Sunday, 31 July 2011

ဍ နဲ့ ဎ ကို ရေးတာသိပ်မတွေ့ဖူးဘူး။...

ဍ နဲ့ ဎ ကို ရေးတာသိပ်မတွေ့ဖူးဘူး။ ဘယ်မှာသုံးပါသလဲခင်ဗျာ။
Han Thu Teekock 01 August 14:46
ဍ နဲ့ ဎ ကို ရေးတာသိပ်မတွေ့ဖူးဘူး။ ဘယ်မှာသုံးပါသလဲခင်ဗျာ။


:)

:)
Thaw Zin 01 August 11:14
:)


အချစ်လိပ်ပြာ

created the doc: "အချစ်လိပ်ပြာ"
La Luna created the doc: "အချစ်လိပ်ပြာ"

ကျွန်မက

နှစ်လုံးအိမ် တံခါးကို ပတ်ပြီး

သူ့ကို ထားခဲ့တော့

သူက

ဝမ်းနည်းခြင်းဦးထုပ်ကို ဆောင်းထားပြီး

ပလက်ဖောင်းပေါ်မှာ ရပ်လို့ ...ကျန်ခဲ့၊

သူကကျွန်မကိုထားခဲ့တော့

သူ့ခြေနှစ်စုံအရှ့မှာ ကျွန်မက

အနက်ရောင်ဝတ်စုံကို ၀တ်ပြီး

ကြေကွဲခြင်းပ၀ါကို ခြုံလို့ ကျန်ခဲ့

ဒါပေမယ့်

ကျွန်မရဲ့ နှလုံးအိမ် တံခါးတွေက

ရစ်ဝဲလာ တဲ့ လိပ်ပြာရောင်စုံတွေ

သူ့ကိုယ်ပေါ်မှာ

ပျံသန်းလိုက်ပါသွားခဲ့၊ ။

ချစ်ခြင်းလှိုင်



အမေရိကန်စာရေးဆရာ Todd Parrက "အရင်းနှီးဆုံး...

အမေရိကန်စာရေးဆရာ Todd Parrက "အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ဆီကနေ  > သင်လိုချင်တဲ့အရာတွေ ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့"လို့  > ဆိုထားတယ်။အမေရိကန်စာရေးဆရာ Tom Rathက လူတစ်ယောက်မှာ မရှိမဖြစ်တဲ့  > သူငယ်ချင်း(၈)မျိုး  > လိုအပ်တယ်ဆိုပြီး အခုလို့ရေးသားခဲ့ပါတယ်။  >  > (၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း  >  > သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့  > သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်ချင်းမျိုးကို  > ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က  > သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့  > ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ  > သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက  > သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး  > သင်အတုယူထိုက်သူလည်းဖြစ်တယ်။  >  > (၂) ဖေးမကူညီတဲ့သူငယ်ချင်း  >  > သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့  > သူငယ်ချင်း... ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့  > အချင်းချင်း ကူညီအားပေးတဲ့သူဖြစ်တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ  > သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊  > အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို  > ကူညီမျှဝေဖြေရှင်းပေးတယ်။ သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်။  > သူတို့ရဲ့ယုံကြည်မှုက  > သင့်အတွက် စိတ်ဓာတ်အားဆေးဖြစ်တယ်။  >  > (၃) စိတ်တူကိုယ်တူ သူငယ်ချင်း  >  > သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ်။  > ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့  > အာရုံခံစားမှုချင်းတူတယ်။ ဒါကို "နားလည်မှု"လို့ခေါ်တယ်။ သင့်ပြောတဲ့စကား၊  > သင့်တွေးတဲ့အတွေးတွေက သူတို့အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ်။  > စိတ်ချင်းကူညီအားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။ ဒီလိုသူငယ်ချင်းမျိုးက  > သင့်ကိုယ်သင် အသိအမှတ်ပြုလာအောင် ကူညီပေးသလို သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊  > သင့်အကြိုက်တွေကို သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။ ဒီလို  > မျှဝေခံစားမှုမျိုးက သင့်စိတ်ကို  > လုံခြုံစေတယ်။ မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ်။ စိတ်ကူးကို အလွယ်တကူ  > အကောင်အထည်ပေါ်စေတယ်။ သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းစေပါတယ်။  >  > (၄) တံတားခင်းပေးတဲ့ သူငယ်ချင်း  >  > ဒီလိုလူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစားဖြစ်တယ်။ သင် အားရကျေနပ်  > ပျော်ရွှင်ချိန်မှာ သူတို့ရဲ့အရိပ်တွေက သင့်အနားမှာရှိမနေဘူး။ သင့်  > စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာတတ်သူတွေဖြစ်တယ်။  > သင်ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။ မျှော်လင့်ချက်နဲ့  > အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေးတယ်။ စိတ်ဓာတ်တွေ  > အရောင်တောက်အောင် သူတို့မပြတ်ကူညီပေးတတ်တယ်။  >  > (၅) အားပေးဖော် သူငယ်ချင်း  >  > ဒီလိုလူမျိုးက သင့်ကိုပေါ့ပါးလန်းဆန်းစေတဲ့ သူငယ်ချင်းဖြစ်တယ်။  > တချို့သူငယ်ချင်းတွေက သင့်ကိုခင်မင်ရင်းနှီးပြီးတာနဲ့ သင့်ကို  > တခြားစိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ သင့်စိတ်တွေ  > မွန်းကြပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို ပထမဦးဆုံး  > နားထောင်ပေးသူတွေဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက သင့်အတွက်  > အကောင်းဆုံးနားထောင်သူဖြစ်တယ်။ သင့်စိတ်ကို ဖြေလျော့စေတယ်။  > သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာစိတ်ဖိအားမှ မရှိစေတဲ့အပြင် သင့်ရင်ထဲက  > မွန်းကြပ်နေတဲ့အရာတွေကို ထွက်ပေါက်ပေးစေတယ်။ သင့်ရဲ့  > တည်ငြိမ်အေးချမ်းတဲ့စိတ်ကို အသစ်တစ်ဖန် မွေးဖွားစေပါတယ်။  >  > (၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း  >  > သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့အခွင့်အရေးတွေကို  > တွေ့မြင်စေတဲ့သူငယ်ချင်းဖြစ်တယ်     ။ ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာ  > မရှိလို့မဖြစ်ပါဘူး။ သူတို့ဟာ သင့်ရဲ့ "ကမ္ဘာ့စာကြည့်တိုက်"ဖြစ်တယ်။  > ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်းဆက်ဆံရေးကို  > ကျယ်ပြန့်စေတယ်။ သင့်ကို မတူတဲ့စိတ်ခံစားမှုမျိုးကို ခံစားစေတယ်။ သင့်ကို  > မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်းကြည့်တတ်ဖို့ သင်ပေးသူတွေဖြစ်တယ်။  >  > (၇) လမ်းပြသူ သူငယ်ချင်း  >  > သင့်စိတ်ကူးအတွေးတွေကို သန့်ရှင်းကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့  > သူငယ်ချင်းမျိုးဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက လမ်းပြမီး  > အမျိုးအစားဖြစ်တယ်။ လူတိုင်းမှာ  > လိုအပ်ချက်နဲ့ အကူအညီဆိုတာ လိုအပ်တယ်။ တချို့အခက်အခဲတွေကို  > သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အခါ  > ဒီလိုသူငယ်ချင်းမျိုးက သင့်ကို  > စိတ်ပါလက်ပါကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။ သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊  > စိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ် သူတို့ကို သင်ရင်ဖွင့်နိုင်တယ်။ သူတို့က ရှုပ်ထွေးနေတဲ့  > သင့်စိတ်ကို ကူညီသန့်ရှင်းပေးပြီး ကြည်လင်တဲ့ဖက်ကို လမ်းညွှန်ပေးတယ်။  >  > (၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း  >  > ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် သူတို့ကိုအရင် သင်ပြောပြတယ်။  > သူတို့ဟာ သင်နဲ့ အမြဲအတူရှိနေတယ်။ ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့  > ရင်ခွင်ရှိတယ်။ တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထားရှိတယ်။ သူတို့ကို  > သင်ဘယ်အချိန်သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကိုနွေးနွေးထွေးထွေး ကြိုဆိုတယ်။  > သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်းဖြစ်တယ်။ တစ်ခါတလေ  > ပြောစရာ စကားများများစားစား မရှိချင်နေ သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ  > သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။  >  > သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲမတွေ့ဆုံမိတိုင်း မေ့သွားပြီလို့  > မဆိုနိုင်ပါဘူး။  > သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို့ရပေမယ့် ခင်မင်ရင်းနှီးမှုက  > ယုတ်လျော့သွားလို့ မရဘူး။  > သင့်ဘဝတစ်သက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှယောက်ရှိနိုင်မလဲ?  > တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို  > တန်ဖိုးထားမြတ်နိုးလိုက်ပါ။
La Luna 01 August 10:30
အမေရိကန်စာရေးဆရာ Todd Parrက "အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ဆီကနေ

> သင်လိုချင်တဲ့အရာတွေ ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့"လို့

> ဆိုထားတယ်။အမေရိကန်စာရေးဆရာ Tom Rathက လူတစ်ယောက်မှာ မရှိမဖြစ်တဲ့

> သူငယ်ချင်း(၈)မျိုး

> လိုအပ်တယ်ဆိုပြီး အခုလို့ရေးသားခဲ့ပါတယ်။

>

> (၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း

>

> သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့

> သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်ချင်းမျိုးကို

> ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က

> သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့

> ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ

> သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက

> သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး

> သင်အတုယူထိုက်သူလည်းဖြစ်တယ်။

>

> (၂) ဖေးမကူညီတဲ့သူငယ်ချင်း

>

> သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့

> သူငယ်ချင်း... ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့

> အချင်းချင်း ကူညီအားပေးတဲ့သူဖြစ်တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ

> သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊

> အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို

> ကူညီမျှဝေဖြေရှင်းပေးတယ်။ သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်။

> သူတို့ရဲ့ယုံကြည်မှုက

> သင့်အတွက် စိတ်ဓာတ်အားဆေးဖြစ်တယ်။

>

> (၃) စိတ်တူကိုယ်တူ သူငယ်ချင်း

>

> သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ်။

> ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့

> အာရုံခံစားမှုချင်းတူတယ်။ ဒါကို "နားလည်မှု"လို့ခေါ်တယ်။ သင့်ပြောတဲ့စကား၊

> သင့်တွေးတဲ့အတွေးတွေက သူတို့အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ်။

> စိတ်ချင်းကူညီအားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။ ဒီလိုသူငယ်ချင်းမျိုးက

> သင့်ကိုယ်သင် အသိအမှတ်ပြုလာအောင် ကူညီပေးသလို သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊

> သင့်အကြိုက်တွေကို သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။ ဒီလို

> မျှဝေခံစားမှုမျိုးက သင့်စိတ်ကို

> လုံခြုံစေတယ်။ မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ်။ စိတ်ကူးကို အလွယ်တကူ

> အကောင်အထည်ပေါ်စေတယ်။ သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းစေပါတယ်။

>

> (၄) တံတားခင်းပေးတဲ့ သူငယ်ချင်း

>

> ဒီလိုလူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစားဖြစ်တယ်။ သင် အားရကျေနပ်

> ပျော်ရွှင်ချိန်မှာ သူတို့ရဲ့အရိပ်တွေက သင့်အနားမှာရှိမနေဘူး။ သင့်

> စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာတတ်သူတွေဖြစ်တယ်။

> သင်ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။ မျှော်လင့်ချက်နဲ့

> အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေးတယ်။ စိတ်ဓာတ်တွေ

> အရောင်တောက်အောင် သူတို့မပြတ်ကူညီပေးတတ်တယ်။

>

> (၅) အားပေးဖော် သူငယ်ချင်း

>

> ဒီလိုလူမျိုးက သင့်ကိုပေါ့ပါးလန်းဆန်းစေတဲ့ သူငယ်ချင်းဖြစ်တယ်။

> တချို့သူငယ်ချင်းတွေက သင့်ကိုခင်မင်ရင်းနှီးပြီးတာနဲ့ သင့်ကို

> တခြားစိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ သင့်စိတ်တွေ

> မွန်းကြပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို ပထမဦးဆုံး

> နားထောင်ပေးသူတွေဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက သင့်အတွက်

> အကောင်းဆုံးနားထောင်သူဖြစ်တယ်။ သင့်စိတ်ကို ဖြေလျော့စေတယ်။

> သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာစိတ်ဖိအားမှ မရှိစေတဲ့အပြင် သင့်ရင်ထဲက

> မွန်းကြပ်နေတဲ့အရာတွေကို ထွက်ပေါက်ပေးစေတယ်။ သင့်ရဲ့

> တည်ငြိမ်အေးချမ်းတဲ့စိတ်ကို အသစ်တစ်ဖန် မွေးဖွားစေပါတယ်။

>

> (၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း

>

> သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့အခွင့်အရေးတွေကို

> တွေ့မြင်စေတဲ့သူငယ်ချင်းဖြစ်တယ်



။ ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာ

> မရှိလို့မဖြစ်ပါဘူး။ သူတို့ဟာ သင့်ရဲ့ "ကမ္ဘာ့စာကြည့်တိုက်"ဖြစ်တယ်။

> ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်းဆက်ဆံရေးကို

> ကျယ်ပြန့်စေတယ်။ သင့်ကို မတူတဲ့စိတ်ခံစားမှုမျိုးကို ခံစားစေတယ်။ သင့်ကို

> မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်းကြည့်တတ်ဖို့ သင်ပေးသူတွေဖြစ်တယ်။

>

> (၇) လမ်းပြသူ သူငယ်ချင်း

>

> သင့်စိတ်ကူးအတွေးတွေကို သန့်ရှင်းကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့

> သူငယ်ချင်းမျိုးဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက လမ်းပြမီး

> အမျိုးအစားဖြစ်တယ်။ လူတိုင်းမှာ

> လိုအပ်ချက်နဲ့ အကူအညီဆိုတာ လိုအပ်တယ်။ တချို့အခက်အခဲတွေကို

> သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အခါ

> ဒီလိုသူငယ်ချင်းမျိုးက သင့်ကို

> စိတ်ပါလက်ပါကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။ သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊

> စိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ် သူတို့ကို သင်ရင်ဖွင့်နိုင်တယ်။ သူတို့က ရှုပ်ထွေးနေတဲ့

> သင့်စိတ်ကို ကူညီသန့်ရှင်းပေးပြီး ကြည်လင်တဲ့ဖက်ကို လမ်းညွှန်ပေးတယ်။

>

> (၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း

>

> ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် သူတို့ကိုအရင် သင်ပြောပြတယ်။

> သူတို့ဟာ သင်နဲ့ အမြဲအတူရှိနေတယ်။ ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့

> ရင်ခွင်ရှိတယ်။ တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထားရှိတယ်။ သူတို့ကို

> သင်ဘယ်အချိန်သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကိုနွေးနွေးထွေးထွေး ကြိုဆိုတယ်။

> သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်းဖြစ်တယ်။ တစ်ခါတလေ

> ပြောစရာ စကားများများစားစား မရှိချင်နေ သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ

> သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။

>

> သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲမတွေ့ဆုံမိတိုင်း မေ့သွားပြီလို့

> မဆိုနိုင်ပါဘူး။

> သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို့ရပေမယ့် ခင်မင်ရင်းနှီးမှုက

> ယုတ်လျော့သွားလို့ မရဘူး။

> သင့်ဘဝတစ်သက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှယောက်ရှိနိုင်မလဲ?

> တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို

> တန်ဖိုးထားမြတ်နိုးလိုက်ပါ။


အငိုမျက်လုံး၊ အပြုံးမျက်နှာ၊ ဤကမ္ဘာ

created the doc: "အငိုမျက်လုံး၊ အပြုံးမျက်နှာ၊ ဤကမ္ဘာ"
La Luna created the doc: "အငိုမျက်လုံး၊ အပြုံးမျက်နှာ၊ ဤကမ္ဘာ"

အငိုမျက်လုံး၊ အပြုံးမျက်နှာ၊ ဤကမ္ဘာ

-----------------------------------------

သူ ငိုတယ်...

ကျွန်တော်တို့ တေးဆိုနေတုန်းပဲ။

သားရည်ပေါ် အိပ်၊ သားရည်နား စား

ကျွန်တော်တို့ ဒီမှာ နေထိုင်သွားကြတယ်။

အပေးမရှိ အယူချည့်သက်သက်နဲ့

အားမနာ၊ လျှာမကျိုး

သူ့ အရေခွံကို လှန်ချိုးတယ်။

အဆီအနှစ်ဆို ထုတ်ယူ

ခေါင်းမိုးထူထူကို ထိုးဖောက်

သူ ဘယ်လောက်ထိ ခရီးပေါက်လေမလဲ။

သန့်စင်ကျင်း တူးမှုကနေ

အဏုမြူ စမ်းသပ်ဖောက်ခွဲမှု အဆုံး...

သောက်ရေတွင်း ခမ်းခြောက်မှုကနေ

ဆူနာမီရေလှိုင်းတွေ အဆုံး...

မြေလွှာလေး ခြစ်ယူမှုကနေ

ရွှေတူး မိုင်းကျင်းတွေ အဆုံး...

သစ်ပင်ငယ်လေး သေဆုံးမှုကနေ

သစ်တောတွေ ပြုန်းတီးစေမှု အဆုံး...

ဆေးလိပ်ငွေ့ ထုတ်ရှိုက်မှုကနေ

မီဂါ မီးခိုးထုတ် စက်ရုံကြီးတွေအဆုံး...

အရေပြား ယားယံမှုကနေ

အိုဇုန်းလွှာ ပေါက်ပြဲမှုအဆုံး ...

မချိပြုံးနဲ့ ကုန်းရုန်းပြီး သည်းခံရတယ်။

ကျွန်တော်တို့ သာသာလေး တွေးတဲ့အချိန်

သူက နာနာလေး ပြေးနေရတာ မသိဘူး။

သူ အဖျားကြီးတိုင်း

ကျွန်တော်တို့ရဲ့ ဆေးခန်းတိုင်းကို ပိတ်ထားကြတယ်။

သူ ချောင်းဆိုး၊ နှာချေတဲ့အခါ

မလိုတမာ အပြုံးနဲ့ မျက်ခုံးကို တွန့်ပစ်

မျက်နှာကို လက်နဲ့ အုပ်ရစ်တယ်။

မျက်နှာလွှဲ ခဲပစ်

ရယ်စရာ အဖြစ်နဲ့ သူ့တောင်းပန်စကားကို

ဘီယာချိုချို၊ ဝိုင်အိုအိုနဲ့ မြည်းပစ်ခဲ့ကြ

လှည့်မကြည့်တတ်ကြဘူး။

ဟုတ်တယ်...

သူ ငိုတယ်။

သားရည်ပေါ် အိပ်၊ သားရည်နား စား

ကျွန်တော်တို့ ...

ဒီမှာ နေထိုင်သွားခဲ့ကြပါတယ်။ ။

(Earth Day အား ရေးဖွဲ့ဂုဏ်ပြုပါတယ်။)

အိပ်မက်ရှင်

1:19 pm

22/4/2011



ရဲဘော်တို့..........ကျိုးပြီဗျို့။။။။။။။ဒီမှာ...

ရဲဘော်တို့..........ကျိုးပြီဗျို့။။။။။။။ဒီမှာ ၁နာရီထိုးနေပြီ။။ဂွတ်နိုက်ဗျာ။။။။။။
John Yoharmar 01 August 00:47
ရဲဘော်တို့..........ကျိုးပြီဗျို့။။။။။။။ဒီမှာ ၁နာရီထိုးနေပြီ။။ဂွတ်နိုက်ဗျာ။။။။။။


လမ်းခွဲဆုတောင်း

လမ်းခွဲဆုတောင်း  အရောင်မတူမှတော့ အမှောင်ထူထူထဲမှာ ဇွတ်မှိတ်လက်မတွဲချင်တော့ဘူး  ရုးခဲ့ပြီးပြီပဲလေ ... မနက်ဖြန်တွေမှာ နေသာသလိုနေလိုက် စရိုက်မတူမှတော့ လိုက်ပူမနေချင်တော့ဘူး မင်းရွေးလို့ မင်းလျှောက်တဲ့လမ်း မင်းတသက်လုံးလှမ်းနိုင်ပါစေ ... ။ ။
Smo X Ke 01 August 00:42
လမ်းခွဲဆုတောင်း

အရောင်မတူမှတော့
အမှောင်ထူထူထဲမှာ
ဇွတ်မှိတ်လက်မတွဲချင်တော့ဘူး
ရုးခဲ့ပြီးပြီပဲလေ ...
မနက်ဖြန်တွေမှာ
နေသာသလိုနေလိုက်
စရိုက်မတူမှတော့
လိုက်ပူမနေချင်တော့ဘူး
မင်းရွေးလို့ မင်းလျှောက်တဲ့လမ်း
မင်းတသက်လုံးလှမ်းနိုင်ပါစေ ... ။ ။


ကျွန်တော်ရေးသည်။

created the doc: "ကျွန်တော်ရေးသည်။"
Ye Naung Soe created the doc: "ကျွန်တော်ရေးသည်။"

ကောင်လေးကပြောတယ်ကောင်မလေးကို အတူတူနေကြရအောင်တဲ့ကောင်မလေးကပြုံးပြီး နှစ်ယောက်ကမ္ဘာလေးလားတဲ့ကောင်လေးက အင်း..ခဏလောက်ပေါ့..တနှစ်နှနစ်လောက်လေ..လို့ ပြောတော့ကောင်မလေးကနှုတ်ခမ်းလေးကိုက်ပြီး ဘာပြောတယ်!!!လို့ ပြောလိုက်တယ်ဒီတော့ကောင်လေးကပြုံးပြီး...သားသား၊မီးမီး လေးတွေယူရဦးမယ်လေ...လို့ ပြောလိုက်တော့ကောင်မလေးကရှက်ပြုံးလေးနဲ့  ... အင်း...လို့ ပြောပြီး.....ကောင်လေးရင်ခွင်ထဲကို ခေါင်းတိုးဝင်....... ပြီးပါပြီ...



တစ်ခုခုများအမှားပါရင် ငါ့ကို ခွင့်လွှတ်ပါ။

တစ်ခုခုများအမှားပါရင် ငါ့ကို ခွင့်လွှတ်ပါ။ သွားရမဲ့ ခရီးကဝေးတော့ အရမ်းကြမ်းတယ်။ စိတ်ခိုင်ခိုင်ထားတဲ့ ကြားကငိုမိရင်ပြောပါ။ စုံနသာမြိုင် အလွမ်းတွေနဲ့ စီချယ်ထားတဲ့ မျက်ရည်မို့ပါ။ မသေသေးပါဘူးလို့ပြောနေတဲ့ လူသေတစ်ယောက်လို မစခင်ထဲက ရှုံးခဲ့တဲ့ ဇာတ်လမ်း ဘယ်တော့မှ မလွမ်းဘူး။ Johnyoharmar  (ကဗျာမဟုတ်ပါ..ဟီးးးးးးးး)း)
John Yoharmar 31 July 23:20
တစ်ခုခုများအမှားပါရင် ငါ့ကို ခွင့်လွှတ်ပါ။
သွားရမဲ့ ခရီးကဝေးတော့ အရမ်းကြမ်းတယ်။
စိတ်ခိုင်ခိုင်ထားတဲ့ ကြားကငိုမိရင်ပြောပါ။
စုံနသာမြိုင် အလွမ်းတွေနဲ့
စီချယ်ထားတဲ့ မျက်ရည်မို့ပါ။
မသေသေးပါဘူးလို့ပြောနေတဲ့ လူသေတစ်ယောက်လို
မစခင်ထဲက ရှုံးခဲ့တဲ့ ဇာတ်လမ်း
ဘယ်တော့မှ မလွမ်းဘူး။
Johnyoharmar

(ကဗျာမဟုတ်ပါ..ဟီးးးးးးးး)း)


ရွာလိုရွာလော့ မိုးနတ်သား

ရွာလိုရွာလော့ မိုးနတ်သား  ဓနိယ နွားကျောင်းသားဆို၏။ ငါသည် ထမင်းချက်ပြီးပြီ။ ဤမဟီမြေကမ်းပါး၌ အပေါင်းအသင်းတို့ နှင့် ငါနေ၏။ တင်းကုပ်ကိုမိုးပြီးပြီ။ မီးကိုညှိပြီးပြီ။ ရွာလိုရွာလော့ မိုးနတ်သား။  ဘုရားသခင်ဆိုတော်မူ၏။ ငါ့တွင် အမျက်မရှိ။ ငြောင့်တံသင်းလည်းကင်း၏။ ဤမဟီမြစ်ကမ်းပါး၌ တညတာမျှ ငါနေသည်။ ငါ့တင်းကုပ်သည် အမိုးဟင်းလင်းဖြစ်၏။ ငါ့မီးသည် ငြိမ်းသတ်ပြီးဖြစ်၏။ ရွာလိုရွာလော့ မိုးနတ်သား။  ဓနိယ နွားကျောင်းသားဆို၏။ ဤအရပ်၌ မှက်၊ ခြင်၊ ယင်ရဲတို့မရှိ။ ရေကြည်ရာ မြက်နုရာ၌ ငါ့နွားများ ကျက်စားကြသည်။ မိုးကြီး ရွာလည်း သူတို့ခံနိုင်ရည်ရှိကြပါ၏။ ရွာလိုရွာလော့ မိုးနတ်သား။  ဘုရားသခင်ဆိုတော်မူ၏။ ငါသည် ဖောင်ကိုကောင်းစွာဖွဲ့ ၍ ဝဲဩဃကိုဖြတ်ကူးကာ တဖက်ကမ်းသို့ ရောက်ခဲ့ပြီ။ ငါ၏အဖို့ ဖောင်ကုတို့ သည် မလိုတော့ ရွာလိုရွာလော့ မိုးနတ်သား။  ဓနိယ နွားကျောင်းသားဆို၏။ ငါ့မယားသည် ငါ့အလိုသို့ လိုက်၏။ တည်ကြည်၏။ ငယ်ပေါင်းကြင်ဆွေဖြစ်၏။ သူ၏အကြောင်း မကောင်းသတင်း ငါမကြားရ။ ရွာလိုရွာလော့ မိုးနတ်သား။  ဘုရားသခင်ဆိုတော်မူ၏။ ငါ့စိတ်သည် ငါ့အလိုသို့ လိုက်၏။ ကိလေသာမှ လွတ်မြောက်ခဲ့၍ ကြာရှည်စွာ ပွားများအပ်သည် ကောင်းမွန်စွာ ဆုံးမအပ်သည် ဖြစ်သောကြောင့် ငါ့အား မကောင်းမှုမရှိတော့ပြီ။ ရွာလိုရွာလော့ မိုးနတ်သား။  ဓနိယ နွားကျောင်းသားဆို၏။ ငါသည် ကိုယ်ပိုင်အလုပ်ဖြင့် အသက်မွေး၏။ ငါ့သားသမီးတို့ သည် ငါနှင့်အတူနေကြ၏။ ကျန်းမာသန်စွမ်းကြ၏။ သူတို့အကြောင်း မကောင်းသတင်း ငါမကြားရ။ ရွာလိုရွာလော့ မိုးနတ်သား။  ဘုရားသခင်ဆိုတော်မူ၏။ ငါသည် သူခစားမဟုတ်။ ရအပ်သောအစွမ်းဖြင့် ခပ်သိမ်းသောလောကတွင် ငါလှည့်လည်၏။ ငါ့အဖို့  အခကြေးငွေမလိုတော့။ ရွာလိုရွာလော့ မိုးနတ်သား။  ဓနိယ နွားကျောင်းသားဆို၏။ ငါ့မှာ နွားသိုးပေါက်များ ရှိ၏။ နို့ စို့ နွားငယ်များရှိ၏။ ဇီးနှင့်နွားမများလည်းမရှိ။ ရှေ့ဆောင်လမ်းပြ နွားလားဥဿဘလည်းမရှိ။ ရွာလိုရွာလော့ မိုးနတ်သား။  ဓနိယ နွားကျောင်းသားဆို၏။ ချည်တိုင်ငုတ်တို့ ကို ခိုင်မြဲစွာစိုက်ပြီးပြီ။ ဖြူဆံမြက်ကြိုးသစ်တို့ကို ကောင်းစွာကျစ်ပြီးပြီ။ ကြိုးသစ်တို့ ကို နွားငယ်တို့ သည်လည်း မဖြတ်နိုင်ကုန်။ ရွာလိုရွာလော့ မိုးနတ်သား။  ဘုရားသခင်ဆိုတော်မူ၏။ နှောင်ကြိုးကိုဖြတ်၍ လွတ်မြောက်သောနွားကဲ့သို့  နွယ်ကြိုးကိုဖြတ်၍ လွတ်မြောက်သောဆင်ကဲ့သို့  ပဋိသန္ဓေနေခြင်းမှ ငါလွတ်မြောက်ပြီ။ ရွာလိုရွာလော့ မိုးနတ်သား။  ထိုခဏ၌ ကုန်းကိုလည်းကောင်း ကျင်းကိုလည်းကောင်း ပြည့်လျှမ်းစေလျက် မိုးကြီးသည်းစွာ ရွာ၏။ မိုးသံကိုကြားသောအခါ ဓနိယသည် ဤစကားကိုဆို၏။ ဘုရားသခင် ဖူးမြင်ရ၍ ငါတို့ အဖို့  ကျေးဇူးများစွ။ မျက်စိသခင် ကျေးဇူးရှင်။ အသျှင်ဘုရားကို ကိုးကွယ်ရာဟူ၍ ကျွန်ုပ်တို့ ဆည်းကပ်ပါ၏။  မုနိသနင်း ရဟန်းမင်း အသျှင်ဘုရားသည် ကျွန်ုပ်တို့ ၏ ဆရာဖြစ်တော်မူပါလော့။ ကျွန်ုပ်တို့ လင်မယားသည် အသျှင်ဘုရားထံတော်ပါး၌ မြတ်သောအကျင့်ကို ကျင့်လိုကြပါ၏။ တဖက်ကမ်းသို့ ကူးမြောက်ကာ ဆင်းရဲ၏အဆုံးကို ပြုလိုကြပါကုန်၏ဘုရား။ ။  မင်းသုဝဏ် (၂၊ ၃၊ ၁၉၇၁) အင်းလျားကန်သို့ အိုကုတို့ ကဗျာစာအုပ်မှ
Ka Yin Lay 31 July 23:06
ရွာလိုရွာလော့ မိုးနတ်သား

ဓနိယ နွားကျောင်းသားဆို၏။
ငါသည်
ထမင်းချက်ပြီးပြီ။
ဤမဟီမြေကမ်းပါး၌
အပေါင်းအသင်းတို့ နှင့်
ငါနေ၏။
တင်းကုပ်ကိုမိုးပြီးပြီ။
မီးကိုညှိပြီးပြီ။
ရွာလိုရွာလော့ မိုးနတ်သား။

ဘုရားသခင်ဆိုတော်မူ၏။
ငါ့တွင်
အမျက်မရှိ။
ငြောင့်တံသင်းလည်းကင်း၏။
ဤမဟီမြစ်ကမ်းပါး၌
တညတာမျှ ငါနေသည်။
ငါ့တင်းကုပ်သည်
အမိုးဟင်းလင်းဖြစ်၏။
ငါ့မီးသည်
ငြိမ်းသတ်ပြီးဖြစ်၏။
ရွာလိုရွာလော့ မိုးနတ်သား။

ဓနိယ နွားကျောင်းသားဆို၏။
ဤအရပ်၌
မှက်၊ ခြင်၊ ယင်ရဲတို့မရှိ။
ရေကြည်ရာ မြက်နုရာ၌
ငါ့နွားများ ကျက်စားကြသည်။
မိုးကြီး ရွာလည်း
သူတို့ခံနိုင်ရည်ရှိကြပါ၏။
ရွာလိုရွာလော့ မိုးနတ်သား။

ဘုရားသခင်ဆိုတော်မူ၏။
ငါသည်
ဖောင်ကိုကောင်းစွာဖွဲ့ ၍
ဝဲဩဃကိုဖြတ်ကူးကာ
တဖက်ကမ်းသို့ ရောက်ခဲ့ပြီ။
ငါ၏အဖို့ ဖောင်ကုတို့ သည်
မလိုတော့
ရွာလိုရွာလော့ မိုးနတ်သား။

ဓနိယ နွားကျောင်းသားဆို၏။
ငါ့မယားသည်
ငါ့အလိုသို့ လိုက်၏။
တည်ကြည်၏။
ငယ်ပေါင်းကြင်ဆွေဖြစ်၏။
သူ၏အကြောင်း
မကောင်းသတင်း ငါမကြားရ။
ရွာလိုရွာလော့ မိုးနတ်သား။

ဘုရားသခင်ဆိုတော်မူ၏။
ငါ့စိတ်သည်
ငါ့အလိုသို့ လိုက်၏။
ကိလေသာမှ လွတ်မြောက်ခဲ့၍
ကြာရှည်စွာ ပွားများအပ်သည်
ကောင်းမွန်စွာ ဆုံးမအပ်သည်
ဖြစ်သောကြောင့်
ငါ့အား
မကောင်းမှုမရှိတော့ပြီ။
ရွာလိုရွာလော့ မိုးနတ်သား။

ဓနိယ နွားကျောင်းသားဆို၏။
ငါသည်
ကိုယ်ပိုင်အလုပ်ဖြင့်
အသက်မွေး၏။
ငါ့သားသမီးတို့ သည်
ငါနှင့်အတူနေကြ၏။
ကျန်းမာသန်စွမ်းကြ၏။
သူတို့အကြောင်း
မကောင်းသတင်း ငါမကြားရ။
ရွာလိုရွာလော့ မိုးနတ်သား။

ဘုရားသခင်ဆိုတော်မူ၏။
ငါသည်
သူခစားမဟုတ်။
ရအပ်သောအစွမ်းဖြင့်
ခပ်သိမ်းသောလောကတွင်
ငါလှည့်လည်၏။
ငါ့အဖို့ 
အခကြေးငွေမလိုတော့။
ရွာလိုရွာလော့ မိုးနတ်သား။

