Sunday, 3 July 2011

[စာပေစကားဝိုင်း] သုဘရာဇာ

သုဘရာဇာ  ဘယ်မှာလဲမင်းနေရာ ခမ်းနားခြင်းတွေဖယ်ခွာခဲ့ နေရာမှန်မသိခင် မင်းကရောက်နှင့်နေပြီ မင်းရှေ့ရောက်နှင့်သူကို လွမ်းရောင်မျက်နှာဖုံးနဲ့ပို့တုန်း မင်းတံထွေးအကြိမ်ကြိမ်ထွေးခဲ့ ခုကျောခင်းနေရပေါ့ ငါ့ကိုမခေါ်ချင်လည်း ပတ်သက်နေရ ငါ့ကိုမပြောချင်လည်း ဆက်ဆံနေရ ငါမြင်ရပါတယ် မသတီတဲ့မျက်နှာ မင်းမိတ်ဆွေဆီက မင်းမသိလို့ပြောပြချင်တာ ကျောပိုးအိတ်တစ်လုံးမပါဘဲ မင်းခရီးသွားဖူးပြီ.. ငါ့ဆီမလာချင်ကြလည်း ငါ့ဆီရောက်လာကြ.... ညိုရော်နေတဲ့မျက်နှာတွေ  (ပန်းတော်ဆက်)
Ka Yin Lay 03 July 22:48
သုဘရာဇာ

ဘယ်မှာလဲမင်းနေရာ
ခမ်းနားခြင်းတွေဖယ်ခွာခဲ့
နေရာမှန်မသိခင်
မင်းကရောက်နှင့်နေပြီ
မင်းရှေ့ရောက်နှင့်သူကို
လွမ်းရောင်မျက်နှာဖုံးနဲ့ပို့တုန်း
မင်းတံထွေးအကြိမ်ကြိမ်ထွေးခဲ့
ခုကျောခင်းနေရပေါ့
ငါ့ကိုမခေါ်ချင်လည်း
ပတ်သက်နေရ
ငါ့ကိုမပြောချင်လည်း
ဆက်ဆံနေရ
ငါမြင်ရပါတယ်
မသတီတဲ့မျက်နှာ
မင်းမိတ်ဆွေဆီက
မင်းမသိလို့ပြောပြချင်တာ
ကျောပိုးအိတ်တစ်လုံးမပါဘဲ
မင်းခရီးသွားဖူးပြီ..
ငါ့ဆီမလာချင်ကြလည်း
ငါ့ဆီရောက်လာကြ....
ညိုရော်နေတဲ့မျက်နှာတွေ

(ပန်းတော်ဆက်)

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment