Tuesday, 19 July 2011

ကိုစစ်ငြိမ်းဒီရေရဲ့ လက်ရာလေးပါ။။။။။

ကိုစစ်ငြိမ်းဒီရေရဲ့ လက်ရာလေးပါ။။။။။   တချို့က ကျောပေါ်မှာ ခြေရာတွေရှိပြီး အချို့က နှလုံးသားထဲမှာ ဒဏ်ရာတွေရှိသတဲ့ ဘာတွေ ဘယ်လိုပဲရှိရှိ ထုတ်မရတဲ့ ဗျည်းနွဲ့ဓါးထက်တော့ ကဗျာတွေက အများကြီးထက်ပါသေးတယ် ….. ယမနေသားနဲ့ ထုဆစ်ထားတဲ့ အဆောင်ရ နန်းရတွေအတွက် ရှင်သန်ခွင့်မရရင်လည်း နေပါစေတော့ ဦးပုည ရေ တောင်စွယ်မှာ နေမကွယ်ခင် အနန္တသူရိယနောက် အမှီလိုက်ကြတာပေါ့ ….. အို မှိုင်းသခင် ဥုံအရဟံ သစ္စာကတိတွေကြား ဂဠုန်သရဏံမှာ ဂစ္ဆာ မိနေကြဆဲပါ …  -စစ်ငြိမ်းဒီရေ.
John Yoharmar 19 July 19:31
ကိုစစ်ငြိမ်းဒီရေရဲ့ လက်ရာလေးပါ။။။။။

တချို့က ကျောပေါ်မှာ ခြေရာတွေရှိပြီး
အချို့က နှလုံးသားထဲမှာ ဒဏ်ရာတွေရှိသတဲ့
ဘာတွေ ဘယ်လိုပဲရှိရှိ
ထုတ်မရတဲ့ ဗျည်းနွဲ့ဓါးထက်တော့
ကဗျာတွေက အများကြီးထက်ပါသေးတယ် …..
ယမနေသားနဲ့ ထုဆစ်ထားတဲ့
အဆောင်ရ နန်းရတွေအတွက်
ရှင်သန်ခွင့်မရရင်လည်း နေပါစေတော့
ဦးပုည ရေ
တောင်စွယ်မှာ နေမကွယ်ခင်
အနန္တသူရိယနောက် အမှီလိုက်ကြတာပေါ့ …..
အို မှိုင်းသခင်
ဥုံအရဟံ သစ္စာကတိတွေကြား
ဂဠုန်သရဏံမှာ
ဂစ္ဆာ မိနေကြဆဲပါ …

-စစ်ငြိမ်းဒီရေ.


No comments:

Post a Comment