ဓနိယ နွားကျောင်းသားဆို၏။
ငါ့မှာ
နွားသိုးပေါက်များ ရှိ၏။
နို့ စို့ နွားငယ်များရှိ၏။
ဇီးနှင့်နွားမများလည်းမရှိ။
ရှေ့ဆောင်လမ်းပြ
နွားလားဥဿဘလည်းမရှိ။
ရွာလိုရွာလော့ မိုးနတ်သား။

ဓနိယ နွားကျောင်းသားဆို၏။
ချည်တိုင်ငုတ်တို့ ကို
ခိုင်မြဲစွာစိုက်ပြီးပြီ။
ဖြူဆံမြက်ကြိုးသစ်တို့ကို
ကောင်းစွာကျစ်ပြီးပြီ။
ကြိုးသစ်တို့ ကို နွားငယ်တို့ သည်လည်း
မဖြတ်နိုင်ကုန်။
ရွာလိုရွာလော့ မိုးနတ်သား။

ဘုရားသခင်ဆိုတော်မူ၏။
နှောင်ကြိုးကိုဖြတ်၍
လွတ်မြောက်သောနွားကဲ့သို့ 
နွယ်ကြိုးကိုဖြတ်၍
လွတ်မြောက်သောဆင်ကဲ့သို့ 
ပဋိသန္ဓေနေခြင်းမှ
ငါလွတ်မြောက်ပြီ။
ရွာလိုရွာလော့ မိုးနတ်သား။

ထိုခဏ၌
ကုန်းကိုလည်းကောင်း ကျင်းကိုလည်းကောင်း
ပြည့်လျှမ်းစေလျက်
မိုးကြီးသည်းစွာ ရွာ၏။
မိုးသံကိုကြားသောအခါ
ဓနိယသည် ဤစကားကိုဆို၏။
ဘုရားသခင် ဖူးမြင်ရ၍
ငါတို့ အဖို့  ကျေးဇူးများစွ။
မျက်စိသခင် ကျေးဇူးရှင်။
အသျှင်ဘုရားကို ကိုးကွယ်ရာဟူ၍
ကျွန်ုပ်တို့ ဆည်းကပ်ပါ၏။

မုနိသနင်း ရဟန်းမင်း
အသျှင်ဘုရားသည် ကျွန်ုပ်တို့ ၏
ဆရာဖြစ်တော်မူပါလော့။
ကျွန်ုပ်တို့ လင်မယားသည်
အသျှင်ဘုရားထံတော်ပါး၌
မြတ်သောအကျင့်ကို ကျင့်လိုကြပါ၏။
တဖက်ကမ်းသို့ ကူးမြောက်ကာ
ဆင်းရဲ၏အဆုံးကို
ပြုလိုကြပါကုန်၏ဘုရား။ ။

မင်းသုဝဏ်
(၂၊ ၃၊ ၁၉၇၁)
အင်းလျားကန်သို့ အိုကုတို့ ကဗျာစာအုပ်မှ


မင်္ဂလာပါ

မင်္ဂလာပါ
Kyaw Myo Hein 31 July 15:57
မင်္ဂလာပါ


မပိုင်ပန်း

မပိုင်ပန်း မနေလိုသည် သူ့ ကို ဖူးမြင်နေရရ်ျ ။ မသေလိုသည် သူ့ ကိုဖူးမြင်နေရရ်ျ ။ နေမှုသေမှု  ကျွ်နှစ်ခုကို  ယခုထက်တိုင် မဖြတ်နိုင်ခဲ့ မပိုင်ပန်းက ပွင့်လေရျွ် ။ တင်မိုး
Nyo Nyo Tin Hla 31 July 15:37
မပိုင်ပန်း
မနေလိုသည် သူ့ ကို ဖူးမြင်နေရရ်ျ ။
မသေလိုသည် သူ့ ကိုဖူးမြင်နေရရ်ျ ။
နေမှုသေမှု ကျွ်နှစ်ခုကို
ယခုထက်တိုင် မဖြတ်နိုင်ခဲ့
မပိုင်ပန်းက ပွင့်လေရျွ် ။
တင်မိုး


မသူတော် ဟယ်ရီ စကားပုံများ

မသူတော် ဟယ်ရီ စကားပုံများ  မြန်လယ်တလည်၊ ဉာဏ်ကြွယ်စီသည်၊ ဟယ်ရီကျွန်ုပ်၊ နားမရှိဗလာ၊ နားမခံသာအောင်၊ လင်္ကာစုတ်ဖြင့်၊ အာပုတ်ငိုပြ၊ စကားပုံမဟုတ်၊ တမျိုးထုတ်ပြီးလျှင်၊ အချုပ်ကို ရောက်အောင်ပို့ခဲ့မည်။  ၁။ တွေးမိတွေးရာ ရေးမိရေးရာ မရေးပါနှင့်၊ ကြွေးရှိမပေးသာ ပြေးမိပြေးရာ မပြေးပါနှင့်။ ...တွေးမိတွေးရာ ရေးမိရေးရာ ရေးက အမြဲတမ်းကြံဆရမည်။ ကြွေးရှိမပေးသာ ပြေးမိပြေးရာပြေးက ရဲအဖမ်းခံကြရမည်။  ၂။ ဗေဒါရီလိုလည်း ရေမခပ်နှင့်၊ မေဓာဝီလိုလည်း မနေအပ်သင့်။ ဗေဒါရီလို ရေခပ်က တကိုယ်တည်း နေကုန် ညစ်လိမ့်မည်။ မေဓာဝီလို နေတတ်က အပျိုကြီးတွေအကုန် ဖြစ်လိမ့်မည်။  ၃။ ဒေဝါလီလည်း မခံနှင့်၊ မေဓာဝီလည်း မကြံနှင့်။ ဒေဝါလီခံက မွဲနစ်၍ လူဖြစ်ရှုံးတတ်သည်။ မေဓာဝီကြံက အမြဲမချစ်၍ သူပစ်မုန်းတတ်သည်။  ၄။ သေရွာဆီကိုလည်း မသွားချင်နှင့်၊ မေဓာဝီလိုလည်း စကားမထွင်သင့်။ သေရွာဆီကိုသွားချင်က နတ်ရွာမရောက်လျှင် ခက်လိမ့်မည်။ မေဓာဝီလိုစကားထွင်က ပြဿနာပေါက် အစဉ် တက်လိမ့်မည်။  ၅။ ရပ်လို့မနေ သွားရင်းသေမည် အမှန်တရားဆီ ရဲရဲချီ (ဆရာလေး မေဓာဝီ) ငတ်လို့မနေ စားရင်းသေမည် ပန်းကန်ပြားဆီ ရဲရဲချီ (မသူတော် ဟယ်ရီ)  သံသရာလောက၊ နှစ်ဝအကျိုး၊ ဆိုးများစေမည်၊ ကြံရွယ်ရည်လျက်၊ ဟယ်ရီမည်ခေါ်၊ ငါမသူတော်လျှင်၊ နာအော်ဖွယ်ရာ၊ ကုန်းတိုက်စာကို၊ ဒါယိကာ ဒါယိကာမ၊ မှတ်သားကြ၍၊ နေ့ ည လေ့ကျက်ကုန်ကြလော့။ *** မသူတော်ဟယ်ရီ စကားပုံ ပြီး၏။  http://www.facebook.com/l/eAQBmGNncAQDTj3w9mO1qtViYZaj2KgO3R2it0ESkKEFNrw/maydar-wii.blogspot.com/2010/09/blog-post_1451.html
Harry Lwin 31 July 15:09
မသူတော် ဟယ်ရီ စကားပုံများ

မြန်လယ်တလည်၊ ဉာဏ်ကြွယ်စီသည်၊ ဟယ်ရီကျွန်ုပ်၊ နားမရှိဗလာ၊ နားမခံသာအောင်၊ လင်္ကာစုတ်ဖြင့်၊ အာပုတ်ငိုပြ၊ စကားပုံမဟုတ်၊ တမျိုးထုတ်ပြီးလျှင်၊ အချုပ်ကို ရောက်အောင်ပို့ခဲ့မည်။

၁။ တွေးမိတွေးရာ ရေးမိရေးရာ မရေးပါနှင့်၊ ကြွေးရှိမပေးသာ ပြေးမိပြေးရာ မပြေးပါနှင့်။
...တွေးမိတွေးရာ ရေးမိရေးရာ ရေးက အမြဲတမ်းကြံဆရမည်။ ကြွေးရှိမပေးသာ ပြေးမိပြေးရာပြေးက ရဲအဖမ်းခံကြရမည်။

၂။ ဗေဒါရီလိုလည်း ရေမခပ်နှင့်၊ မေဓာဝီလိုလည်း မနေအပ်သင့်။
ဗေဒါရီလို ရေခပ်က တကိုယ်တည်း နေကုန် ညစ်လိမ့်မည်။ မေဓာဝီလို နေတတ်က အပျိုကြီးတွေအကုန် ဖြစ်လိမ့်မည်။

၃။ ဒေဝါလီလည်း မခံနှင့်၊ မေဓာဝီလည်း မကြံနှင့်။
ဒေဝါလီခံက မွဲနစ်၍ လူဖြစ်ရှုံးတတ်သည်။ မေဓာဝီကြံက အမြဲမချစ်၍ သူပစ်မုန်းတတ်သည်။

၎။ သေရွာဆီကိုလည်း မသွားချင်နှင့်၊ မေဓာဝီလိုလည်း စကားမထွင်သင့်။
သေရွာဆီကိုသွားချင်က နတ်ရွာမရောက်လျှင် ခက်လိမ့်မည်။ မေဓာဝီလိုစကားထွင်က ပြဿနာပေါက် အစဉ် တက်လိမ့်မည်။

၅။ ရပ်လို့မနေ သွားရင်းသေမည် အမှန်တရားဆီ ရဲရဲချီ (ဆရာလေး မေဓာဝီ)
ငတ်လို့မနေ စားရင်းသေမည် ပန်းကန်ပြားဆီ ရဲရဲချီ (မသူတော် ဟယ်ရီ)

သံသရာလောက၊ နှစ်ဝအကျိုး၊ ဆိုးများစေမည်၊ ကြံရွယ်ရည်လျက်၊ ဟယ်ရီမည်ခေါ်၊ ငါမသူတော်လျှင်၊ နာအော်ဖွယ်ရာ၊ ကုန်းတိုက်စာကို၊ ဒါယိကာ ဒါယိကာမ၊ မှတ်သားကြ၍၊ နေ့ ည လေ့ကျက်ကုန်ကြလော့။
***
မသူတော်ဟယ်ရီ စကားပုံ ပြီး၏။

http://www.facebook.com/l/eAQBmGNncAQDTj3w9mO1qtViYZaj2KgO3R2it0ESkKEFNrw/maydar-wii.blogspot.com/2010/09/blog-post_1451.html


မောင်မောင်ကြီး ဆိုထားသော ခင်မောင်ရင် ၏

မောင်မောင်ကြီး ဆိုထားသော ခင်မောင်ရင် ၏
Thaw Zin 31 July 14:31
မောင်မောင်ကြီး ဆိုထားသော ခင်မောင်ရင် ၏
" စင်္ကြာသိုက် " သီချင်းအား MP3 လုပ်ပြီးသားရှိနေပါသည် ။
MP3 တင်ရခက်၍ အလိုရှိသူများ
email address ကို msg ဖြင့်ပို့ ပေးပါရန် ။


