ငါ့လက်တွေ အေးတာ
နွေးအောင်လုပ်လို့ရတယ်..။
ငါ့နှလုံးသားအေးရင်သာ
ပြန်နွှေးရခက်တာ။
မြေ့မြေ့လေး လောင်နေတာကို
ပြုံးပြပါအုံးဆိုတော့.........
ကျေးဇူးပြုပီး အပီးသတ်ပေးပါ
ဓါးသွားတုံးတုံးတွေက နှလုံးတွေ ကြေလွန်းလို့ ။
ငါဟာ လူသားဆန်ချင်ခဲ့တာပါ
အမှားများအောင်တော့ တွန်းမပို့နဲ့ပေါ့...
အလွမ်းတွေ လျောလျောလျှူလျှူဖြစ်ဖို့
ငါ့ကောင်းကင် ကြယ်စုံဖို့လိုတယ်။
မိုးခေါင်မှ ရောက်ရောက်လာတဲ့
တောမီးလို ငါ့သောကတွေက
အချိန်အခါမဟုတ်
ထထပူလွန်းတယ်ကွယ်.............။
ပိစိကွေး
12:31 AM, Saturday, 19/3/11
ကဲ တစ်ပုဒ်တော့ တင်ပေးလိုက်မယ်....။ ကျန်တာတွေ လိုချင်ရင်တော့ အမှိုက်တောင်းထဲက ပြန်ဆွဲထုတ်မှ ရတော့မယ်...။ ဒီရက်ပိုင်း ဖီလင်တွေ အောဂလီဆန်နေလို့။
No comments:
Post a Comment