ကမ္ဘာမြေပေါ် စောက်ထိုးဆွဲခံပြီး ငိုလိုက် ရယ်လိုက် ရပ်တည်နေရတဲ့ နေ့စွဲတွေပေါ့ အကို မျက်ဆံအမည်းတွေဆိုပြီး ပနားမားတူးမြောင်းမှာ လုပ်ခ ဈေးအပေါဆုံး ရတာကို ပန်းချီကျော် ဂေါ်ဂင်က ရယ်ခြင်းဖွဲ့သတဲ့ ဟိုတယ် ကယ်လီဖိုးနီးယား* သီချင်းစာသားမှာ တစ်ဖ်နီ* ဆိုတဲ့ ဂျူး'နာမည်လေးပါနေလို့ အဲဒီသီချင်း ဖွင့်ခွင့်မပေးတဲ့ နိုင်ငံတွေဆီ ကျနော်တို့ ဘလော့ဂါတွေ ခရီးထွက်ကြရအောင် အကို မြေကမ္ဘာမှာ ကျိန်စာတွေရှိသလား … အန်ဒါဆန်ရဲ့ ရေသူမကတော့ သောင်ကမ်းစပ်ပေါ် တက်မလာသေးဘူး အကိုရေ ဆူနာမီနဲ့ လေဆင်နှာမောင်းတော့ ရောက်ရောက်လာတယ် … ဘုရားတစ်ဆူနဲ့ တစ်ဆူအကြား မထားချင်ပဲ ထားရစ်ခဲ့တဲ့ ကျနော်တို့ရဲ့ ရုပ်ခန္ဓာအကြွင်းစုတွေ ၁၃ ယူဇနာမြင့်ပြီး တောင်ဖြစ်ခဲ့မယ် ဆိုရင်လဲ တောင်ပေါ်မှာ ပျော်ရွှင်ပါစေ ကိုကြီးကျောက် …. ။ ။
-စစ်ငြိမ်းဒီရေ
ဟိုတယ် ကယ်လီဖိုးနီးယား *= Hotel California တစ်ဖ်နီ*= tiffany |
No comments:
Post a Comment