လုံမှဖတ်
ခြသေ့င်္မှန်ရင် မှင်ဆံသက်သေပါ အမတေ လုပ်သမျှဒုံရင်းမစိုက်ပါဘူး ဒီရပ်ကွက်ဒီဇာတ်လမ်းမှာ မရွယ်ဘဲစော်ကဲက မင်းဖြစ်လာတော့ အဆင်းကို ဘီးတပ်ပေးသလို သွေးနထင်ရောက် နေပေမဲ့ မင်းက ဒီပုတ်ထဲက ဒီပဲဖြစ်လို့ှုငါကလည်း အဟုတ်ကြီးလုပ်ပြီးလက်ခုပ်မတီးနိုင်ဘူး။
အရူးဘုံမြောက်တော့ချီးခြောက်လည်း ကောက်စား ခရု ခတောင်းကျိုက်ဖမ်းလိုဖမ်း ကြက်ဥပြုတ်သံတုတ် နဲ့ ရိုက်လို ရိုက် နှံပြီစုတ် အမြောက်နဲ့ ချိန်တဲ့မင်း ခရီးတွင်လို့  ရွာစဉ်မသိဘဲနေမယ်
ဟိုလူကဘယ်လိုတော်တယ် ဒီလူက ဘယ်လိုကျော်တယ်နဲ့  အတ္ထုပတ္တိတွေ ၀ယ်ဝယ်ဖတ် ဖားတုလို့  ခရုခုန် အိုင်ပျက်ရုံပဲ စပါးကြီးကို လင်းမြွေ မပတ်ချင်ပါနဲ့ ကွာ နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်ထက်ကဲမယ်ဆိုပြီး မနိုင်ဝန်ထမ်းချင် ၀ရှိမှဝိဖြစ်တာပါ ပါးပိန်ရာ နံ့ သာဖို့ မရဘူးလေ။
မင်းကငှက်မသိတော့ ဇရက် ဂျိုးထင် ဗြောသံကြားတရားနာချင် သူများယောင်လို့ သာ မင်းယောင်ရတယ် တောင်မှန်းမြောက်မှန်းရောသိရဲ့ လား။
သခွါးသီးခွဲပါဆို ပုဆိန်မရှိဘူးပြောလိုက်သေးတယ် ရွာကျောင်းမပင့်ဘဲ တောကျောင်းပင့် လေဖမ်းဝါးလုံးတန်းချီ လျှော့မွေးတစ်ကောင်နဲ့  ဗာရာဏသီချဲ့  ငါဟဲ့ ဆိုပြီးလုပ်သမျှမဖြစ်တော့ အရပ်ရှစ်မျက်နှာ အပြစ်ဖို့  ကံကြမ္မာ လမိုင်းမကပ်ဘူးတဲ့။
မင်းက ကာရံ တွေ၊ ရစ်သမ်တွေ၊ မော်ဒန်တွေမပါတဲ့ အကြံအဖန် လုပ်စာတွေဆိုဘဲ.......... မဖတ်ချင်မဖတ်နဲ့  ငါတို့ ရေးတာ ရိုးသားမှုပါတယ်။ စောစောကတည်း ငါပြောပါတယ် ငါ ဆရာမဟုတ်၊ မင်း ဆရာမဟုတ် တတ်လို့ လည်းမဟုတ်၊ ငတ်လို့ လည်းမဟုတ် လုပ်ချင်လို့ လုပ်ကြတာဘဲ မဂ္ဂဇင်းတစ်အုပ် နှစ်အုပ်မှာပါလာပြီး ဆရာ သမ္ဘာလာလုပ်ရင်တော့ ကဗျာဆရာ မဟုတ်တဲ့ငါက အထာဘာညာ မပေးဘဲ အညှာအတာ မရှိဆော်ထည့်လိုက်မယ် ...... "တုံ"
အစိုင်း |
No comments:
Post a Comment