Friday, 15 July 2011

ဓမ္မစကြာအခါတော်နေ့

created the doc: "ဓမ္မစကြာအခါတော်နေ့"
Thaw Zin created the doc: "ဓမ္မစကြာအခါတော်နေ့"

ဒီနေ့က ၀ါဆိုလပြည့်နေ့။ ဘုရားရှင်က ကျေးဇူးဆပ်တဲ့အနေနဲ့ တရားထူးကို ဘယ်သူတွေ အရင်ဟောရမလဲ လို့ ကြည့်လိုက်တာ။ ပထမ အာဠာရရသေ့ကို ကြည့်လိုက်တယ်။ သူက လွန်ခဲ့တဲ့ (၇)ရက်က သေသွားပြီ။ နောက် ဥဒကရသေ့ကို ကြည့်လိုက်တယ်။ သူက အရင်ညကပဲ သေသွားပြီတဲ့။ ဒီတော့ မဟာဇာနိယောဝတ- ရှုံးပြီဟေ့လို့ မိန့်တော်မူလိုက်တယ်။ တရားမနာလိုက်ရလို့ သူတို့ ဆုံးရှုံးသွားကြတာ။ ဗြဟ္မာ့ပြည်မှာ ဒုက္ခသစ္စာမကင်းတဲ့ ခန္ဓာနဲ့ နေနေကြရတဲ့အတွက် ဘုရားရှင်က ဒီလိုမိန့်တော်မူတာ။ တရားနာလိုက်ရရင် သူတို့တွေ အကျွတ်တရား ရနိုင်သူတွေ ဖြစ်ပါလျက် အသေစောသွားလို့ ဆုံးရှုံးသွားကြရရှာတယ်။ ဒီနောက် ပဉ္စ၀ဂ္ဂီငါးဦးကို ကြည့်လိုက်တော့ သူတို့က မိဂဒါဝုန်မှာ ရှိနေလို့ သူတို့ဆီ ကြွပြီး ဓမ္မစကြာတရားဦးဒေသနာကိုဟောတော်မူလိုက်တာ ဒီဝါဆိုလပြည့်နေ့ပါပဲ။ မဟာသက္ကရာဇ် (၁၀၃)ခုနှစ်ကပေါ့။

ဓမ္မစကြာတရားကို ကျေးဇူဆပ်တရားလို့ ပြောလို့လဲရတယ်လေ။ ကျေးဇူးကြီးသူတွေကို ရွေးချယ်ပြီး ဟောတဲ့တရားဖြစ်လို့။ ဓမ္မစကြာတရား အနှစ်ချုပ်ကတော့ အစွန်းနှစ်ဘက်ရှောင် အလယ်လမ်းလိုက်၊ သစ္စာလေးပါးသိမယ်ဆိုတာပါပဲ။ အလယ်လမ်းဆိုတာ မဂ္ဂင်လမ်း။ ကိုယ့်ခန္ဓာ ဉာဏ်စိုက် ဖြစ်ပျက်မြင်အောင် ကြည့်တဲ့လမ်း။ ဒီလမ်းက သွားရင် နိဗ္ဗာန်ရောက်မယ်။ ဒီလို နိဗ္ဗာန်တံခါးကို အစဦးစွာဖွင့်ပေးတဲ့ ဓမ္မစကြာတရားကို ဟောကြားတော်မူတဲ့နေ့ဖြစ်လို့ ၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒေါက်တာအရှင်ပါရမီ



No comments:

Post a Comment