်ရဲ့ မြေခြစ်အက္ခရာတွေလို အလွယ်တကူပျောက်သွားပါလိမ့်မယ်။မျက်ဖိနပ်စီးတဲ့ လူတစ်ယောက်ရဲ့ အိမ်မက်ထက်မပိုတဲ့ နတ်သမီးပုံပြင်လေးတွေကလည်း မိုးစက်တွေနဲ့ပျောက်ကွယ်သွားမှာပါပဲ။  မျက်လုံးထဲမှာမိုးတွေရွာနေပါပြီ   ၀ါဆိုရေ.။ စံပယ်တွေလည်း ဖူးနေပါပြီ။ ရိုင်းမိုက်ခြင်းတွေနဲ့အနောက်လေတွေလည်း တရစ်ကြမ်း ငါ့ရင်ဘက်ကို လွှမ်းနေပါပြီ။ အချစ်ကိုပြောဖို့ ဘယ်လို ဘာသာဗေဒ ကိုမှာငါ သုံးလို့မရတော့ပါ။ မင်း ငါ့မျက်ရည်တွေမြင်ရင် ညကကြွေသွားတဲ့ ခရေတွေပါလားလို့ ထင်ကောင်းထင်မိ၊ မြင်ကောင်းမြင်မိပါလိမ့်မယ်။ဒါပေမဲ့ ၀ါဆိုရယ်.. ငါ့ရဲ့ မရဲရင့်မှု ၊ ဂုဏ်ရှိန်ကင်းမှုတွေ၊ မင်းရဲ့ ဇတ်လမ်းကို အဆုံးသတ်လိုက်ပုံတွေက မလှမပ။။။ ၀ါဆိုရေ .. ထပ်ပြောမယ်.. မင်းဘက်က တစ်မျက်နှာဆိုပေမဲ့ ငါ့ဘက်ကတော့ ငါ့မှတ်စု တစ်အုပ်လုံးစာ လွမ်းနေပါတယ်။ ။ပြောလိုက်ပါစံပယ်ရေ.. ကြယ်တွေကြွေအောင်မပြုစားပါနဲ့လို့။။။။။။။။။  Johnyoharmar ( ကဗျာမဟုတ်ပါ။။ ခံစားမှု တစ်ခုကို အပြင်းအထန်ဖွင့်ပြီးရေးထားသောစာစုလောက်သာဖြစ်ပါသည်။လောကမှာ အလကားရသောမျက်ရည်နှင့် အလွမ်းကိုသာ ကုန်ကြမ်းအဖြစ်အခြေခံထားပါသည်)။
John Yoharmar 19 July 22:56
မင်းကိုလွမ်းတဲ့ အကြောင်း ပန်းတွေနဲ့ မြေပြင်မှာရေးခဲ့ပြီးပြီ။။ ကြယ်တွေနဲ့လည်း ကောင်းကင်မှာရေးခဲ့ပြီးပြီ။။ ဘာတွေလိုချင်ခဲ့ပါသလဲ။။ လူအန္ဓရဲ့တေးသွားထက်ချိုတဲ့ ငါ့ဒဏ်ရာတွေကိုလိုချင်တာလားး။ပင်လယ်ကိုလိုချင်တာလား။။
ထားလိုက်ပါတော့ ပန်းလှေတွေနဲ့ အလွမ်းတွေကို။။ ငါတို့ရဲ့ ရိုးသားခြင်း နဲ့မှားယွမ်းခြင်း။။ မင်းက ထူးချွန်တဲ့ လူတော်တွေကို ရှာဖွေရင်း မြေနံသင်းတဲ့ ကဗျာဆရာကိုတွေ့သလို၊ ငါကလည်း မျက်ရည်သုတ်ပေးမဲ့လက်တစ်စုံကို ရှာရင်း ကောင်းကင်ကြွေကိုတွေ့တယ်။။ ငါရှာတဲ့စံပယ်ပန်းမဟုတ်တဲ့ မင်းအတွက် ငါ့ကဗျာတွေက နန်းကျဘုရင်ရဲ့ မြေခြစ်အက္ခရာတွေလို အလွယ်တကူပျောက်သွားပါလိမ့်မယ်။မျက်ဖိနပ်စီးတဲ့ လူတစ်ယောက်ရဲ့ အိမ်မက်ထက်မပိုတဲ့ နတ်သမီးပုံပြင်လေးတွေကလည်း မိုးစက်တွေနဲ့ပျောက်ကွယ်သွားမှာပါပဲ။
မျက်လုံးထဲမှာမိုးတွေရွာနေပါပြီ ၀ါဆိုရေ.။ စံပယ်တွေလည်း ဖူးနေပါပြီ။ ရိုင်းမိုက်ခြင်းတွေနဲ့အနောက်လေတွေလည်း တရစ်ကြမ်း ငါ့ရင်ဘက်ကို လွှမ်းနေပါပြီ။ အချစ်ကိုပြောဖို့ ဘယ်လို ဘာသာဗေဒ ကိုမှာငါ သုံးလို့မရတော့ပါ။ မင်း ငါ့မျက်ရည်တွေမြင်ရင် ညကကြွေသွားတဲ့ ခရေတွေပါလားလို့ ထင်ကောင်းထင်မိ၊ မြင်ကောင်းမြင်မိပါလိမ့်မယ်။ဒါပေမဲ့ ၀ါဆိုရယ်.. ငါ့ရဲ့ မရဲရင့်မှု ၊ ဂုဏ်ရှိန်ကင်းမှုတွေ၊ မင်းရဲ့ ဇတ်လမ်းကို အဆုံးသတ်လိုက်ပုံတွေက မလှမပ။။။ ၀ါဆိုရေ .. ထပ်ပြောမယ်.. မင်းဘက်က တစ်မျက်နှာဆိုပေမဲ့ ငါ့ဘက်ကတော့ ငါ့မှတ်စု တစ်အုပ်လုံးစာ လွမ်းနေပါတယ်။
။ပြောလိုက်ပါစံပယ်ရေ.. ကြယ်တွေကြွေအောင်မပြုစားပါနဲ့လို့။။။။။။။။။

Johnyoharmar
( ကဗျာမဟုတ်ပါ။။ ခံစားမှု တစ်ခုကို အပြင်းအထန်ဖွင့်ပြီးရေးထားသောစာစုလောက်သာဖြစ်ပါသည်။လောကမှာ အလကားရသောမျက်ရည်နှင့် အလွမ်းကိုသာ ကုန်ကြမ်းအဖြစ်အခြေခံထားပါသည်)။


No comments:

Post a Comment