မောင်မောင်ကြီး ရဲ့  ချစ်သူ့ နယ်မြေ

မောင်မောင်ကြီး ရဲ့ ချစ်သူ့ နယ်မြေ
Thaw Zin 31 July 13:38
မောင်မောင်ကြီး ရဲ့  ချစ်သူ့ နယ်မြေ
30 July 2011 22:21မောင်မောင်ကြီး ရဲ့  ချစ်သူ့ နယ်မြေ


Saturday, 30 July 2011

တွံတေးသိန်းတန် ရဲ့  သီချင်းလေးပါ ။

တွံတေးသိန်းတန် ရဲ့ သီချင်းလေးပါ ။ နှစ်သက်ဖို့ ကောင်းလို့  ။
Thaw Zin 31 July 11:00
တွံတေးသိန်းတန် ရဲ့  သီချင်းလေးပါ ။
နှစ်သက်ဖို့ ကောင်းလို့  ။
ပန်းနွယ်ကစိမ်းတွံတေးသိန်းတန် ရဲ့  သီချင်းလေးပါ ။
နှစ်သက်ဖို့ ကောင်းလို့  ။


ရောဂါနံပတ် (၉၇)

ရောဂါနံပတ် (၉၇)
Ka Yin Lay 31 July 10:18
ရောဂါနံပတ် (၉၇)

"ကျော်ဝင်း နေမကောင်းလို့တဲ့"

အပြောပြ ခံလိုက်ရတဲ့ ကျုပ်မျက်နှာဟာ ချက်ချင်း ဆိုသလို အိုသွားမိတယ်။ စိတ်ထဲမှာလည်း အအိုက်ကြီး အိုက်သွားမိတယ်။ ကြည့်စမ်းပါဦး။ ကိုအောင်ရွှေတို့များ သူနဲ့ မဆိုင်တဲ့ အတိုင်းပဲ။ သူ့ဇာတ် မဟုတ်တဲ့ အတိုင်းပဲ။ သူ့စီးပွားရေး မဟုတ်တဲ့ အတိုင်းပဲ။ သူ့မှာ အပူအပင် မရှိတဲ့ အတိုင်းပဲ။ ဒါများ ဇာတ်ဆရာတဲ့။ ဇာတ်ပိုင်ရှင်တဲ့။

ပျက်ခဏ မျက်နှာနဲ့ လှည့်ထွက်သွားပြီ။ ကျုပ်အပေါ် တာဝန် လုံးလုံးလျားလျား ပုံချသွားခဲ့ ပြီ။ "ဆရာသမား ဘာသာ ဆရာသမား မဖြစ်ဖြစ်အောင် ကြည့်ကျက်စီစဉ်လိုက်ပါတော့ဗျာ" ဆိုတဲ့ သဘောတဲ့လား။ ဟိုဘက်ထိပ်ရောက် အောင်တောင်မှ ဖြတ်လျှောက်ပြရဲတာ မဟုတ် ဘူး။ မတောင်းကောင်းတဲ့ ဆုကိုသာ တောင်း လိုက်ချင်တော့ရဲ့။

ပွဲတော်မှာ ၀မ်းဖြစ်လို့၊ ကျန်းမာရေးနဲ့ မညီ ညွတ်လို့ ဘာလို့ညာလို့ ဆိုပြီး သက်ဆိုင်ရာက ဒီညပွဲမိန့် ပိတ်လိုက်ရင် အကောင်းဆုံး။

ဒီအကွက်တော့ ဒီအကွက်ပါပဲ။ ဒါပေမယ့် မျိုးညွန့်ရှိန်နဲ့ တိုက်တဲ့ခိုက်တဲ့ နေရာမှာ ဒီအကောင် ငတူးကတောင်မှ ကျော်ဝင်းထက် "ဟန်" ပိုကောင်းနေသေးတယ်။ ရှောင်ပုံ တိမ်းပုံ ထိုးပုံ နှက်ပုံတွေက ပိုလှနေ သေးတယ်။ အလိုက်တသင့် ဖြီးတတ်ဖြန်းတတ် နေသေးတယ်။ စကားပြောတွေ ကျတော့လား။ နောက်ကနေ တစ်လုံးချင်း ထောက်ပေးရ တာပေါ့။ ဘယ်မထောက်လို့ ဖြစ်မလဲ။ စာကျက်လို့ ရနိုင်လောက်အောင် ဥာဏ်မှ မထက်တာ။ စာမှ မပြေးတာ။ မပြေးဆို ငတူးတတ်လှမှ သုံးတန်းလေးတန်းပေါ့။ ပြီး စာနဲ့ပေနဲ့ ဝေးခဲ့တာ ဘယ်လောက် ကြာပြီးမှန်းမှ မသိဘဲ။ စာလုံး တောင် ပေါင်းဖတ်တတ်တော့မယ် မထင်ဘူး။

နောက်ကနေ ထောက်ပေးတဲ့ အတိုင်းကျ တော့ တစ်လုံးမှ မမှားစေရဘူး။ မျက်နှာပိုး သေသေကြီးနဲ့ ကျုပ်ဘယ်ဖြောင့် တော့မှာလဲ။ ရေးလက်စ ဇာတ်ညွှန်းသစ် စာအုပ်ကလေး ခေါင်းအုံးအောက် ထိုးထည့် ထားလိုက်ရတော့တာပေါ့။ တကယ်ပဲ စိတ်ကူးစိတ်သန်း ပျက်လိုက်တာ။ အလုပ်မတွင် လိုက်တာ။ ပြီးရင် သူတို့ပဲ "ဇာတ်ထုပ်သစ် မတင် နိုင်သေးဘူးလား အာစရိ" လို့ အကြိမ်ကြိမ် အခါခါ နားပူနားဆာ တိုက်ကြဦးတော့မယ်။

ကျော်ဝင်းဆိုတဲ့ အကောင်ကလည်း ငတ် ကြီးက ကျမှကျ။ ကိုယ့်မှာ အစာအိမ်ရောဂါ ရှိတယ်ဆိုတာ သိလျက်သားနဲ့ အစားအသောက်ကို ဆင်ခြင်တာ မဟုတ်ဘူး။ သေချာတယ်။ ဒါ ပရစ်ကိုက်တာပဲ ဖြစ်ကိုဖြစ်ရမယ်။ မနေ့ညက နှစ်ပါးသွား ထွက်နေတဲ့ အချိန်မှာ ပရစ်တွေ တအား ကျတယ်လေ။ ဇာတ်ရုံနောက် ဖေး မီးချောင်းတွေ အောက်မှာဆို ခဲလို့ မဲလို့။ ပရစ်ကောက်တဲ့ အုပ်စုထဲမှာ ကျော်ဝင်းက ခေါင်း ဆောင်။ ကောက်ရင်းနဲ့ ဟေးလားဝါးလား အသံ တွေဆိုတာလည်း ဆူမှ ဆူ ပူမှ ပူ။ ဇာတ်ခွင် ပေါ်က နှစ်ပါးသွားထဲအထိ လွှမ်းပြီး အနှောင့်အယှက် ဖြစ်မှာစိုးလို့ ကျုပ်တောင် အိပ်ရာထဲက လူးလဲထပြီး ငေါက်ရသေးတယ်။

ပရစ်ကြော်စရာ ဒယ်အိုး ဘယ်ကရမယ်။ ထင်း ဘယ်ကရမယ်။ ဆီဘယ်က ရမယ်ဆိုတာ ကိုသာ ကျုပ်မသိ ရှိရမယ်။ နေမကောင်းလို့ ဆိုတဲ့ အသံကိုကြားရပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ဒါ အစာ အိမ်ရောဂါ ပြန်ထတာပဲလို့တော့ ကျုပ်အတပ် သိပြီ။ ဒါဆို ဒီအကောင် အိပ်ရာထဲမှာ လှိမ့်နေအောင် ခံပေဦးတော့။ ဆိုဒါမင့်တွေ ဘာတွေ မရရအောင် ရှာပေဦးတော့။ ဆရာဝန် မပင့်ရ ကံကောင်း။

တကယ်ပဲဗျာ။ ထွက်ပြီး ပြေးချင်လောက် အောင် စိတ်များ ညစ်ပါရဲ့။ အခုပဲ ညနေ (၃) နာရီ ခွဲနေပြီ။ ကျုပ်ဘာလုပ် ရမှာလဲ။ ဘယ်လို စီစဉ် ပေးရမှာလဲ။ ဒီနေ့ည တင်ဆက် ကပြမယ့် ပြဇာတ်က "ဖာတစ်လုံး ခေါင်းကျား"။ ညက နှစ်ပါးသွား ကရင်းနဲ့ မင်းသား ကိုယ်တိုင်လည်း ပရိသတ်ကို ကြော်ငြာလိုက်ပြီ။ တစ်နေကုန် မြို့ထဲမှာ ကြော်ငြာကား လှည့်တော့လည်း ဟွန်းတို ဟွန်း ရှည်တွေနဲ့ အော်ဟစ်ပြီးပြီ။ ဒီတော့ ဇာတ်ထုပ် ပြောင်းဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ဘူး။ ချည်မိ ချုပ်မိနေပြီ။ တုပ်မိ နှောင်မိနေပြီ။

မျက်စိမှိတ်ပြီး ဇွတ်ပြောင်းကြည့်ပါလား။ ဒီဇာတ်အဖွဲ့ ခွေးလုံးလုံး ဖြစ်တော့မယ်။ ဒီပြဇာတ် မှ ဒီပြဇာတ် ကြည့်မယ်ဆိုပြီး ကြိုတင်လက် မှတ်တွေ ဖျာတွေ ၀ယ်ထားတဲ့ ပရိသတ် အဆဲ ခံရမှာ။ ခဲအပေါက် ခံရမှာ။ သြဘာ အပေးခံရမှာ က နောက်။ ကန်ထရိုက်နဲ့ ဖိုက်တင်ပလေးရမှာ က အရင်။

ကျုပ်မှာ မင်းသား ပူဆာလွန်းလို့သာ "ဖာ တစ်လုံး ခေါင်းကျား" ကို ကိုင်မိပါတယ်။ မဟာ ဒုက္ခတွင်းဆုံးကျတာ ဒီပြဇာတ်နဲ့ ကျမှ ထိပ်တိုက် လာတိုး ရတော့တာပါပဲ။ ရှာပြီး ကြည့်လိုက်ရတဲ့ ခင်မောင်၊ မေရီမြင့်တို့ရဲ့ ဖာတစ်လုံး ခေါင်းကျား ရုပ်ရှင် ဆိုတာလည်း အထပ်ထပ်။ ဖတ်လိုက်ရတဲ့ ဆရာကြီး ဦးဖိုးသင်းရဲ့ ဖာတစ်လုံး ခေါင်းကျား ၀တ္ထုဆိုတာလည်း အခေါက်ခေါက်။

