စိတ်ဆိုးတတ်တဲ့ နံရိုးလေးအတွက်
မစားကောင်းတဲ့ အသီးကိုစားဖို့ ဥယျာဉ်တော်ထဲဝင်ခဲ့တယ်။ တခမ်းတနားကျဆုံးခြင်း (သို့) လူဆန်သူဆန်ပျိုးခင်းလေး ..ကဲဘယ်လိုလည်းငါ့နံရိုးလေးရေ။
အိမ်မက်လှေတွေညရဲ့ကမ်းပါးမှဆိုက်ကပ်လို့ အဖြူရောင်၊မီးခိုးရောင် အိမ်မက်နတ်သမီးတွေ မင်းနဲ့ငါရဲ့အိမ်မက်တွေကို တောင်းကြီးတွေနဲ့တင်လို့ ကောင်းကင်တော်ဆီရွက်လွင့်နေကြပြီ။ ကဲဘယ်လိုလည်းငါ့နံရိုးလေးရေ။
အပြင်မှသုံးခါ၊ အိမ်မက်ထဲမှာသုံးခါ စိတ်ကူးထဲမှာအခါခါ မင်းဘက်က တစ်မျက်နှာဆိုပေမဲ့ ငါ့ဘက်က တစ်အုပ်စာ လွမ်းနေရတယ် နံရိုးလေးရေ။
Johnyoharmar |
No comments:
Post a Comment