ငါအလွမ်းတွေကြွေနေတာများသဲကြီးမဲကြီးပဲ
ရယူဖို့ထက်ပေးဆပ်ချင်သူပါ။
ခရေတွေကြွေတဲ့မနက်မှာ
ငါဟာနင်ဖြစ်သွားခဲ့ဘူးတယ်။
လေနုအေးတွေ နမ်းတဲ့ နံက်တွေ
နင်ရယ်ငါရယ် ဖြတ်သန်းခဲ့ဘူးတယ်။
နှင်းသောက်တဲ့ နေမင်းက
အချိန်ကိုနောက်ပြန်မလှည့်ဘူး။
ငါ့ဘ၀ဟာ နင်တို့ထိလို့ကြွေခဲ့ရတဲ့
မြက်ဖျားက နှင်းတစက်ပါ ။
ဒီဆောင်းရယ် ဒီဇင်ဘာရယ်
နင်မပါတဲ့ငါရယ်
ပြီးတော့
ရင်ဘတ်ကြီးနဲ့အပြည့်
ကြွေမွခဲ့တဲ့ အိပ်မက်တွေရယ်
ခုတော့ အလွမ်းတွေရယ်
ငါတယောက်ထဲ ခရီးဆက်နေတယ်။
ရဲသူရိန်မင်း 09.07.2011 GMT 20.17
No comments:
Post a Comment