အမယ်အို
တုတ်တစ်ချောင်းနဲ့ အမယ်အိုကြီး နေပူစပ်ခါး ရပ်မနားဘဲ ခရီးပြင်းနှင် လောဘတင်၍ ချွေးသံယိုရွှဲ တစ်ဗို့တည်းတွက် ဒုက္ခမီးပို အနေစိုရေး ပူအေးမရွေး ကြောက်ရွံ့ဝေးလျှက် တစ်ဝမ်းတစ်ခါး ယန္တရားပတ် ဆက်မပြတ်သို့ ခန္ဓာမခမ်း သက်ဆက်လှမ်းဖို့ ၀မ်းရေးတစ်ထွာ မနေသာဘဲ ရုန်းကန်လှုပ်ရှား သောကများလျှက် မီးစာဆီခမ်း ဘ၀နွမ်းကို အားယူကုန်းထ လုံ့လကြွ၍ သားမျှင်လျော့တွဲ အားအင်နည်းကာ မောဆို့တုန်ယီ ချို့တဲ့သွေးကြော ချဉ်ဆီမပေါလည်း လမ်းမပေါ်မှာ လှမ်းကြွတုံ့နှေး ဖော်မဖေးဘဲ တစ်ကိုယ်တည်းသာ ချည်းနှီးဗလာ ဖ၀ါးလက်မှာ တော်ရာဝတ်စား ဖိနပ်ပါးလျှက် ဆီမွဲဆံထွေး ဖုန်ရောင်ပြေးနှင့် နေလောင်အသား ကြပ်ခိုးများသို့ ပက်ကြားအက်ကွဲ မွဲခြောက်ရွဲနှင့် ဖြတ်လာလျှောက်သွား လူအများကို လက်ကန်တော့ပေး ကလေးမကျန် အလှူရှင်မှတ် ပူဇော်လျှက်ပင် ရက်ကြွင်းထမင်း နံ့ပျယ်ဟင်းကျန် မခြွင်းချန်ဘဲ နင်းကန်သွတ်သွင်း ပွဲတော်နှင်း၍ ငွေစငွေသား သိမ်နုပ်ပြားကို ကြောမျှင်မြှောင်းထ လက်သနဖြင့် တွက်ဆရေတွေး မှန်းမျှော်တွေးလျှက် နောင်လာလှူလက် အဆက်ဆက်ကို မေတ္တာတေးဆို ဂရုဏာပိုဖို့ ခေါင်းငုံ့စိုက်ပေး တစ်ဝမ်းစာရေး မြန်းလာပေးရန် အရိုအသေ ပေးရပြန်သည် ဘ၀ပေးကံ ဆိုးပါတကား
( မိဿ မင်းသမီး) |
No comments:
Post a Comment