အရှက်မရှိတဲ့ ငါ
September 18, 2008
ဒီလို ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ
တစ်ရွာနဲ့တစ်ရွာလည်း
အသည်းခွဲလို့လွယ်ပါသလား .....
ကမ္ဘာဆိုတာ ရွာကြီးတစ်ရွာလည်း ဖြစ်တယ် ။
အမှတ်တရ ည ပါပဲ ..........
တစ်စုံတစ်ရာ ထိမှန်ခဲ့တယ်ဆိုတာ .........
ငါ .. ရင်ဘတ်တွေ နာလာမှ သိတယ် ..........။
ဒူးနေရာမှာ မဒူးပဲ .......
တော်နေရာမှာ မတော်တတ်ခဲ့တော့ .......
သံယောဇဉ်တမျှင်ကြိုးက ရင်ကို တိုးလို့ ချည်တယ် .........။
ဟင့်အင်း ..
မမြိုသိပ်တက်ခဲ့တာဟာ ......ငါ့အမှားဆိုရင် ......
တိုက်ဆိုင်လွန်းနေခဲ့တဲ့ ကံကြမ္မာကိုလည်း
နည်းနည်းတော့ အပြစ်တင်ချင်မိတယ် .........။
ရုတ်တရက်ကြီးဆိုတော့
ကိုယ့်ဂစ်တာကြိုးလျော့တာကို ကိုယ်သတိမထားခဲ့နိုင်ဘူး။
အချစ်ဆိုတဲ့ ဒီသဘောက်မသားက
ငါ့ရဲ့ မရှိမဲ့ရှိမဲ့သိက္ခာတရားကို
မဟားဒယား ခလောက်ဆန်သွားလိုက်တာ .......
အရှက်တရားက
ပတ်ကြားအက် လယ်ကွင်းပြင်တစ်ခုဖြစ်တယ်။
အဖန်ဖန်အထပ်ထပ်
ကိုယ်မက်ခဲ့တဲ့ စိတ်ကူးယဉ်အိပ်မက်တွေလည်း
စာရိတ္တမြေဆီလွှာမကောင်းတဲ့
အခွင့်အရေးသမားတစ်ယောက်ရဲ့ လယ်တစ်ကွယ်မှာ
မျှော်လင့်ချက်ပျိုးပင်တွေ ကျိုးတို့ကျဲတဲ
ငါစိုက်ခဲ့သလောက်ပဲ ငါ့ကို ပြန်ပေးခဲ့တယ် .............။
ဒီလိုနဲ့
(ပန်းခူးစားသူတွေအကြောင်း ...)
အဲဒီလို ထောင်းထောင်းထနေတဲ့ စောင်းမြောင်းသံတွေ ကြားမှာ
ငါ့ အိပ်ရာနဲ့ ငါ့ညက
ငါ့ကျောကုန်းအောက်မှာ ကျပျောက်နေခဲ့တယ် ...။ By မိုးသား
No comments:
Post a Comment