သံပျင်မင်းသမီး ပုဂံခေတ်တွင် အချို့ သော အမျိုးသမီးတို့ သည် စာပေ ရာဇ၀င်တွင် စံနမူနာတင်ထိုက် သည် အထိ လောကီ လောကုတ္တရာ စာပေရေးရာ အဖြာဖြာ၌ လိမ္မာ ကျွမ်းကျင်ခဲ့ကြပေသည်။ ထိုကဲ့သို့ အမျိုးသမီး ပညာရှင်များ ပေါက်ပွား လာခြင်းသည် အင်းဝခေတ်တွင် ပေါ်ပေါက်ထွန်း ကားလာကြမည့် အမျိုးသမီး စာဆိုတော်များ၏ ရှေ့ ပြေး နိမိတ်သဖွယ်ပင်ဖြစ်သည်ဟု မှတ်ယူ ရမည်ဖြစ်ပေမည်။ မြန်မာ့ရာဇ၀င်တွင် ရှေးအကျဆုံးဟုဆိုရမည်ဖြစ်သော အမျိုးသမီး ပညာတတ်ကြီးတစ် ဦးမှာ သက္ကရာဇ် ၅၉၆ ခုနှစ်တွင်ပုဂံ၌နန်းတက်တော်မူသော ကျစွာမင်း၏သမီးတော် သံပျင်မင်း သမီးပင်ဖြစ်သတည်း။ ကျစွာမင်းကိုယ်တော်တိုင်ကလည်း တိုင်းပြည်ရေးရာထက်စာပေရေးရာ ကိုသာစိတ်ပါတော်မူသဖြင့် သားတော်ဥဇနာသည်ပင် ခမည်းတော်ကိုယ်စား တိုင်းပြည်၏မှုခင်း ဆောင်တာများကို စီမံတော်မူရချေသည်။ ကျစွာမင်းကိုယ်တိုင်ကမူ ရဟန်းသံဃာတော်များ တစ်နေ့(၇)၀ါစာချတော်မူသည်။ရဟန်းတော်များကိုစာချနိုင်ခြင်းမှာလည်းကျစွာမင်းကိုယ်တော် တိုင်ကပင် ပိဋကတ်သုံးပုံကို ကိုးခေါက်ပြန်သင်ကြားတတ်မြောက်တော်မူသည်။ "ပရမတ္တဗိန္ဒုကျမ်း" " သဒ္ဒဗိန္ဒုကျမ်း"တို့ ကိုလည်းထိုမင်းပြုစုတော်မူသည်။ဤသို့ လျှင် ပရိယတ္တိသာသနာကို လွန်စွာအားပေးတော်မူလိုသော ကျစွာမင်းသည်မိမိ၏ ခြေရာကို နင်းပေ သောကျမ်းဂန်တတ် သမီးတော်အားလည်း မိမိအလားတူ ရဟန်းသံဃာတော်များကိုစာပေပို့ ချ စေတော်မူကာ သာသနာတော်ကို ချီးမြှောက်အာေးပးတော်မူခဲ့သည်။ ကျစွာမင်း၏သမီးတော်သည်ရဟန်းသံဃာတော်များကိုနေ့ စဉ်စာပေပို့ ချရာ၌သူတော် စင်ရဟန်းများနှင့်မာတုဂါမတို့ သည် လက်ပွန်းတတီး နီးစပ်ရင်းနှီးခြင်းငှာ မသင့်သည်၏ အဖြစ် ကြောင့် ကန့် လန့် ကာ တင်းတိမ်အတွင်းမှနေ၍ စာပေပို့ ချတော်မူရသည်။ တစ်နေ့ သ၌စာပေ ကျမ်းဂန်တတ်မြောက်တော်မူသော ရဟန်းတစ်ပါးသည်ဘုရင့်သမီးတော်၏ရုပ်ဆင်းသွင်ပြင်ကို ကြည့်လိုမြင်လိုလှသဖြင့် ပို့ ချသည့်စာပေတွင် "ဟိံဇာလေ၊ဟေဟေလား" ဟူသောတံငါသည် တို့ပိုက်ကွန်ကြိုးဆွဲရာတွင် သီဆိုသည့်သီချင်းကို ထည့်သွင်းရေးသားထားလေသည်။ မင်းသမီး စာပေပို့ ချ၍ အပြီးတွင် " ဤပါဠိ ကျန်ပါသေးသည်" ဟုရဟန်းက ဆိုသည်။ မင်းသမီးကလည်း "ကျွန်ုပ်စာတွင်မရှိပါ"ဟုဆိုပြန်သည်။ ထိုအခါမင်းသမီးသည် စောင့်စည်းရမည့်စည်းမျဉ်းကို မေ့ လျော့ကာ အကာအရံကိုဖွင့်လျက် ရဟန်း၏ စာကို ယူငင်ကာ ကြည့်ရှုပြီးနောက်"ဟိံ၊ ယုတ်မာ သောတံငါသည်တို့ သည် ၊ ဇာလေ ၊ ကွန်တို့ ကို ၊ ဟေဟေလား ၊ ဆွဲငင်ကြကုန်၏" ဟူ၍သင့်လျော်အောင် အနက်သမ္ဗန်ပြီး အကာအရံ အတွင်းသို့ ပြန်ဝင်သွာေးတာ့သည်။ ထိုရဟန်းလည်းမြင်လိုသည့် ရုပ်ဆင်းသဏ္ဌာန်ကို မြင်ရပြန်သည့်အခါမှစ၍ မင်းသမီးကို တပ်မက်သောစိတ်နှင့် မအီမသာ ရပ်တည်ရာမရနိုင်အောင် ရှိခဲ့သည်။ ထိုအကြောင်းကို ကျစွာ မင်းကြီးကြားသိတော်မူသောအခါမိမိသမီးတော်ကိုလျှင် ခိုင်အမာကျမ်းတစ်စောင်ပြုလေဦးဟု မိန့် တော်မူသည်။ထိုအခါမှ ရဟန်းသည် ကစ္စည်းသဒ္ဒါကျမ်းကိုဖွင့်ဆိုသည့် ဉာသ်ကျမ်း၏အဖွင့် ဋီကာကို စီရင်ရေးသားလေသည်။ ကျစွာမင်းကြီးလည်း ရဟန်းကို လူထွက်စေလျက် မြေတိုင်း သံပျင်အရာပေးကာ သမီးတော်ကို ဆောင်နှင်း၏ ။ထိုအခါမှစ၍ ရဟန်းလူထွက်လည်း "သံပျင် အမတ်"ဟူ၍ထင်ရှားသတည်း။ကျစွာမင်း၏သမီးတော်မှာလည်း "သံပျင်မင်းသမီး" ဟူ၍လည်း ကောင်း၊ သံပျင်အမတ်ပြုစုသောကျမ်းမှာလည်း "သံပျင်ဋီကာ"ဟူ၍လည်းကောင်းရာဇ၀င်တွင် ထင်ရှားလာတော့သည်။ (ဒေါ်မိမိလေး ၊ ဂုဏ်ထူးဆောင်ပါမောက္ခ) |
Unicode ပြန်ပေးရင်ကောင်းမှာပဲ။
ReplyDelete