Wednesday, 25 May 2011

[စာပေစကားဝိုင်း] မောင်စိတ်ဓါတ်ကျလေးအကြောင်း ပုံပြင်byကမ္ဘာ့ ဖျာon...

မောင်စိတ်ဓါတ်ကျလေးအကြောင်း ပုံပြင်byကမ္ဘာ့ ဖျာon Wednesday, May 25, 2011 at 9:21am  တစ်ခါတုန်းက  ညည်းစီစီလို့ အမည်ရတဲ့ ရွာကြီးတစ်ရွာမှာ နေထိုင်အခြေချတဲ့ ဦးစိတ်ကုန်နဲ့  ဒေါ်စိတ်ပျက် ဆိုတဲ့ လင်မယားနှစ်ယောက် ရှိသတဲ့။ သူတို့ဆီမှာ မောင်စိတ်ဓါတ်ကျ  ဆိုတဲ့ သားလေးတစ်ယောက်လည်း ရှိသတဲ့။ သူတို့ မိသားစုဟာ ဆင်းရဲလွန်းတာမို့  တစ်နေ့တစ်နေ့ စားဝတ်နေရေးကို ခက်ခက်ခဲခဲ ရင်ဆိုင်ဖြေရှင်းရသတဲ့။  ဦးစိတ်ကုန်ဟာ နေ့ဘက်မှာ ရွာဘေးကမ်းနားမှာ ရှိတဲ့ လှေဆိပ်မှာ ကုန်တင်ကုန်ချ  အလုပ်ကို ပင်ပင်ပန်းပန်း လုပ်ကိုင်ရသတဲ့။ ဒေါ်စိတ်ပျက်ကတော့  ဟင်းသီးဟင်းရွက်တွေကို ခေါင်းရွက်ဗျပ်ထိုးရောင်းပြီး ရတဲ့ ငွေစကလေးတွေနဲ့  မိသားစု စားဝတ်နေရေးကို ဖြေရှင်းရသတဲ့။ သူ့တို့သားလေး မောင်စိတ်ဓါတ်ကျ  ကတော့ ဘာအလုပ်မှ မယ်မယ်ရရမရှိတဲ့ အပြင် ဘယ်အရာကိုမှ မလုပ်ချင်မကိုင်ချင်နဲ့  အားအားရှိ စိတ်ဓါတ်ကျ အားငယ်လို့သာနေသတဲ့။ သူတို့ မိသားစုဟာ သူတို့  နာမည်တွေနဲ့ အင်မတန်လိုက်ဖက်အောင် ပြုမူပြောဆိုကြတယ်လို့ ရွာကလူတွေက  ဆိုစမှတ်ပြုကြသတဲ့။  ဦးစိတ်ကုန်ဟာ နာမည်နဲ့လိုက်အောင်  သူလုပ်ရတဲ့ အလုပ်ပင်ပန်းကြောင်း၊ ဘယ်ရွေ့ဘယ်မျှ ထမ်းပိုးရကြောင်း  ညည်းတွားပြောဆိုနေတတ်ပြီး ဒီအလုပ်ကို စိတ်ကုန်ခန်းနေပြီး ဖြစ်ကြောင်း  စားဝတ်နေရေးအတွက် မတတ်သာလို့သာ လုပ်ကိုင်ရကြောင်း စကားစပ်မိတဲ့ လူတိုင်းကို  ပြောတတ်သတဲ့။ ထို့အတူပဲ ဒေါ်စိတ်ပျက်ဟာလည်း အခုလို  ခေါင်းရွက်ဗျပ်ထိုးရောင်းရတဲ့ ဈေးသည်အလုပ်ဟာ သိပ်ပင်ပန်းကြောင်း၊  အာပေါက်အောင်အော်မှ အနည်းငယ်မျှ ရောင်းရကြောင်း ဒီအလုပ်ကို  သိပ်စိတ်ပျက်နေပြီ ဖြစ်ကြောင်း စတာတွေကို သူ့ဆီက ဈေးဝယ်တဲ့သူတွေကို  စိတ်ပျက်လက်ပျက်နဲ့ ပြောပြတတ်သတဲ့။ သူတို့သား မောင်စိတ်ဓါတ်ကျကတော့  သူ့ကိုယ်သူ ဘာမှ ယုံကြည်မှု မရှိတဲ့ အတိုင်း ဘာမှလည်း မည်မည်ရရ မလုပ်နိုင်ပဲ  လက်မှိုင်ချ စိတ်ဓါတ်ကျနေပြီး ငေးငေးငိုင်ငိုင်နဲ့သာ နေသတဲ့။  တစ်နေ့မှာ အဖေလုပ်သူ ဦးစိတ်ကုန်က သူ့သား မောင်စိတ်ဓါတ်ကျကို အခုလို ပြောသတဲ့။  "သားရေ  မင်းမလဲ မငယ်တော့ဘူး ဘာမှ မလုပ်မကိုင်ပဲ ဒီအတိုင်း ငူငူငိုင်ငိုင်နေလို့  ရှိရင် အဖေနဲ့ အမေ မရှိတဲ့အခါမှာ မင်း ဒုက္ခရောက်လိမ့်မယ်၊ အဲဒီ့တော့ မင်း  လုပ်ကိုင်စားသောက်လို့ရမယ့် ပညာရပ်တစ်ခုခုကိုသင်မှ ရမယ်"  "အဖေ သားလုပ်နိုင်မယ် မထင်ဘူး၊ သားမှာ အစွမ်းအစ မရှိဘူး"  "မင်း  လုပ်မကြည့်သေးပဲနဲ့ အခုလို ပြောလို့မရဘူးသား၊ မင်း လုပ်ကြည့်ရမယ်  မင်းမလုပ်နိုင်ဘူးဆိုတာ သေချာတော့မှ အဲစကားကို ပြောပါလား သားရယ်၊ အဖေကတော့  မင်းကို ကြိုးစားကြည့်စေချင်တယ်"  အဲလို အဖေနဲ့ သား အချီအချ ပြောဆိုနေတုန်းမှာ ဒေါ်စိတ်ပျက် ဈေးရောင်းရာက ပြန်ရောက်လာပြီး အခုလို ဝင်ပြောဆုံးမပါသတဲ့။  "သားရေ  အမေတို့ ရွာနဲ့ သိပ်မဝေးတဲ့ တက်ကြွရွာကြီးမှာ လူငယ်တွေ  အသက်မွေးဝမ်းကြောင်းဖို့ ပညာရပ်တွေကို သင်ကြားပေးနေတဲ့ ဆရာသမားကောင်းတွေ  ရှိတယ်လို့ အမေဈေးရောင်းထွက်ရင်း ကြားခဲ့တယ်၊ အဲမှာ မင်းပညာ သွားသင်ပါလား"  "အမေရယ် သားကိုယ်၌ ကိုက အစွမ်းအစမှ မရှိတာ ဘယ်လိုသမားကောင်းတွေပဲ သင်သင် ဘယ်တတ်လိမ့်မလဲ"  "မဟုတ်သေးဘူးလေ  သား၊ မင်း အရင် စ လုပ်ကြည့်မှပေါ့ လူဆိုတာက အစွမ်းအစဆိုတာ ရှိတယ်၊  မင်းအဖေကိုပဲ ကြည့် ဘာပဲလုပ်လုပ် စိတ်ကုန်တတ်ပေမယ့် သူ့မှာ  