Sunday, 3 April 2011

[စာပေစကားဝိုင်း] စု၊တု၊ပြု (စာရေးခြင်း အနုပညာ) ဆရာကြီးမင်းသုဝဏ်က...

စု၊တု၊ပြု (စာရေးခြင်း အနုပညာ)  ဆရာကြီးမင်းသုဝဏ်က စာရေးခြင်းအနုပညာနဲ့ ပတ်သက်ပြီး ဒီလိုပြောခဲ့ဘူးပါတယ်။ စု စာမရေးခင် အစပထမမှာ (စု) ရပါမယ်။ အဓိပ္ပါယ် က ၀မ်းစာစုရမှာကို ဆိုလိုတာပါ။ စာပေ၊ ဗဟုသုတ ၀မ်းစာကို ဆိုလိုတာပါ။ စာများများဖတ်၊ သူများတွေ ဘယ်လိုရေးသလဲ လေ့လာ၊ မှတ်သားစရာရှိမှတ်သား၊ အလွတ်ကျက်မှတ်သင့်တာကျက်ပေါ့။ ကိုယ့်မှာ စာပေဗဟုသုတ၊ လောက သဘာဝတရားအကြောင်းတွေ နားလည်နေရင် ကိုယ်ရေးတဲ့စာဟာလဲ ပိုပြီး ရင့်ကျက်မှုရှိလာမှာပါ။ တု ဒုတိယ အဆင့်အနေနဲ့တော့ (တု) ရပါမယ်။ တခြားသူရေးထားတဲ့ ပုံစံတွေကို တုပြီး ရေးရမယ်။ ကဗျာရေးမယ်ဆိုလဲ ကိုယ်ကြိုက်တဲ့ ကဗျာဆရာ ရဲ့ ကဗျာတပုတ်ရဲ့ အတွေးအခေါ်ကို ကိုယ့်စာသားလေးတွေ ပြောင်းပြီးရေးတာမျိုး။ သူ့ရဲ့ စာသားတချို.ကို ကိုယ့်အတွေးအခေါ်၊ ကိုယ့်ကဗျာစာထဲမှာ ထည့်ရေးတာမျိုးပါ။ (.....) ကပြောသည်။ ဟုပြောသည်ဆိုပြီးလဲ တိုက်ရိုက်သုံးရင် ရတာပဲ။ ကိုယ် မကျွမ်းကျင်ခင်မှာ တုပြီးရေးတာဟာ ရှက်စရာ မဟုတ်ပါ။ အလေ့အကျင့်ရလာရင် ကိုယ်ပိုင်ဟန်က အလိုလို ပေါ်လာမှာပါ။ ပြု တတိယ အဆင့်ကတော့ (ပြု) ရပါမယ်။ ဒီအဆင့်မှာ ကိုယ်ပိုင် အယူအဆတွေ ကိုယ်ပိုင်ဟန်တွေ နဲ့ ကိုယ်ပိုင်စာတွေ ပြုစုမှာဖြစ်ပါတယ်။ စုခြင်းနဲ့ တုခြင်းမှာ ရလာမဲ့ အကျိုးအမြတ်တခုက အခြားသူတို့ရဲ့ ရေးဟန် စာလုံးအသုံးပြုပုံတွေကို သတိထားမိမှာဖြစ်ပြီး၊ အဲ့ဒီပုံစံတွေ အတိုင်းရေးချင်ရေး ဒါမှမဟုတ် သူတို့ဟန်ကို မတုတော့ပဲကိုယ်ပိုင်ဟန် ထွင်ပြီးရေးချင်ရေးရုံပါပဲ။  စာပေဖြင့်နိုင်ငံဂုဏ်မြှင့်တင်နိုင်ကြပါစေ။ ရဲသူရိန်မင်း 03.04.2011
Ye Thurein Min 03 April 15:29
စု၊တု၊ပြု (စာရေးခြင်း အနုပညာ)

ဆရာကြီးမင်းသုဝဏ်က စာရေးခြင်းအနုပညာနဲ့ ပတ်သက်ပြီး ဒီလိုပြောခဲ့ဘူးပါတယ်။
စု
စာမရေးခင် အစပထမမှာ (စု) ရပါမယ်။ အဓိပ္ပါယ် က ၀မ်းစာစုရမှာကို ဆိုလိုတာပါ။ စာပေ၊ ဗဟုသုတ ၀မ်းစာကို ဆိုလိုတာပါ။ စာများများဖတ်၊ သူများတွေ ဘယ်လိုရေးသလဲ လေ့လာ၊ မှတ်သားစရာရှိမှတ်သား၊ အလွတ်ကျက်မှတ်သင့်တာကျက်ပေါ့။ ကိုယ့်မှာ စာပေဗဟုသုတ၊ လောက သဘာဝတရားအကြောင်းတွေ နားလည်နေရင် ကိုယ်ရေးတဲ့စာဟာလဲ ပိုပြီး ရင့်ကျက်မှုရှိလာမှာပါ။
တု
ဒုတိယ အဆင့်အနေနဲ့တော့ (တု) ရပါမယ်။ တခြားသူရေးထားတဲ့ ပုံစံတွေကို တုပြီး ရေးရမယ်။ ကဗျာရေးမယ်ဆိုလဲ ကိုယ်ကြိုက်တဲ့ ကဗျာဆရာ ရဲ့ ကဗျာတပုတ်ရဲ့ အတွေးအခေါ်ကို ကိုယ့်စာသားလေးတွေ ပြောင်းပြီးရေးတာမျိုး။ သူ့ရဲ့ စာသားတချို.ကို ကိုယ့်အတွေးအခေါ်၊ ကိုယ့်ကဗျာစာထဲမှာ ထည့်ရေးတာမျိုးပါ။ (.....) ကပြောသည်။ ဟုပြောသည်ဆိုပြီးလဲ တိုက်ရိုက်သုံးရင် ရတာပဲ။ ကိုယ် မကျွမ်းကျင်ခင်မှာ တုပြီးရေးတာဟာ ရှက်စရာ မဟုတ်ပါ။ အလေ့အကျင့်ရလာရင် ကိုယ်ပိုင်ဟန်က အလိုလို ပေါ်လာမှာပါ။
ပြု
တတိယ အဆင့်ကတော့ (ပြု) ရပါမယ်။ ဒီအဆင့်မှာ ကိုယ်ပိုင် အယူအဆတွေ ကိုယ်ပိုင်ဟန်တွေ နဲ့ ကိုယ်ပိုင်စာတွေ ပြုစုမှာဖြစ်ပါတယ်။ စုခြင်းနဲ့ တုခြင်းမှာ ရလာမဲ့ အကျိုးအမြတ်တခုက အခြားသူတို့ရဲ့ ရေးဟန် စာလုံးအသုံးပြုပုံတွေကို သတိထားမိမှာဖြစ်ပြီး၊ အဲ့ဒီပုံစံတွေ အတိုင်းရေးချင်ရေး ဒါမှမဟုတ် သူတို့ဟန်ကို မတုတော့ပဲကိုယ်ပိုင်ဟန် ထွင်ပြီးရေးချင်ရေးရုံပါပဲ။

စာပေဖြင့်နိုင်ငံဂုဏ်မြှင့်တင်နိုင်ကြပါစေ။
ရဲသူရိန်မင်း
03.04.2011

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment