ဆရာစံအား အဖဦးကျေးနှင့် အမိဒေါ်ဖက်တို့က ၂၄၊ ၁၀၊ ၁၈၇၆ တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ နယ် သရက်ကန် အရှေ့ ရွာတွင် မွေးဖွားခဲ့သည်။ ညီအစ်ကိုမောင်နှမ ငါးဦးအနက် အငယ်ဆုံးဖြစ်သည်။ ငယ်နာမည်မှာ မောင်စံရှားဖြစ်သည်။ဆရာစံသည် ဒီပဲယင်းမြို့ နယ်ဇာတိ ဖြစ်သော်လည်း ဆရာစံအမြဲနေထိုင်သော အရပ်မှာ မော်လမြိုင်မြို့ နယ် ဘီလူး ကျွန်းချောင်းစုံရှိ ကမာမိုရွာဖြစ်သည်။ မြန်မာဓာတ်ဆေးဆရာတစ်ဦးဖြစ်သည့်အလျှောက် ဆေးကုခြင်း၊ ဗေဒင်ဟောခြင်း ကျမ်း စာအုပ်ရေးခြင်းဖြင့် အသက်မွေးသည်။ အဂ္ဂိရတ်ထိုးခြင်းလည်း ၀ါသနာပါသည်။ ရောဂါလက္ခဏာတို့၏ ဇာစ်မြစ်ကို ပြဆိုသည့် လက္ခဏာဇုကျမ်းနှင့် ၀ိဇ္ဇာသိပ္ပံအင်္ဂုတ္တိရကျမ်းတို့ကို ရေးသားခဲ့သည်။ ဆေးကုသသည့်အလုပ်ဖြင့် အသက်မွေးရင်း ဓမ္မရက္ခိတ အသင်းနှင့် သီရိဥတ္တမအသင်းများဖွဲ့ကာ ၀ံသာနုလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။(၁၉၂၈)တွင် ဆရာစံသည် ဦးစိုးသိမ်း ဂျီစီဘီအေအဖွဲ့ချုပ်၏ တာဝန်ပေးချက်အရ၊ ခရိုင်အသီးသီးသို့ သွားရောက်၍ ဗြိတိသျှအစိုးရ၏ အတင်းအဓမ္မ အခွန်တောင်းမှု ကိစ္စများကို လိုက်လံစုံစမ်းသည်။(၁၈၊၁၊၁၉၃၀) ဆရာစံသည် အင်္ဂလိပ်အစိုးရအား လက်နက်ကိုင်တော်လှန်ရေးအတွက် မော်လမြိုင်မှ သာယာဝတီသို့ ဘုရားတွင် သုပဏ္ဏက ဂဠုန်နရာဇဟူသောဘွဲ့ကို ယူ၍ဥပုသ်ကြီးဝင်သည်။ အလံတောင်တွင် ဗုဒ္ဓရာဇမြို့ တည်ရန် ပန္နက်ရိုက် သည်။(၂၂၊၁၊၁၉၃၀) ဆရာစံ၏ အမိန့်အရ သာယာဝတီထောင်ကို ဖွင့်ရန်သွားကြသော ဗိုလ်ဖိုးဆော့ခေါင်းဆောင်သည့် ဂဠုန်သူပုန်များသည် ဇိမ်ဖာသူကြီးအား စမ်းတွင်းရွာအနီးတွင် တွေ့ရှိတိုက်ခိုက်ကြသည်။(၂၃၊၁၂၊ ၁၉၃၀) ဖားရွှေကျော် ပထမတိုက်ပွဲ၊ ဦးမောင်ကလေးခေါင်းဆောင်သော ပုလိပ်အဖွဲ့ ဆုတ်ခွာထွက်ပြေးကြ သည်။(၂၄၊၁၂၊၁၉၃၀) ၀ဲရွာတိုက်ပွဲ သစ်တောအင်ဂျင်နီယာ မစ္စဖီးကလပ်ကျဆုံးသည်။(၂၅၊၁၂၊၁၉၃၀) ဖားရွှေကျော် ဒုတိယတိုက်ပွဲ၊ ရာဇ၀တ် ၀န်ကလေးဦးမောင်ကလေးကျဆုံး၍ ပန်ချာပီတပ်များ ထွက် ပြေးကြသည်။(၃၀၊၁၂၊၁၉၃၀) ဖားရွှေကျော် တတိယတိုက်ပွဲ၊ ဂဠုန်သူပုန်တို့ဘက်မှ အကျအဆုံးများစွာနှင့် ဆုတ်ခွာရသည်။(၃၁၊၁၂၊၁၉၃၀) နယ်ချဲ့ အင်္ဂလိပ်စစ်တပ်အလံတောင်သို့ တက်ရောက်တိုက်ခိုက်ဖျက်ဆီးသောကြောင့် ဆရာစံသည် ထိုနေရာမှ ထွက်ခွာသည်။(၇၊၁၊၁၉၃၁) ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ နယ်၊ ထန်းတောရွာအနီးတွင် ဦးအောင်လှခေါင်းဆောင်သော ဂဠုန်သူပုန်တို့နှင့် အရေးပိုင်မစ္စတာ ဘရက်တိုခေါင်းဆောင်သော နယ်ပုလိပ်၊ စစ်ပုလိပ်များ တိုက်ပွဲဖြစ်ပွားသည်။(၁၃၊၁၊၁၉၃၁) အလံတောင်မှ ထွက်ခွာသွားသော ဆရာစံသည် မန္တလေးမြို့ သို့ ရောက်ရှိသည်။(၄၊၃၊၁၉၃၁) ဆရာစံသည် ရှမ်းပြည်မြောက်ပိုင်း မက်ချင်းနုရွာသို့ ရောက်သည်။(၁၀၊၄၊၁၉၃၁) သရက်ခရိုင်၊ ကာမမြို့ နယ်၊ ခြောက်ပင်ရွာတွင် သူကြီးများစည်းဝေးပွဲလုပ်စဉ် သူပုန်တို့ဝင်ရောက် တိုက်ခိုက်ကြသည်။(၁၃၊၄၊၁၉၃၁) သရက်ခရိုင်၊ ရာဇ၀တ်ဝန်ကြီး မစ္စတာအေစီစမစ်ခေါင်းဆောင်သော အဖွဲ့နှင့် သူပုန်တို့ ထုံးရွာအနီး တိုက်ပွဲဖြစ်ပွားရာ ရာဇ၀တ်ဝန်ကြီးပြင်းထန်စွာ ဒဏ်ရာရရှိသည်။(၄၊၅၊ ၁၉၃၁) ပြည်ခရိုင်ရာဇ၀တ်ဝန်ကြီး မစ္စတာသြစတင်ခေါင်းဆောင်သော အဖွဲ့အား ၀က်ထီးကန်အနီး မြို့ မရွာတွင် သူပုန်တို့ဝိုင်းဝန်းတိုက်ခိုက်သဖြင့် ရာဇ၀တ်ဝန်ကြီးနှင့် ပုလိပ်အဖွဲ့ဝင် ခုနစ်ဦးကျဆုံးသည်။(၁၀၊၅၊၁၉၃၁) ဂဠုန်သူပုန်တို့ ဟင်္သာတမြို့ လယ်ဂါတ်ဝင်းအတွင်းရှိ ပန်ချာပီကပ်ကို ၀င်ရောက်စီးနင်းရာ ပန်ချာပီစစ် သားတို့ဒဏ်ရာရကြသည်။(၁၅၊၅၊၁၉၃၁) ဟင်္သာတခရိုင်၊ လယ်တီစာဖြူစုပုလိပ်ကင်းစခန်းကို သူပုန်တို့ဝင်ရောက်စီးနင်းသည်။(၁၃၊၆၊၁၉၃၁) ရန်ကုန်မြို့ ၊ တရားလွှတ်တော်သည် ဖျာပုံခရိုင် ဒေးဒရဲမြို့ နယ် ထန်းတောကျေးရွာမှ ခေါင်းဆောင် ဦးအောင်လှ၊ ဦးမိုးမင်း၊ ဦးဘိုးချစ်တို့အပေါ်တွင် အထူးခုံရုံးမှ တစ်သက်တစ်ကျွန်းထောင်ဒဏ် ပေးထားသည့်အမိန့်ကို ပယ်ဖျက်၍ သေဒဏ်သို့ ပြောင်းလဲပေးသည်။ အထူးခုံရုံးမှ သေဒဏ်ပေးထားသည့် (၁၅)ဦး၏ စီရင်ချက်ကိုလည်း အတည်ပြု သည်။(၁၇၊၆၊၁၉၃၁) ဆရာစံသည် ပါဝိုင်းစခန်းတွင် အောင်ချမ်းသာမြို့ ကိုတည်သည်။(၂၊၈၊၁၉၃၁) ဆရာစံအား ရှမ်းပုလိပ်များ ဖမ်းမိသာ်။(၁၄၊၈၊၁၉၃၁) ဆရာစံအား သီပေါထောင်မှ သာယာဝတီသို့ ပို့လိုက်သည်။(၁၈၊၈၊၁၉၃၁) ဆရာစံအား အထူးခုံရုံးတွင် တရားစွဲဆိုရန် ပို့သည်။(၂၈၊၈၊၁၉၃၁) သာယာဝတီအထူးခုံရုံးမှ သေဒဏ်အမိန့်ချသည်။(၂၉၊၁၀၊၁၉၃၁) တရားလွှတ်တော်မှ ဆရာစံ၏ သေဒဏ်ကို အတည်ပြုသည်။(၂၈၊၁၁၊၁၉၃၁) နယ်ချဲ့ အစိုးရက ဆရာစံအား သာယာဝတီထောင်ရှိ ကြိုးစင်တွင် တင်၍သတ်သည်။copy from ဟင်းလေးအိုး
No comments:
Post a Comment