အလုပ်လုပ်ချင်စိတ် ရှိတယ်၊ ဒီစိတ်လေးနဲ့ပဲ အမေတို့ အဖေတို့ သားကို  အခုအရွယ်ထိရောက်အောင် ပြုစုလာနိုင်ခဲ့တာပဲ မဟုတ်လား"  "သား စဉ်းစားပါဦးမယ် အမေနဲ့ အဖေတို့ရယ်"  အခုလို  ဦးစိတ်ကုန်နဲ့ ဒေါ်စိတ်ပျက်တို့ အကြိမ်ကြိမ်အဖန်ဖန်  တိုက်တွန်းအားပေးကြတာမို့ သားဖြစ်သူ မောင်စိတ်ဓါတ်ကျဟာ တက်ကြွရွာကြီးမှာ  ပညာသွားသင်ဖို့ကို တဖြည်းဖြည်း စိတ်ဝင်စားလာပါသတဲ့။ ခိုင်မြဲတဲ့  ကျောက်ဆောင်ကြီး တွေမှာတောင် အကြိမ်ကြိမ်အခါအခါ တိုက်ခတ်တဲ့ ရေ၊ လေတို့နဲ့  ထိတွေ့ရင် ပွန်းပဲ့ပါတတ်သလိုမျိုး၊ သစ်ငုတ်ဟာ ခလုတ်တိုက်ပါများရင် နဲ့နဲ့  လာသလိုမျိုး သား ဖြစ်သူ မောင်စိတ်ဓါတ်ကျဟာ မိဘတွေရဲ့ တိုက်တွန်းမှုကို  နားထောင်မိရင်းက တဖြည်းဖြည်း စိတ်ပါဝင်စားလို့လာပါတော့သတဲ့။ တစ်နေ့မှာ  မောင်စိတ်ဓါတ်ကျဟာ သူ့အဖေနဲ့ အမေကို အခုလို ပြောသတဲ့။  "ကဲ အဖေနဲ့ အမေလည်း စိတ်ချမ်းသာအောင်၊ သားလည်း စမ်းသပ်တဲ့သဘောပါအောင် အဖေတို့ ဆန္ဒရှိသလို တက်ကြွရွာကြီးမှာ သား ပညာသွားသင်ပါ့မယ်"  ဒီစကားကို  ကြားလေတော့ ဦးစိတ်ကုန်နဲ့ ဒေါ်စိတ်ပျက်ဟာ အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာ  ဖြစ်ကြသတဲ့။ သားဖြစ်သူရဲ့ ပညာသင်ခရီးအတွက် လိုအပ်မယ့် ပစ္စည်းပစ္စယတွေကို  မပြည့်စုံတဲ့ကြား၊ မရှိတဲ့ ကြားက ရှာကျန်လို့ စုဆောင်းပေးပြီး သားဖြစ်သူကို  ပေးအပ်မှာကြားသတဲ့။  "သား ရွှေစစ်မှန်တာကို သိဖို့  ငရဲမီးအစားခံပေးရတယ် ထို့အတူပဲ လူဆိုတာ ကိုယ့်အရည်အချင်းကို ကိုယ်သိဖို့  ကိုယ်ကိုယ်တိုင် ကြိုးစား၊ စစ်ဆေး၊ စမ်းသပ်ရတယ်။ အဖေတို့ အမေတို့ဟာ  ဆင်းရဲတာမို့ သားကို ဘာမှ အမွေရယ်လို့ ပေးနိုင်မယ် မထင်ဘူး ပညာအမွေသာ  ပေးအပ်နိုင်မယ် ဒီတော့ သားအသက်မွေးဝမ်းကျောင်းဖို့ ပညာကို သေချာသင်ယူပြီး  အသုံးကျတဲ့သူတစ်ယောက် ဖြစ်ပါစေ၊ အချိန်ရှိသရွေ့ စိတ်ဓါတ်ကျနေတဲ့ အဖြစ်ကို  မမြင်လို မတွေ့လိုဘူး"  "သား ကြိုးစားကြည့်ပါမယ် အဖေနဲ့ အမေတို့"  ဒီလိုနဲ့  မောင်စိတ်ဓါတ်ကျလေးဟာ မိဘနှစ်ပါးကို နှုတ်ဆက်ပြီး  အသက်မွေးဝမ်းကြောင်းပညာကို သင်ကြားဖို့ တက်ကြွရွာကြီးဘက်ကို ဦးတည်ပြီး  ခရီးထွက်လာခဲ့တော့သတဲ့။  ဒီလို ထွက်လာရင်းနဲ့  လမ်းခရီးတစ်ထောက်မှာ အရိပ်လည်းကောင်း သစ်ခက်သစ်လက်တွေနဲ့  ဝေဆာအုံ့မှိုင်းနေတဲ့ ညောင်ညိုပင်ကြီးတစ်ပင်ကို တွေ့တဲ့အခါ နေပူရှိန်ကလည်း  ပြင်း၊ လူကလည်း ပန်းလွန်းတာမို့ ခဏတာ နားနေဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။  ညောင်ညိုပင်ကြီးအောက်မှာ ကြွေကျရှုပ်ပွနေတဲ့ ညောင်ရွက်ခြောက်တွေကို  ရှင်းလင်းလိုက်ပြီး ခဏတာနားနေဖို့ ပြင်လိုက်တဲ့အခါ ညောင်ပင်ကြီးအောက်မှာ  ထိုင်နေတဲ့ အဖိုးအိုတစ်ယောက်ကို တွေ့လိုက်ပါတော့ သတဲ့။  မောင်စိတ်ဓါတ်ကျလေးဟာ အဖိုးအိုကို မြင်တော့ ရိုသေသမှုနဲ့ နှုတ်ဆက်ဂါရဝါ  ပြုပြီး အခုလို ပြောပါသတဲ့။  "အဖိုး တက်ကြွရွာကြီးကို ရောက်ဖို့ ဘယ်လောက်များ လိုပါသေးသလဲခင်ဗျာ"  အဖိုးအိုက မောင်စိတ်ဓါတ်ကျလေးကို အကဲခတ်သလို ကြည့်လိုက်ပြီး အခုလို ပြန်ပြောပါသတဲ့။  "အင်းးး  သိပ်တော့မလိုတော့ဘူးကွယ့် ဒါပေမဲ့ အတော်တော့ ခရီးဆက်ရဦးမှာပါ၊ ဒါ့နဲ့  နေပါဦး မင်းက တက်ကြွရွာကြီးကို သွားပြီး ဘာလုပ်မှာမို့တုန်းကွဲ့"  "'ဒီလိုပါ  အဖိုး ကျွန်တော့်အမည်က မောင်စိတ်ဓါတ်ကျလို့ ခေါ်ပါတယ်၊ မိဘတွေရဲ့ ဆန္ဒအရ  တက်ကြွရွာမှာ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားဖို့ သွားရောက်မှာပါ၊  အဲ့ဒီ့ရွာကြီးမှာ ပါမောက္ခကြီး ဦးမျှော်လင့်ချက်ဆိုတာ ရှိတယ်လို့  ကြားပါတယ်၊ ဒီပါမောက္ခကြီးဟာ အသက်မွေးဝမ်းကြောင်းပညာရပ်တွေကို  တဖက်ကမ်းခတ်တတ်မြောက်ပြီး ပြန်လည်သင်ကြားပေးနိုင်တယ်လို့ သိရတာမို့  ကျွန်တော် သွားရောက်သင်ကြားလိုတာပါ"  "သြော်... ဒါဆို မောင်ရင်ဟာ ပညာလိုချင်သူပဲ၊ ဘာကြောင့် ပညာကို လိုချင်ရတာလဲ လင်းစမ်းပါဦးလား"  "မိဘက တိုက်တွန်းလို့ပါ"  "အလို မိဘက တိုက်တွန်းတာနဲ့ မောင်ရင်က လုပ်ရရောတဲ့လား? မောင်ရင့် စိတ်ဆန္ဒ မပါဘူးလား"  "မပါ  ပါဘူး အဖိုး၊ မိဘတွေက တိုက်တွန်းလွန်းတာမို့ လာရောက်သင်ကြားရတာပါ၊  ကျွန်တော် နာမည်က မောင်စိတ်ဓါတ်ကျလို့ ခေါ်ပါတယ်၊ နာမည်နဲ့ လိုက်အောင်  စိတ်ဓါတ်ကျတတ်ပြီး ကိုယ့်အစွမ်းအစကို မယုံကြည်သူပါ အခုလာရတာက မိဘတွေက  တိုက်တွန်းလွန်းတာမို့ မိဘစိတ်ချမ်းသာအောင် လာရတာဖြစ်ပါတယ်"  "ကလိုကိုး  အဖိုးသဘောပေါက်ပြီ၊ အဖိုးဟာ မောင်ရင်သွားမယ့် တက်ကြွရွာကြီးမှာ  နေတဲ့သူပါပဲ၊ မောင်ရင် သွားရောက်ပညာသင့်မယ့် ပါမောက္ခကြီး  ဦးမျှော်လင့်ချက်ဆိုတာ သိပ်ကို ကိန်းကြီးခန်းကြီးနိုင်တယ်၊ သိပ်လည်း  ဂုဏ်ပကာသနကို မက်မောတယ်၊ သူဟာ ပညာသင်သားကို လက်ခံရင် ဒီအတိုင်း လက်ခံလေ့  မရှိဘူးလို့လည်း အဖိုးကြားတယ်၊ သူ့ဆီက ပညာသင်ရဖို့  အဖိုးတန်ရတနာတစ်ပါးပါးကို ပညာကြေးအဖြစ် ပေးအပ်ရတယ်လို့ အဖိုးသိရတယ်၊ ဒီတော့  မောင်ရင့်မှာ ဘယ်လို အဖိုးတန်ရတနာပါ ပါသလဲ"  "ဘယ်လို အဖိုးတန်ရတနာမှ မပါ ပါဘူး အဖိုး၊ ဗလာလက်ချည်းပါ"  "ဒါဆိုရင် ဒီပါမောက္ခကြီးဟာ မောင်ရင့်ကို လက်ခံလိမ့်မယ် မထင်ဘူး"  "ဒါဆိုရင် ကျွန်တော် ဘယ်လိုလုပ်ရပါ့လိမ့်မလဲ အဖိုး အကြံဥာဏ်ကောင်းလေးများ ရှိရင်ပေးပါဦးခင်ဗျာ"  "ဒီလိုတော့  လုပ်ဖို့ အဖိုးအကြံပေးလိုတယ်၊ တက်ကြွရွာကြီးဆီ မရောက်ခင်  အတော်လှမ်းလှမ်းမှာ အခက်အခဲလို့ အမည်ရတဲ့ တောင်တန်းကုန်းမြင့်ကြီးတစ်ခု  ရှိတယ်၊ အဲ့ဒီတောင်ကုန်းမြင့်ကြီးပေါ်မှာ တနေရာမှာ ရည်ရွယ်ချက်လို့ အမည်ရတဲ့  ပတ္တမြားကြီးတစ်လုံးဟာ ရှိနေတယ်၊ ဒါကို ဘယ်သူမှ မသိဘူး အဖိုးနဲ့ အဲသည့်  ပါမောက္ခကြီးသာလျှင် သိတယ်။ ပါမောက္ခကြီးဦးမျှော်လင့်ချက်ဟာ  ဒီပတ္တမြားကြီးကို သိပ်လိုချင်နေတဲ့သူပဲ၊ အကယ်၍ မောင်ရင်သာ ဒီပတ္တမြားကြီးကို  ရယူပြီး ပညာကြေးအနေနဲ့ ဆက်သ ပေးအပ်နိုင်မယ်ဆိုရင် ပါမောက္ခကြီးဟာ  မောင်ရင့်ကို တပည့်အဖြစ် လက်ခံပြီး ပညာရပ်တွေကို သင်ကြားပေးမှာ ဧကန်ပဲ"  "ကျွန်တော် စိတ်ဝင်စားလှပါတယ် အဖိုး ဒီပတ္တမြားကြီးကို ကျွန်တော် ယူပြီး ပညာကြေးအဖြစ် ဆက်သချင်ပါတယ်"  "ကောင်းပြီ  ဒါဆို အဖိုးလမ်းညွှန်မယ်၊ ဒီပတ္တမြားကြီးဟာ အခက်အခဲလို့ အမည်ရတဲ့  တောင်တန်းကြီးရဲ့ အလယ်ဗဟို ပြဿနာဆိုတဲ့ ချိုင့်ဝှမ်းကြီးထဲမှာ ရှိတယ်၊  အဲ့ဒီ့ချိုင့်ဝှမ်းကြီးဟာ အင်မတန်စောက်နက်လို့ သိပ်ကြောက်မက်ဖွယ်ကောင်းတယ်၊  ဒီချိုင့်ဝှမ်းကြီးကို ကျော်ဖြတ်လို့ ရောက်နိုင်တယ်ပဲ ထားပါဦး  ပတ္တမြားကြီးကို စောင့်ကြပ်တဲ့ ယက္ခဘီလူးကြီး တစ်ကောင်က ရှိနေသေးတယ်၊  ဘီလူးကြီးနာမည်က စိတ်ဓါတ်ပျက်ပြားမှု လို့ ခေါ်သတဲ့၊ ဒီဘီလူးကြီးကို  သတ်နိုင်တယ်ဆိုရင် မောင်ရင်ဟာ ဒီပတ္တမြားကြီးကို  လက်ဝယ်ပိုင်ဆိုင်နိုင်လိမ့်မယ်၊ ဒီဘီလူးကြီးကို သတ်ဖြတ်ဖို့  အတွေ့အကြုံဆိုတဲ့ ဓါးကောင်းတစ်လက်ရှိရာကို မောင်ရင့်ကို အဖိုး  ညွှန်းလိုက်မယ်၊ ဒီဓါးမြတ်အစွမ်းနဲ့ဘီလူးကြီးကို ဖယ်ရှားသုတ်သင်လို့  ပတ္တမြားကြီးကို သိမ်းပိုက်ပါတော့၊ ဒါပေမဲ့ ဒီဓါးမြတ်ကို မောင်ရင်ကိုယ်တိုင်  ကိုယ်စွမ်းကိုယ်စနဲ့ ရယူရလိမ့်ဦးမယ်"  "ကောင်းပါပြီ အဖိုး၊ ဓါးမြတ်ကို ဘယ်လိုရယူရမယ်ဆိုတာကိုသာ ဆိုပါ"  "မောင်ရင်  ဒီဓါးမြတ်ကို စိတ်ရှည်သည်းခံခြင်းဆိုတဲ့ ရေတံခွန်ကြီးရဲ့ အတွင်းဖက်မှာ  ရှိတဲ့ မှတ်သားနာယူခြင်းဆိုတဲ့ ကျောက်ဂူကြီးအထဲမှာ သိုဝှက်ထားရှိတယ်၊  ဒီရေတံခွန်ကြီးဟာ အရှိန်ပြင်းပြင်းနဲ့ စီးဆင်းနေတာမို့ တော်ရုံခံနိုင်ရည်  အားနဲ့ ပြည့်စုံသူဟာ ဝင်မရဘူး၊ မောင်ရင့်ရဲ့ ကိုယ်ပိုင် အစွမ်းအစနဲ့သာလျှင်  ရယူနိုင်ပေလိမ့်မယ်"  မောင်စိတ်ဓါတ်ကျလေးဟာ ဝမ်းသာအားရနဲ့  အဖိုးအိုကို ဂါဝရပြု နှုတ်ဆက်လို့ အတွေ့အကြုံဓါးမြတ်ကို ရယူဖို့  ရေတံခွန်ကြီး ရှိရာဘက်ကို ထွက်လာခဲ့သတဲ့။ ရေတံခွန်ကြီးဟာ  မျှော်လင့်ထားတာထက် အရှိန်အဟုန် ပြင်းပြင်းထန်ထန် စီးဆင်းနေပြီး  ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် ရေစီးသန်လွန်းလှသတဲ့။ ဒီလို အခြေအနေကို  ကြုံသော်လည်းပဲ မောင်စိတ်ဓါတ်ကျလေးဟာ စိတ်အားမလျှော့ပဲ  ကြံ့ကြံ့ခံခိုင်မာတဲ့ စိတ်ဓါတ်ခွန်အားနဲ့ ရေတံခွန်ကြီးထဲ တိုးဝင်ပြီး  မှတ်သားနာယူခြင်း လှိုဏ်ဂူကြီးထဲကို အရဲစွန့် ဝင်ရောက်လိုက်သတဲ့။  လှိုဏ်ဂူကြီးထဲမှာ ပိန်းပိတ်အောင် မှောင်လွန်းနေပြီး စိတ်ခြောက်ခြားဖွယ်ရာ  အတိပြီးနေသတဲ့။ ဒါပေမဲ့ မောင်စိတ်ဓါတ်ကျလေးဟာ ဓါးမြတ်ကို မြတ်နိုးခုံမင်တဲ့  စိတ်နဲ့ ဂူကြီး အဆုံးကို အရဲစွန့်ဝင်ရောက်ပါတော့သတဲ့။ ဒီအခါမှာ  သူလိုချင်လွန်းလှတဲ့ အတွေ့အကြုံဓါးမြတ်ကို ပြတ်ပြတ်သားသား  ရယူသိမ်းပိုက်နိုင်တော့သတဲ့။  ဒီလို ဓါးမြတ်ကို ရယူပြီးတဲ့  နောက်မှာ မောင်စိတ်ဓါတ်ကျလေးဟာ အခက်အခဲတောင်စဉ်တန်းကြီးဘက်ကို  ခရီးဆက်လာခဲ့တော့သတဲ့။ မောင်စိတ်ဓါတ်ကျလေး သွားရတဲ့ လမ်းဟာ တောနက်ပြီး  ချုံနွယ်ပိတ်ပေါင်းတွေ ထူပြောလွန်းတာမို့ အတွေ့အကြုံဆိုတဲ့ ဓါးရဲ့  အကူအညီနဲ့ ရှင်းလင်းလို့ ပြဿနာချိုင့်ဝှမ်းကြီးဆီကို တဖြည်းဖြည်းနဲ့  ချဉ်းကပ်လာမိတော့သတဲ့။ ဒီလိုနဲ့ မောင်စိတ်ဓါတ်ကျလေးဟာ  ပြဿနာချိုင့်ဝှမ်းကြီးဆီ အရောက်မှာ သူ မျှော်လင့်ထားသလို  စိတ်ဓါတ်ပျက်ပြားမှု ဘီလူးကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ရပါရောတဲ့။ ဘီလူးကြီးဟာ  အင်မတန်ရုန့်ရင်းကြမ်းကြုတ်လှပြီး ရက်စက်လှတာမို့ မောင်စိတ်ဓါတ်ကျလေးကို  မြင်တာနဲ့ ဒေါသတကြီး ပြေးထွက်လာပြီး အခုလို ပြောပါသတဲ့။  "ဟယ် အသင်လူသား အဘယ်ကိစ္စနဲ့ ကျွန်ုပ်၏ ချိုင့်ဝှမ်းဆီကို လာဝံ့သနည်း"  "ရည်ရွယ်ချက်ဟူသော သင်စောင့်ကြပ်သည့် ပတ္တမြားကို လိုချင်သောဆန္ဒကြောင့် လာခဲ့ပါသည် ဘီလူးကြီး"  "ဤပတ္တမြားက ကျွန်ုပ်အပိုင် ဖြစ်၏၊ ကျွန်ုပ်သေမှ အသင်ရမည်၊ အကျွန်ုပ်နှင့် ယှဉ်ပြိုင်သတ်ပုတ်လှည့်"  ဘီလူးကြီးရဲ့  စိန်ခေါ်စကားအဆုံးမှာ မောင်စိတ်ဓါတ်ကျလေးဟာ ဘီလူးကြီးနဲ့  ရင်ဆိုင်သတ်ပုတ်ရပါသတဲ့၊ ဘီလူးကြီးဟာ အင်အားကြီးမားပေမယ့်  မောင်စိတ်ဓါတ်ကျလေးအဖို့ အဖိုးအိုပေးအပ်တဲ့ အတွေ့အကြုံဓါးမြတ်ရဲ့  အစွမ်းသတိံ္တနဲ့ တစ်ခဏခြင်းမှာပဲ စိတ်ဓါတ်ပျက်ပြားမှုဘီလူးကြီးရင်ဝကို  ထိုးစိုက်လို့ အပြီးတိုင် သုတ်သင်လိုက်နိုင်ပါသတဲ့။ အဲဒီ့နောက်မှာတော့  မောင်စိတ်ဓါတ်ကျလေးဟာ ဘီလူးကြီးရဲ့ ဗိမ္ဗာန်မှာ ထားရှိတဲ့  ရည်ရွယ်ချက်ပတ္တမြားကြီးကို ဆောင်ကြဉ်းလို့ ဝမ်းသာအားရနဲ့ တက်ကြွရွာကြီး  ရှိရာကို အမြန်ရောက်အောင် ခရီးနှင်ပါတော့သတဲ့။  ဒီလိုနဲ့  မောင်စိတ်ဓါတ်ကျလေးဟာ တက်ကြွရွာကြီးဆီ ရောက်တဲ့အခါ  ဒီသာပါမောက္ခကြီးဦးမျှော်လင့်ချက် အိမ်ကို စုံစမ်းလို့ ရောက်သွားပါသတဲ့။  ပါမောက္ခကြီးရဲ့ အိမ်ရှေ့ကို ရောက်တဲ့အခါ အခုလို ဟစ်အော်ပြီး