ဇာတ်ညွှန်း ရေးရတော့လည်း ရုပ်ရှင်နဲ့ တစ်ဘာသာ ကွဲရအောင်၊ ၀တ္ထုသားနဲ့ အံမချော်ရအောင် အင်မတိ အင်မတန် သတိထားခဲ့ရတယ်။ ဇာတ်တိုက် ရတော့လည်း ခါတိုင်း ပြဇာတ်တွေလို ဆယ်ရက် ဆယ့်ငါးရက်နဲ့ ပြီးတာ မဟုတ်ဘူး။ တစ်လကိုးသီတင်း။ ဇာတ်လမ်းထဲမှာ တက္ကသိုလ် ပြည်လည်းပါ၊ သက်သာပြည်လည်းပါ၊ သလ္လာဝတီပြည်လည်းပါ၊ စမ္ပာနဂိုရ်ပြည်လည်းပါ ဆိုတော့ ရွေးလိုက်ရတဲ့ ဘုရင်တွေ၊ မိဖုရားတွေ၊ မင်းညီမင်းသား တွေ၊ မှူးတော် မတ်တော်တွေ၊ စစ်သည် ဗိုလ် ပါတွေ၊ မောင်းမမိဿံတွေ၊ ခြွေရံသင်းပင်းတွေ။ ဒီကြားထဲ ကလန်လို၊ သံပျင်လို ပုဂ္ဂိုလ်တွေလည်း ပါဆိုတော့ ဇာတ်ထဲမှာ ရှိရှိသမျှ မိတ်ကပ်လိုင်းက လူ ၆၀ ကျော် အကုန် ကုန်တော့တာပဲ။ အာဏာသား ပါးကွက်သား လိုဟာမျိုးတွေ ဆိုရင် ကားဆွဲ မီးထိုးထဲက လူတွေကို ရှိခိုးဦးတင် တောင်းတောင်းပန်ပန်နဲ့ ပွဲထုတ်ယူရတဲ့ အထိ။

ကျော်ဝင်း နေရာကလည်း သေးသေးကွေးကွေး မဟုတ်ဘူး။ မိန်းမှ မိန်း။ ရုပ်ရှင်ဇာတ်ကား ကြည့်ဖူးကြတယ် မဟုတ်လား။ မှတ်မိကြတယ် မဟုတ်လား။ သက်သာ ပြည့်ရှင် ဘုရင်မင်းမြတ်ရဲ့ သားတော်ကြီး မျိုးညွန့်ရှိန်ဟာ အဋ္ဌာရသ ၁၈ရပ် သင်ယူပြီးလို့ သုံးနှစ်သုံးမိုး ပြည့်တာနဲ့ တက္ကသိုလ်ပြည်က ပြန်လာတယ်လေ။ သူလမ်းခရီးမှာ ရှိတုန်း သူ့ ခမည်းတော် နတ်ရွာစံတော်မူတယ်။ ညီတော်မျိုးထွတ် တင်ဟာ နောင်တော်မျိုးညွန့်ရှိန် လာရာလမ်း တောတွေ တောင်တွေထဲအထိ ထွက်ပြီး ဆီးကြိုတယ်။ တကယ်တော့ မေတ္တာနဲ့ မဟုတ်ဘူး။ သွေးရိုး သားရိုး မဟုတ်ဘူး။ မောပန်းဆာလောင် လာမယ့် နောင်တော်ကို ကျွေးမွေးပြုစုမှာက အဆိပ်ပါတဲ့ ပွဲတော် စာအုပ်နဲ့။ ဘုရင်ဖြစ်ချင် တာကိုး။ ညီနောင်ချင်း မဆုံခင်မှာ မျိုးညွန့်ရှိန်ဟာ ဒွန်းစဏ္ဍားနဲ့ စတွေ့တယ်။ ရေအိုးစင်ကလေး တစ်ခုရဲ့ အနား သစ်ပင်ရိပ်ကလေး တစ်ခုရဲ့အောက်။

ရေကြည်တော် ပြတ်လာရှာတဲ့ မျိုးညွန့်ရှိန် ဟာ ရေကို အသင့် ရှိနေတဲ့ မှုတ်နဲ့ခပ်တယ်။ အရင်ရောက်နှင့်တဲ့ ဒွန်းစဏ္ဍားလည်း ဒီမှုတ်နဲ့ သောက်ထားမှာပဲ။ ရွံပေမယ့် မတတ်နိုင်တော့ ဘူး။ ဒါပေမယ့် နှုတ်ခမ်းရာချင်း မထိအောင် ဆိုတဲ့သဘောနဲ့ အများတကာ သောက်လေ့ သောက်ထ မရှိတဲ့ မှုတ်ရိုးဘက်ကနေ ပြောင်း ပြန်သောက်တယ်။ ဒါကို မြင်တော့ ဒွန်းစဏ္ဍားက ရယ်သွမ်း သွေးပါလေရော။ တုတ်တစ်ပြက် ဓားတပြက်နဲ့ ခုတ်ကြ ထစ်ကြတော့တာပေါ့။

ဓားခုတ် လှံထိုး ပညာတွေကို သင်လာခဲ့ တဲ့ တက္ကသိုလ်ပြန် မျိုးညွန့်ရှိန် မနိုင်ဘူး။ ရှုံး တယ်။ တစ်ဖက်က ညှာလိုက်လို့သာ သူမသေ တာ။ ဒွန်းစဏ္ဍားက သူ့ထက်ပိုပြီး ပညာသာနေ တာကိုတွေ့တော့ သူအံ့သြတယ်။ "ဘယ်က တတ်မြောက်ခဲ့တာလဲ"လို့ မေးတဲ့အခါ "လောက ဆိုတဲ့ ကျောင်းတော်ကြီးထဲက"တဲ့။ လောကကြီးရဲ့ ဆန်းကြယ်ပုံကို မျိုးညွန့်ရှိန်အဖို့ ပထမဦးဆုံး သတိပြုလိုက်မိခြင်းပဲ။ ဒီမှာတင် သူတို့နှစ်ယောက် မိတ်ဆွေဖြစ်သွားကြတယ်။

အဲဒါနဲ့ မရှေးမနှောင်းမှာ ပွဲတော်အုပ်ပိုက်ပြီး မျိုးထွတ်တင် ရောက်လာတယ်။ သူ့နောင်တော်ကို ပွဲတော်စာ တည်စေမယ့် အလုပ် ဒွန်းစဏ္ဍားက မသုံးဆောင်ဖို့ ဟန့်တားတယ်။ အဆိပ် ပါတယ်လို့လည်း အခိုင်အမာ ပြောတယ်။ ယုံကြည် အောင်ဆိုပြီး လက်တစ်ဆုပ်စာလောက် နှိုက်ပြီး ကြဲပြလိုက်တော့ စားမိတဲ့ ငှက်ကလေးခမျာ ချက်ချင်းပဲ သေပါလေရော့လား။

မျိုးထွတ်တင်က သူ့အကြံအစည်ကို ဖျက်ရ ကောင်းလားဆိုပြီး ဒွန်းစဏ္ဍားကို စတင်တိုက် ခိုက်တော့တယ်။ တစ်ပြိုင်နက် တည်းမှာပဲ အစာနဲ့ မသေရင် လက်နဲ့ သေစေရမယ်ဆိုပြီး နောင် တော့်ကိုလည်း တိုက်ခိုက်တယ်။ နောက်ဆုံးတော့ မျိုးထွတ်တင် ရှုံးပြီး လက်လွတ်ထွက်ပြေး သွားရတော့တာပေါ့။ ဒီမှာတင် သူတို့နှစ်ယောက် ပိုပြီး ရင်းနှီးသွားကြပြန်တယ်။

မျိုးညွန့်ရှိန်ဟာ "ဒီလောကထဲက တစ်အူ တုံစင်းပေမယ့် ညီတုညီယောင် တွေလည်း ရှိတတ် ပါလား။ ခုမှတွေ့တဲ့ သူစိမ်းတရံ ဆန်ပေမယ့် ညီ အရင်းထက် ကောင်းသူတွေလည်း ရှိတတ်ပါ လား" လို့ သိသွားခဲ့တယ်။ ဒါ့အပြင် လောက ကြီးထဲမှာ ဘယ်လို သင်ခန်းစာ ယူစရာတွေ ရှိသေးသလဲ ဆိုတာကို သိပ်သိချင်စိတ် ပြင်းပြလာ တယ်။ ဒါ့ကြောင့် တိုင်းတော်ပြည်တော်ပြန် အရောက်မှာ ဖခင် အရိုက်အရာကို မခံယူသေးဘဲ လောက သစ္စာတွေ ရှာဖို့အတွက် (ယုံကြည်စိတ်ချ ရတဲ့) (အသက်သခင် ကျေးဇူးရှင်လည်း ဖြစ်တဲ့) ဒွန်းစဏ္ဍားကို ခေတ္တခဏ ထီးနန်း လွှဲအပ်ထားခဲ့ ပြီး ထွက်တော်မူ နန်းက ခွာတော့တယ်။ အဲဒီမှာတင် ဒွန်းစဏ္ဍားဟာ နေမျိုးနွယ် ဆိုတဲ့ အမည် နာမနဲ့ ဘုရင် ဖြစ်လာတော့ တာလေ။

ကဲ အဲဒီ ဇာတ်ရုပ် ဘယ်လောက် အရေးပါ သလဲ။ စကား ပြောတတ်ရုံနဲ့လည်း မလုံလောက် ဘူး။ ဓားရေး၊ လှံရေးတွေ အတွက် သိုင်းပညာ ကျိုင်းပညာလည်း ပရိသတ်ကြည့်ပျော် ရှုပျော် ဖြစ်အောင် မတောက်တခေါက် တတ်ထားဦးမှ။ ဒါမှ မဟုတ် လေ့ကျင့်ထားဦးမှ။ ကိုင်း စဉ်းစားစမ်း။ အဲဒီ ဒွန်းစဏ္ဍား လုပ်တဲ့ ကျော်ဝင်းနေရာ အစားထိုးဖို့ လူဘယ်မှာလဲ။ ဘယ်သူ ရှိသလဲ။ သီချင်း တစ်ပုဒ်ထဲကလို "တကယ် တွေးဆတော့ကွယ်၊ မလွယ်ရေးချ မလွယ်" ဆိုတာ အခုမှ ကျုပ်အဖြစ်။ ဟင်း ဟင်း သေချင်စော် နံအောင်ကို မောဟိုက်ရပြီပေါ့။

မိတ်ကပ်လိုင်းထဲက ဘယ်သူ့ကို ပြောင်းပြီး ကခိုင်းရရင် ဖြစ်နိုင်မလဲ မင်းသားလတ် ကိုသာမောင်။ ဒွန်းစဏ္ဍားရဲ့ စကားပြော တွေကို ခုညနေ တွင်းချင်း "နုတ်" ပေးပြီး ကျက်ခိုင်းရင် နီးစပ် မယ် ထင်ပါရဲ့။ စာလုံးစေ့ မပြောနိုင်တောင် လိုရင်း အဓိပ္ပာယ် ရောက်အောင် သူ့သမ္ဘာနဲ့ဆို ပြောနိုင် လောက်ပါရဲ့။

ဓားခုတ် လှံထိုး။ ဒါလည်း မင်းသားနဲ့ ညှိပြီး နည်းနည်းပါးပါး လေ့ကျင့်လိုက်ရင် အဆင်ပြေသွားမှာပါ။ သူလည်း နောက်ပိုင်း ဇာတ်တော်ကြီးတွေ ထဲမှာ မင်းညီ မင်းသားနေရာက လိုက်လိုလိုက်ရ၊ သူပုန်သူကန် နေရာက ပါလိုပါရ ဆိုတော့ ခုတ်ဟယ် ထစ်ဟယ်နဲ့ အတော်အသင့် ယဉ်ပါးနေပြီပဲ။ ဒါပေမယ့် ဒါပေမယ့် လက်ရှိ သူ့ဇာတ်ရုပ် က ဖာတစ်လုံး ခေါင်းကျားဘ၀ ပြောင်းသွားတဲ့ မျိုးညွန့်ရှိန် အပေါ် သစ္စာကြီးစွာ လိုက်ပါစောင့် ရှောက်လိုပါလျက်နဲ့ စည်းသုံးတန် အတားခံရလို့ နေရစ်ခဲ့ရတဲ့ စစ်သူကြီး။ သူ့ဇာတ်ဝင်ခန်းမှာ လွမ်းအောင်လည်း ပြောရတယ်။ သနားအောင်လည်း လုပ်ရတယ်။ မလွယ်ဘူး။