ပါမောက္ခကြီးကို  ခေါ်ပါသတဲ့။  "ဗျို့ ပါမောက္ခကြီး ... ဗျို့ပါမောက္ခကြီး"  မောင်စိတ်ဓါတ်ကျရဲ့  ဟစ်အော်သံကို ကြားတဲ့အခါ အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို သင်ကြားပေးနေတဲ့  ပါမောက္ခကြီး ဦးမျှော်လင့်ချက်ဟာ သူ့အိမ်ရှေ့ကို ထွက်လာပါရောတဲ့။  ပါမောက္ခကြီးကို မြင်လိုက်တဲ့အခါမှာ မောင်စိတ်ဓါတ်ကျလေးဟာ အံသြလွန်းတာမို့  ပါးစပ်အဟောင်းသားနဲ့ မင်သက်မိနေသတဲ့။ တကယ်တော့ ပါမောက္ခဦးမျှော်လင့်ချက်  ဆိုတဲ့ ပုဂ္ဂိုလ်ကြီးဟာ သူနဲ့ ညောင်ညိုပင်ကြီးအောက်မှာ ဆုံတွေ့ခဲ့တဲ့  အဖိုးအို ဖြစ်နေတော့တာကို မောင်စိတ်ဓါတ်ကျလေး သိလိုက်ရပါသတဲ့။ အဖိုးအို  တဖြစ်လဲ ပါမောက္ခကြီး ဦးမျှော်လင့်ချက်က မောင်စိတ်ဓါတ်ကျလေးကို  သူ့အိမ်ပေါ်တက်ဖို့ ဖိတ်မန္တက ပြုပါသတဲ့။ ပါမောက္ခကြီးရဲ့ အိမ်ပေါ်ကို ရောက်တဲ့  အခါ မောင်စိတ်ဓါတ်ကျ လေးဟာ သူ ဆောင်ယူလာတဲ့ ရည်ရွယ်ချက်ပတ္တမြားကြီးကို  ထုတ်ယူဆက်သပြီး အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို သင်ကြားပေးဖို့ အခုလို  တောင်းပန်စကားဆိုပါသတဲ့။  "အဖိုးအို တဖြစ်လဲ  ပါမောက္ခကြီးခင်ဗျား... ဤ အဖိုးထိုက်တန်တဲ့ ရည်ရွယ်ချက်ပတ္တမြားကြီးကို  အသင်ပေးအပ်တဲ့ အတွေ့အကြုံဓါးမြတ်ရဲ့ အစွမ်းအစနဲ့ ဆောင်ကြဉ်းခဲ့ပါတယ်၊  ယခုအခါမှာ ကျွန်တော်ရဲ့ လက်မှာ အဖိုးထိုက်တန်တဲ့ ပတ္တမြားကြီး  ပိုင်ဆိုင်လို့ ဒီပတ္တမြားကြီးကို ပညာကြေးအဖြစ် သတ်မှတ်ကာ တပည့်အဖြစ်  သတ်မှတ်ပေးပါ ပါမောက္ခကြီး"  ဒီအခါမှာ အဖိုးအိုတဖြစ်လဲ ပါမောက္ခကြီးဦးမျှော်လင့်ချက်က ခေါင်းတညိတ်ညိတ်နဲ့ မိန့်မိန့်ကြီး ပြုံးပြီး အခုလို စကားပြန်ပါသတဲ့။  "မောင်ရင်  ကို အကျွန်ုပ် တပည့်အဖြစ်လက်ခံလိုက်ပါပြီ၊ အသင်ဟာ ကျွန်ုပ်နှင်းအပ်တဲ့  အတွေ့အကြုံဓါးမြတ်ကို အစွမ်းအစရှိရှိ အသုံးပြုပြီး  အခက်အခဲတောင်စဉ်တန်းတွေကို ကျော်လွန်လို့ ပြဿနာချိုင့်ဝှမ်းကြီးဆီကို  မရောက်၊ ရောက်အောင် အရောက်လှမ်းနိုင်ခဲ့တယ်၊ ဒါ့အပြင်  အင်မတန်ကြောက်မက်ဖွယ်ကောင်းတဲ့ စိတ်ဓါတ်ပျက်ပြားမှု ယက္ခဘီလူးကြီးကို  အောင်နိုင်ခဲ့ပြီး အဖိုးအနဃထိုက်တဲ့ ရည်ရွယ်ချက်ပတ္တမြားကြီးကို  သိမ်းပိုက်အောင်မြင်ခဲ့တယ်၊ ဒီအခက်အခဲတွေကို မောင်ရင် ကိုယ်တိုင်  အောင်မြင်စွာ ကျော်လွန်ဖြတ်သန်းနိုင်ခဲ့တဲ့အတွက် မောင်ရင့်ကို ကျွန်ုပ်  တပည့်အဖြစ်ထိုက်တန်စွာ လက်ခံလိုက်ပါတယ်၊ ယခုအချိန်ကစလို့ အမောင်ဟာ  တက်ကြွရွာကြီးရဲ့ ဂုဏ်ရှိန်တင့်ဖွယ် တပည့်သားတစ်ယောက် ဖြစ်ခဲ့ပါပြီ"  ဒီလိုနဲ့  မောင်စိတ်ဓါတ်ကျလေးဟာ အတွေ့အကြုံဓါးကောင်းတစ်လက်ရဲ့ အစွမ်းအစကို  အသုံးချပြီး ရည်ရွယ်ချက် ပတ္တမြားကြီးကို ရအောင်ယူနိုင်ခဲ့သူ တစ်ဦးအဖြစ်နဲ့  ပါမောက္ခကြီးတစ်ဦး ဖြစ်တဲ့ ဦးမျှော်လင့်ချက် လက်ရွှေးစင် တပည့်တစ်ဦး  ဖြစ်ခဲ့ပါသတဲ့။ မောင်စိတ်ဓါတ်ကျလေးဟာ အတတ်ပညာတွေ စုံလင်လို့ ပြီးဆုံးတဲ့အခါ  နကိုမူလနာမည် မောင်စိတ်ဓါတ်ကျဆိုတဲ့ နာမည်ကနေ မောင်အောင်မြင်သူ ဆိုတဲ့  နာမည်ကို ပြောင်းလဲ ခံယူလိုက်သတဲ့။ အဲ့ဒီနောက်မှာတော့ မောင်အောင်မြင်သူဟာ  အရင်မူလ စိတ်ဓါတ်တွေကို ပြောင်းလဲ ပြုပြင်ခဲ့ပြီး အောင်မြင်သူ  တစ်ယောက်အဖြစ်နဲ့ မိဘတွေ ရှိရာ နေရပ်ရွာကို ဂုဏ်ယူဝံ့ကြွားစွာ  ပြန်လာခဲ့ပါတော့သတဲ့ကွယ်။  ပုံပြင်လေးကတော့ ဒါပါပဲကွယ်။  ခင်မင်လေးစားစွာဖြင့် အိပ်မက်ရှင် 1146 pm 15/5/2011
Bahein Hlaing 26 May 10:07
မောင်စိတ်ဓါတ်ကျလေးအကြောင်း ပုံပြင်byကမ္ဘာ့ ဖျာon Wednesday, May 25, 2011 at 9:21am

တစ်ခါတုန်းက
ညည်းစီစီလို့ အမည်ရတဲ့ ရွာကြီးတစ်ရွာမှာ နေထိုင်အခြေချတဲ့ ဦးစိတ်ကုန်နဲ့
ဒေါ်စိတ်ပျက် ဆိုတဲ့ လင်မယားနှစ်ယောက် ရှိသတဲ့။ သူတို့ဆီမှာ မောင်စိတ်ဓါတ်ကျ
ဆိုတဲ့ သားလေးတစ်ယောက်လည်း ရှိသတဲ့။ သူတို့ မိသားစုဟာ ဆင်းရဲလွန်းတာမို့
တစ်နေ့တစ်နေ့ စားဝတ်နေရေးကို ခက်ခက်ခဲခဲ ရင်ဆိုင်ဖြေရှင်းရသတဲ့။
ဦးစိတ်ကုန်ဟာ နေ့ဘက်မှာ ရွာဘေးကမ်းနားမှာ ရှိတဲ့ လှေဆိပ်မှာ ကုန်တင်ကုန်ချ
အလုပ်ကို ပင်ပင်ပန်းပန်း လုပ်ကိုင်ရသတဲ့။ ဒေါ်စိတ်ပျက်ကတော့
ဟင်းသီးဟင်းရွက်တွေကို ခေါင်းရွက်ဗျပ်ထိုးရောင်းပြီး ရတဲ့ ငွေစကလေးတွေနဲ့
မိသားစု စားဝတ်နေရေးကို ဖြေရှင်းရသတဲ့။ သူ့တို့သားလေး မောင်စိတ်ဓါတ်ကျ
ကတော့ ဘာအလုပ်မှ မယ်မယ်ရရမရှိတဲ့ အပြင် ဘယ်အရာကိုမှ မလုပ်ချင်မကိုင်ချင်နဲ့
အားအားရှိ စိတ်ဓါတ်ကျ အားငယ်လို့သာနေသတဲ့။ သူတို့ မိသားစုဟာ သူတို့
နာမည်တွေနဲ့ အင်မတန်လိုက်ဖက်အောင် ပြုမူပြောဆိုကြတယ်လို့ ရွာကလူတွေက
ဆိုစမှတ်ပြုကြသတဲ့။