ကဲ ကဲ ဒွန်းစဏ္ဍား နေရာ သူ့ကို ထားရင် သူ့နေရာကျတော့ ဘယ်သူ့ကို အစားထိုးမလဲ။ တစ်သမား နေရာမှာ နှစ်ကို အစားထိုးရင်၊ နှစ်သမား နေရာမှာ သုံးကို အစား ထိုးရတော့မယ်။ သုံးသမား နေရာမှာ လေး၊ လေး သမားနေရာ မှာ ငါး၊ ငါးသမား နေရာမှာ ခြောက်။ အို အစား ထိုးရင်း ထိုးရင်းနဲ့ ဇာတ်ထုပ်လည်း သပွတ်အူ ပေါက်ပြီး အဖတ်ဆယ် မရအောင် ပျက်တော့ ရေထဲမျှောပစ်လိုက်ဖို့ပဲ ရှိတော့မယ်။

ကျုပ်ကလည်း ဖျင်း ဖျင်းပါပေ့။ ညံ့ ညံ့ပါပေ့။ ဇာတ်ညွှန်းသာ ရေးတတ်တာ၊ ညွှန်ရုံသာ ညွှန်ပြတတ်တာ။ ကိုယ်တိုင်ကျတော့ ၀င်မကတတ်။ ပရိသတ်ရှေ့ ရုပ်လုံးပြရဲဖို့ နေနေသာသာ။ ဇာတ်ခုံရဲ့ ဒီဖက်ထိပ်ကနေ တသွေမတိမ်းပြော ချပစ်လိုက်တာပဲ။ ပရိသတ်ကလည်း ပါးသမှ လှပ်လို့။ ဘယ်နှစ်ပွဲ ဆက်ခဲ့ကြပြီ မသိဘူး။ ရိပ်မိဟန် တူပါရဲ့။ ပြုံးကြတယ်။ ရယ်ကြတယ်။ သူ ဘယ်လိုပဲ ခပ်တည်တည်ကြီးပြောနေ ပြောနေ၊ ရယ်စရာ မဟုတ်ဘဲနဲ့ကို ပတ်တုတ်လို့ မရနိုင် လောက်အောင် ပွဲကျကြတာ။
အဲဒီ ငတူးကို ကျုပ်ဘယ်က ရတယ် မှတ် သလဲ။

ဒီဇာတ်ထဲကပါပဲ။ ဒါပေမယ့် အဲဒီ အကောင်က မီးဘက်ကလည်း မဟုတ်ဘူး။ ဆက်တင် ဘက်ကလည်း မဟုတ်ဘူး။ ဆိုင်းဘက်ကလည်း မဟုတ်ဘူး။ တီးဝိုက်ဘက်ကလည်း မဟုတ်ဘူး။ မီးဖိုချောင်မှာ ရေခပ်၊ ထင်းခွဲ၊ မီးထိုးဖို့ ခေါ်ထားတဲ့ ကောင်ကလေး။ အသက်မှ ခပ်ငယ်ငယ်ပဲ ရှိသေးတယ်။ အလုပ်က ကြမ်းလို့ လူပုံက ရင့်နေတာ။

ဇာတ်မှာ ထမင်းဟင်းချက်ချိန်ဆိုတာ မနက်နဲ့ ညနေ (၂) ချိန်တည်းပဲ ရှိတာကိုး။ ချက်ရေး ပြုတ်ရေး တာဝန်ပြီးပြီ ဆိုရင် သူအားပြီ။ သူ့အတွက် အချိန်တွေ ပိုနေပြီ။ အဲဒီအခါမှာ ဟိုလူ့အိပ်ရာလည်း သူရောက်တာပဲ။ ဒီလူ့အိပ်ရာလည်း သူ ရောက်တာပဲ။ လူတကာကို နှိပ်ပေးဖို့ နင်းပေးဖို့။ ဆေးလိပ်ဝယ်၊ ကွမ်းယာဝယ်၊ လက်ဖက် ရည်ဝယ်၊ မုန့်ဝယ်။ ခိုင်းချင်တဲ့ သူခိုင်း၊ ဖင်ပေါ့တယ်။ ပေးတာယူ ကျွေးတာစား၊ တစ်ဇာတ်လုံး ရဲ့ ခိုင်းဖတ်။

အဲ သိုင်းကလေး ကျိုင်းကလေးတော့ တကယ့်ကို တတ်ပါ့။ လူကလည်း လက်ရုံး အားကိုးနဲ့ မိုက်တိမိုက်ကန်း။ ရုံနောက်ဖေးကနေ မင်းသမီး၊ ယိမ်းမသတွေကို ထိကပါး ရိကပါး လာစတဲ့လူတွေကို သူတစ်ယောက်တည်းနဲ့ ခံချခဲ့တာဆို နှစ်ကြိမ် သုံးကြိမ်လောက် ရှိပြီ။ သူ မရှုံးဘူး။ နိုင်တယ်။ သူများကိုများ ရိုက်ရ နှက်ရ သတ်ရ ပုတ်ရမယ် ဆိုရင် အင်မတန် သရဲမရဲ စီးတဲ့အကောင်။

ကျုပ်နှစ်ခါတောင်မှ မပြောလိုက်ရပါဘူ။ "ဟေ့ ငတူး ဒီညကျော်ဝင်းနေရာ မင်းဝင်လုပ် ရဲလား" ဆိုတော့ "လုပ်ရဲတယ်" တဲ့။ "စင်ပေါ် တက်ပြီး ခဏခဏ ကြည့်ထားလို့ မှတ်မိနေပြီ" လို့တောင်မှ အထွန့်တက်လိုက်သေး။
"မင်းမိတ်ကပ် လိမ်းတတ်လား" ဆိုတော့ "မလိမ်းတတ်ဘူး" တဲ့။ ဒါနဲ့ ကျုပ်လည်း သူ့ကို စိတ်ရှည်လက်ရှည် လိမ်းပေး၊ ၀တ်ပေး၊ ဆင်ပေးနိုင်မယ့် လူရွှင်တော် ငပေါ့်ဆီကို လွှတ်လိုက်ရတယ်။ သစ်မှ မရှိတော့ ၀ါးပဲ ပေါင်းကွပ်ရတော့ မှာပေါ့လေ။

အံမယ် ကြည့်စမ်း ကြည့်စမ်း။
မျိုးညွန့်ရှိန်က ထီးနန်းလွှဲခဲ့ပြီ။ နေမျိုးနွယ် အမည် ခံယူလိုက်ပြီ။ ဘုရင် ဖြစ်သွားပြီ။ ခေါင်းပေါင်းဖြူ ဖော့လုံးနဲ့ စလွယ်နဲ့၊ ထိုင်မသိမ်းနဲ့။ ဘော်ကြယ် ဖိတ်ဖိတ်တောက်တောင်ရှည်နဲ့၊ သံလျှက်နဲ့၊ ဘာနဲ့ညာနဲ့။ လက်နှစ်ဖက် ပိုက်ထားတဲ့ပြီး ခေါင်းကြီး တဆတ်ဆတ်နဲ့ ဂိုက်ခံ နေလိုက်တာမှ တယ်မိ။ နောက်ခံတီးလုံးကလည်း "ကျွန်းကျွန်း ပိုင်သ" ဘုန်းတော်ဘွဲ့နဲ့ စည်တော်ရွှမ်းပြီး ပို့ပေးနေတာ ဆိုတော့ သူ့အတွက် အမူအရာ လုပ်ဖို့၊ အက်တင် ခံဖို့ အကွက်ကောင်းကို ဆိုက်နေတော့တာပဲ။

သူ့ရှေ့တော်မှောက်က အခြွေအရံတွေ ဆို တာလည်း ခေါင်းမမော့်စတမ်း ၀ပ်ပြီး ခစားနေ ကြတာဆိုတော့ (ဇာတ်ညွှန်းအရ ဘယ်သူမှ မော့် ကြည့်ခွင့် ရှိတာမဟုတ်တော့) သူ့စိတ်ထဲ ထင်တဲ့ အတိုင်း ဆိုက်အမျိုးမျိုးနဲ့ အစွမ်းကုန် ကြဲနေ တော့တာပေါ့လေ။
"ကြိတ်လိုက်စမ်း ငတူးရေ" တဲ့။ အဲဒါ တိုင်ဖုံးကြားက ရင်တမမနဲ့ ချောင်းကြည့်နေတဲ့ ဇာတ်ဆရာ ကိုအောင်ရွှေရဲ့ အသံ။
_ _ _
အဲဒီည ပြဇာတ်အပြီးမှာ ငတူးဟာ မိတ် ကပ်တောင်မှ မဖျက်ဘူး ဆိုပဲ။ ပွဲဈေးတန်းထဲ အခေါက်ခေါက် လျှောက်သွားနေသတဲ့။
ပြန်ရောက်တော့လည်း မအိပ်ဘူး။ တော်နေကြာ မင်းသမီးတွေရှေ့ ရောက်သွားလိုက်၊ တော်နေကြာ ယိမ်းသမတွေ ရှေ့ရောက်သွား လိုက်နဲ့ လတ်လျားလတ်လျား လုပ်နေသတဲ့။

လူရွှင်တော်တွေက "ငတူးတို့များ သက်သာ ပြည်ရဲ့ အုပ်ကြီးလုပ်တာ သိပ်မှည့်တယ်မောင်" လို့များ မြှောက်ပေးလိုက်ရင် မျက်စိကို မဖွင့် တော့ဘူးတဲ့။
နှစ်ပါးသွားမထွက်ခင် မင်းသားဆီ ပန်းလာ ပေးကြ၊ မုန့်လာပို့ကြတဲ့ ဧည့်သည်တွေကိုလည်း သူနဲ့သိလည်း မသိဘဲနဲ့ "ဘယ့်နှယ့်လဲ။ ကျွန်တော် ဘုရင်ကြီးလုပ်တာ ကောင်းရဲ့လား" လို့ လိုက်လိုက်ပြီး မေးသတဲ့။

ထားပါ။ အဲဒါ သူ့ကိစ္စပါ။ လူတစ်ယောက်မှာ လွတ်လပ်စွာ တည်ခွင့် ကြည်ခွင့် ရှိသလို၊ လွတ်လပ်စွာ ရူးခွင့်၊ ပေါခွင့်လည်း ရှိတယ်လို့ ကျုပ်သဘောပေါက်ပြီးသားပါ။
ခက်တာက
သိပ်ကို ခက်တာက
ဘယ်ရုံပဲ ရောက်ရောက်

"ယနေ့ည ဖာတစ်လုံးခေါင်းကျား ပြဇာတ် တင်ဆက်ကပြပါမည်" လို့များ မကြေညာလိုက်နဲ့။ အဲဒီနေ့ နေ့ခင်း (သို့မဟုတ်)ညနေခင်းမှာ ငတူး တစ်ယောက် ကျုပ်ရှေ့မှာ ရစ်သီရစ်သီနဲ့ ရောက်လာပြီ။ မယောင်မလည်နဲ့ ၀င်ထိုင်ပြီ။ သူ့ ပြော တာလိုလို ကိုယ့်ပြောတာလိုလိုနဲ့ မဟတဟ ပွင့်ပြီ။ နားညီးအောင် လုပ်ပြီ။
"ကိုကျော်ဝင်းကြီး တစ်ယောက် နေမှ ကောင်းရဲ့လား မသိဘူးနော်"တဲ့။

ဝင်းစည်သူ
(ပေဖူးလွှာမဂ္ဂဇင်း၊ဒီဇင်ဘာလ ၂၀၁၀)


“ပန်းနွယ်ကစိမ်း“ တွံတေးသိန်းတန်

Thaw Zin 31 July 10:10
"ပန်းနွယ်ကစိမ်း" တွံတေးသိန်းတန်
30 July 2011 19:07"ပန်းနွယ်ကစိမ်း" တွံတေးသိန်းတန်


ဒီမှာ မိုးတွေအုံ့ နေတယ် ။

ဒီမှာ မိုးတွေအုံ့ နေတယ် ။ အေးစက်စက်နဲ့ ပဲ မင်္ဂလာပါ လို့  နှုတ်ဆက်ပါရစေ ။
Thaw Zin 31 July 09:44
ဒီမှာ မိုးတွေအုံ့ နေတယ် ။
အေးစက်စက်နဲ့ ပဲ မင်္ဂလာပါ လို့  နှုတ်ဆက်ပါရစေ ။


တစ်အူတုံဆင်းပမာ

တစ်အူတုံဆင်းပမာ  မောင်နှမအရင်းအခြာ  ညီအစ်ကိုသားချင်း  တိုင်းရင်းဆွေတွေ  တောင်ပေါ်သားတွေ  မြေပြန့်သားတွေ  ပြည်နယ်တိုင်းများ  မွေးဖွါးရာမြေ  ဘယ်လိုပင်ခြားခြား  တစ်သားတည်းလေ  ဘယ်လိုပင်ဝေးဝေး  တစ်ပြေးတည်းလေး  မြန်မာတွေဟန်ဆောင်မပြုံးတတ် ပေ  မြန်မာတွေဟန်ဆောင် မမုန်းတတ်ပေ  ဘယ်လိုပြောပြော သွေးက စကားပြောပါတယ်လေ........။
Ba Tharchaw 31 July 09:17
တစ်အူတုံဆင်းပမာ

မောင်နှမအရင်းအခြာ

ညီအစ်ကိုသားချင်း

တိုင်းရင်းဆွေတွေ

တောင်ပေါ်သားတွေ

မြေပြန့်သားတွေ

ပြည်နယ်တိုင်းများ

မွေးဖွါးရာမြေ

ဘယ်လိုပင်ခြားခြား

တစ်သားတည်းလေ

ဘယ်လိုပင်ဝေးဝေး

တစ်ပြေးတည်းလေး

မြန်မာတွေဟန်ဆောင်မပြုံးတတ် ပေ

မြန်မာတွေဟန်ဆောင် မမုန်းတတ်ပေ

ဘယ်လိုပြောပြော သွေးက စကားပြောပါတယ်လေ........။
သွေး က စ ကား ပြော သည်။တစ်အူတုံဆင်းပမာ

မောင်နှမအရင်းအခြာ

ညီအစ်ကိုသားချင်း


တော်တော်လေးကြာပါပြီ။ဂျွန်တင်ခဲ့တဲ့ ပိုက်သာဂိုရ...

တော်တော်လေးကြာပါပြီ။ဂျွန်တင်ခဲ့တဲ့ ပိုက်သာဂိုရ ဂိုဏ်းသားတွေ အကြောင်း၊ သေးလ် ဆိုတဲ့ ဂျီမေတြီ ဘခင်ကြီး အကြောင်း။။အလုပ်တွေရှုပ်နေတာရယ် တိုက်ပွဲတွေကြားရောက်ရောက်သွားတာရယ်ကြောင့်စာတောင်မဖတ်ဖြစ်တာကြာပါပြီ။။ ဒီနေ့ အကယ်ဒမီ ဆိုတဲ့ စကားလေးပေါ်လာပုံကိုပြောပြပါမယ်။။  " ၃၈၇ ဘီစီ မှာ ပလေတိုဆိုတဲ့ ပညာရှင် ကသေဒဏ်ကလည်းလွတ် ၊ ကျွန်အဖြစ်ကလည်းလွတ်လာပြီးတော့ အေသင်မြို့ကိုပြန်လာခဲ့ပါတယ်။ မြို့ရဲ့အနောက်မြောက် ဒေါင့် မှာ ဥယျဉ် တစ်ခုကို ကျောင်းတစ်ကျောင်းတည်ဆောက်ခဲ့ပါတယ်။။ကျောင်းနာမည်ကိုတော့ အဲ အဲဒီအေသင်မြို့နဲ့ ၁မိုင်ဝေးတဲ့ဒေသ ကို သူရဲကောင်း "အကယ်ဒီမတ် " အား ဂုဏ်ပြု ခေါ်ဆိုသောဒေသဖြစ်လို့ ကျောင်းကိုလည်း အကယ်ဒမီ လို့ခေါ်ဆိုခဲ့ပါတယ်။ကဲ..ဒီကျောင်းကတော့ ဥရောပမှာ ပထမဆုံး အကယ်ဒမီခေါ်ဆိုခဲ့တဲ့ တက္ကသိုလ် ကြီးဖြစ်ခဲ့တယ်။။ဒီနေ့ သိပံအတတ်သင်ကျောင်းတွေကို အကယ်ဒမီလို ခေါ်ဆိုကြခြင်း ကအဲဒီကစခဲ့တာပါ။။ ပထမဆုံ အဲဒီကျောင်းကြီးမှာ သင်ခဲ့တဲ့ ဘာသာရပ်တွေကတော့ ဂဏန်းသချာရယ်၊ပြင်ညီဂျီမေတြီ ရယ်၊ထုထည်ဂျီမေတြီရယ်၊နက္ခတ်ပညာနဲ့ ဂီတ (ဟာမိုနီ) တို့ဖြစ်ကြပါတယ်။။  "ဂျီသြမေတြီ မတတ်ရင် ၀င်ခွင့်မရှိ"ဆိုတဲ့ နှဖူးစည်းစာတမ်းကို ရေးထားပြီ၊လက်တွေ့လည်း ဂျီသြမေတြီမတတ်တဲ့ ကျောင်းသားတစ်ယောက်ကိုကျောင်းထုတ်ခဲ့ဘူးတယ်ဆိုတဲ့ သာဓကလေးတွေရှိပါတယ်။။ ကျောင်းအုပ်ဆရာကြီး ပလေတိုရဲ့ အယူအဆကိုနောင်နှစ်ပေါင်းများစွာကြာတော့ အမေရိကန် သမ္မတကြီး အေဘရာဟင်လင်ကွန်း ကလိုက်နာခဲ့ပါတယ်။။သမ္မတကြီးက ယူကလစ်ရဲ့ ဂျီသြမေတြီ ကျမ်းကို အသက်လေးဆယ်ကျော်မှ့လေ့လာပြီး စိတ်ဓါတ်လေ့ကျင့်ရေးလုပ်ခဲ့ကြောင်းသိရပါတယ်။။ Johnyoharmar  (သူများတွေလို့ မထူးချွန်သော်အမောင်ကျောင်းသား ငဂျွန်၏ လက်ရာဖြစ်သော်ကြောင့်ဝေဖန်နိုင်ပါသည်။။ သို့သော်ကျမ်းကိုးကျမ်း ကားပြည့်စုံပါစေ။။)
John Yoharmar 31 July 08:57
တော်တော်လေးကြာပါပြီ။ဂျွန်တင်ခဲ့တဲ့ ပိုက်သာဂိုရ ဂိုဏ်းသားတွေ အကြောင်း၊ သေးလ် ဆိုတဲ့ ဂျီမေတြီ ဘခင်ကြီး အကြောင်း။။အလုပ်တွေရှုပ်နေတာရယ် တိုက်ပွဲတွေကြားရောက်ရောက်သွားတာရယ်ကြောင့်စာတောင်မဖတ်ဖြစ်တာကြာပါပြီ။။ ဒီနေ့ အကယ်ဒမီ ဆိုတဲ့ စကားလေးပေါ်လာပုံကိုပြောပြပါမယ်။။

" ၃၈၇ ဘီစီ မှာ ပလေတိုဆိုတဲ့ ပညာရှင် ကသေဒဏ်ကလည်းလွတ် ၊ ကျွန်အဖြစ်ကလည်းလွတ်လာပြီးတော့ အေသင်မြို့ကိုပြန်လာခဲ့ပါတယ်။ မြို့ရဲ့အနောက်မြောက် ဒေါင့် မှာ ဥယျဉ် တစ်ခုကို ကျောင်းတစ်ကျောင်းတည်ဆောက်ခဲ့ပါတယ်။။ကျောင်းနာမည်ကိုတော့
အဲ အဲဒီအေသင်မြို့နဲ့ ၁မိုင်ဝေးတဲ့ဒေသ ကို သူရဲကောင်း "အကယ်ဒီမတ် " အား ဂုဏ်ပြု ခေါ်ဆိုသောဒေသဖြစ်လို့ ကျောင်းကိုလည်း အကယ်ဒမီ လို့ခေါ်ဆိုခဲ့ပါတယ်။ကဲ..ဒီကျောင်းကတော့ ဥရောပမှာ ပထမဆုံး အကယ်ဒမီခေါ်ဆိုခဲ့တဲ့ တက္ကသိုလ် ကြီးဖြစ်ခဲ့တယ်။။ဒီနေ့ သိပံအတတ်သင်ကျောင်းတွေကို အကယ်ဒမီလို ခေါ်ဆိုကြခြင်း ကအဲဒီကစခဲ့တာပါ။။ ပထမဆုံ အဲဒီကျောင်းကြီးမှာ သင်ခဲ့တဲ့ ဘာသာရပ်တွေကတော့ ဂဏန်းသချာရယ်၊ပြင်ညီဂျီမေတြီ ရယ်၊ထုထည်ဂျီမေတြီရယ်၊နက္ခတ်ပညာနဲ့ ဂီတ (ဟာမိုနီ) တို့ဖြစ်ကြပါတယ်။။

"ဂျီသြမေတြီ မတတ်ရင် ၀င်ခွင့်မရှိ"ဆိုတဲ့ နှဖူးစည်းစာတမ်းကို ရေးထားပြီ၊လက်တွေ့လည်း ဂျီသြမေတြီမတတ်တဲ့ ကျောင်းသားတစ်ယောက်ကိုကျောင်းထုတ်ခဲ့ဘူးတယ်ဆိုတဲ့ သာဓကလေးတွေရှိပါတယ်။။
ကျောင်းအုပ်ဆရာကြီး ပလေတိုရဲ့ အယူအဆကိုနောင်နှစ်ပေါင်းများစွာကြာတော့ အမေရိကန် သမ္မတကြီး အေဘရာဟင်လင်ကွန်း ကလိုက်နာခဲ့ပါတယ်။။သမ္မတကြီးက ယူကလစ်ရဲ့ ဂျီသြမေတြီ ကျမ်းကို အသက်လေးဆယ်ကျော်မှ့လေ့လာပြီး စိတ်ဓါတ်လေ့ကျင့်ရေးလုပ်ခဲ့ကြောင်းသိရပါတယ်။။
Johnyoharmar

(သူများတွေလို့ မထူးချွန်သော်အမောင်ကျောင်းသား ငဂျွန်၏ လက်ရာဖြစ်သော်ကြောင့်ဝေဖန်နိုင်ပါသည်။။ သို့သော်ကျမ်းကိုးကျမ်း ကားပြည့်စုံပါစေ။။)