ဦးစိတ်ကုန်ဟာ နာမည်နဲ့လိုက်အောင်
သူလုပ်ရတဲ့ အလုပ်ပင်ပန်းကြောင်း၊ ဘယ်ရွေ့ဘယ်မျှ ထမ်းပိုးရကြောင်း
ညည်းတွားပြောဆိုနေတတ်ပြီး ဒီအလုပ်ကို စိတ်ကုန်ခန်းနေပြီး ဖြစ်ကြောင်း
စားဝတ်နေရေးအတွက် မတတ်သာလို့သာ လုပ်ကိုင်ရကြောင်း စကားစပ်မိတဲ့ လူတိုင်းကို
ပြောတတ်သတဲ့။ ထို့အတူပဲ ဒေါ်စိတ်ပျက်ဟာလည်း အခုလို
ခေါင်းရွက်ဗျပ်ထိုးရောင်းရတဲ့ ဈေးသည်အလုပ်ဟာ သိပ်ပင်ပန်းကြောင်း၊
အာပေါက်အောင်အော်မှ အနည်းငယ်မျှ ရောင်းရကြောင်း ဒီအလုပ်ကို
သိပ်စိတ်ပျက်နေပြီ ဖြစ်ကြောင်း စတာတွေကို သူ့ဆီက ဈေးဝယ်တဲ့သူတွေကို
စိတ်ပျက်လက်ပျက်နဲ့ ပြောပြတတ်သတဲ့။ သူတို့သား မောင်စိတ်ဓါတ်ကျကတော့
သူ့ကိုယ်သူ ဘာမှ ယုံကြည်မှု မရှိတဲ့ အတိုင်း ဘာမှလည်း မည်မည်ရရ မလုပ်နိုင်ပဲ
လက်မှိုင်ချ စိတ်ဓါတ်ကျနေပြီး ငေးငေးငိုင်ငိုင်နဲ့သာ နေသတဲ့။

တစ်နေ့မှာ အဖေလုပ်သူ ဦးစိတ်ကုန်က သူ့သား မောင်စိတ်ဓါတ်ကျကို အခုလို ပြောသတဲ့။

"သားရေ
မင်းမလဲ မငယ်တော့ဘူး ဘာမှ မလုပ်မကိုင်ပဲ ဒီအတိုင်း ငူငူငိုင်ငိုင်နေလို့
ရှိရင် အဖေနဲ့ အမေ မရှိတဲ့အခါမှာ မင်း ဒုက္ခရောက်လိမ့်မယ်၊ အဲဒီ့တော့ မင်း
လုပ်ကိုင်စားသောက်လို့ရမယ့် ပညာရပ်တစ်ခုခုကိုသင်မှ ရမယ်"

"အဖေ သားလုပ်နိုင်မယ် မထင်ဘူး၊ သားမှာ အစွမ်းအစ မရှိဘူး"

"မင်း
လုပ်မကြည့်သေးပဲနဲ့ အခုလို ပြောလို့မရဘူးသား၊ မင်း လုပ်ကြည့်ရမယ်
မင်းမလုပ်နိုင်ဘူးဆိုတာ သေချာတော့မှ အဲစကားကို ပြောပါလား သားရယ်၊ အဖေကတော့
မင်းကို ကြိုးစားကြည့်စေချင်တယ်"

အဲလို အဖေနဲ့ သား အချီအချ ပြောဆိုနေတုန်းမှာ ဒေါ်စိတ်ပျက် ဈေးရောင်းရာက ပြန်ရောက်လာပြီး အခုလို ဝင်ပြောဆုံးမပါသတဲ့။

"သားရေ
အမေတို့ ရွာနဲ့ သိပ်မဝေးတဲ့ တက်ကြွရွာကြီးမှာ လူငယ်တွေ
အသက်မွေးဝမ်းကြောင်းဖို့ ပညာရပ်တွေကို သင်ကြားပေးနေတဲ့ ဆရာသမားကောင်းတွေ
ရှိတယ်လို့ အမေဈေးရောင်းထွက်ရင်း ကြားခဲ့တယ်၊ အဲမှာ မင်းပညာ သွားသင်ပါလား"

"အမေရယ် သားကိုယ်၌ ကိုက အစွမ်းအစမှ မရှိတာ ဘယ်လိုသမားကောင်းတွေပဲ သင်သင် ဘယ်တတ်လိမ့်မလဲ"

"မဟုတ်သေးဘူးလေ
သား၊ မင်း အရင် စ လုပ်ကြည့်မှပေါ့ လူဆိုတာက အစွမ်းအစဆိုတာ ရှိတယ်၊
မင်းအဖေကိုပဲ ကြည့် ဘာပဲလုပ်လုပ် စိတ်ကုန်တတ်ပေမယ့် သူ့မှာ
အလုပ်လုပ်ချင်စိတ် ရှိတယ်၊ ဒီစိတ်လေးနဲ့ပဲ အမေတို့ အဖေတို့ သားကို
အခုအရွယ်ထိရောက်အောင် ပြုစုလာနိုင်ခဲ့တာပဲ မဟုတ်လား"

"သား စဉ်းစားပါဦးမယ် အမေနဲ့ အဖေတို့ရယ်"

အခုလို
ဦးစိတ်ကုန်နဲ့ ဒေါ်စိတ်ပျက်တို့ အကြိမ်ကြိမ်အဖန်ဖန်
တိုက်တွန်းအားပေးကြတာမို့ သားဖြစ်သူ မောင်စိတ်ဓါတ်ကျဟာ တက်ကြွရွာကြီးမှာ
ပညာသွားသင်ဖို့ကို တဖြည်းဖြည်း စိတ်ဝင်စားလာပါသတဲ့။ ခိုင်မြဲတဲ့
ကျောက်ဆောင်ကြီး တွေမှာတောင် အကြိမ်ကြိမ်အခါအခါ တိုက်ခတ်တဲ့ ရေ၊ လေတို့နဲ့
ထိတွေ့ရင် ပွန်းပဲ့ပါတတ်သလိုမျိုး၊ သစ်ငုတ်ဟာ ခလုတ်တိုက်ပါများရင် နဲ့နဲ့
လာသလိုမျိုး သား ဖြစ်သူ မောင်စိတ်ဓါတ်ကျဟာ မိဘတွေရဲ့ တိုက်တွန်းမှုကို
နားထောင်မိရင်းက တဖြည်းဖြည်း စိတ်ပါဝင်စားလို့လာပါတော့သတဲ့။ တစ်နေ့မှာ
မောင်စိတ်ဓါတ်ကျဟာ သူ့အဖေနဲ့ အမေကို အခုလို ပြောသတဲ့။

"ကဲ အဖေနဲ့ အမေလည်း စိတ်ချမ်းသာအောင်၊ သားလည်း စမ်းသပ်တဲ့သဘောပါအောင် အဖေတို့ ဆန္ဒရှိသလို တက်ကြွရွာကြီးမှာ သား ပညာသွားသင်ပါ့မယ်"

ဒီစကားကို
ကြားလေတော့ ဦးစိတ်ကုန်နဲ့ ဒေါ်စိတ်ပျက်ဟာ အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာ
ဖြစ်ကြသတဲ့။ သားဖြစ်သူရဲ့ ပညာသင်ခရီးအတွက် လိုအပ်မယ့် ပစ္စည်းပစ္စယတွေကို
မပြည့်စုံတဲ့ကြား၊ မရှိတဲ့ ကြားက ရှာကျန်လို့ စုဆောင်းပေးပြီး သားဖြစ်သူကို
ပေးအပ်မှာကြားသတဲ့။

"သား ရွှေစစ်မှန်တာကို သိဖို့
ငရဲမီးအစားခံပေးရတယ် ထို့အတူပဲ လူဆိုတာ ကိုယ့်အရည်အချင်းကို ကိုယ်သိဖို့
ကိုယ်ကိုယ်တိုင် ကြိုးစား၊ စစ်ဆေး၊ စမ်းသပ်ရတယ်။ အဖေတို့ အမေတို့ဟာ
ဆင်းရဲတာမို့ သားကို ဘာမှ အမွေရယ်လို့ ပေးနိုင်မယ် မထင်ဘူး ပညာအမွေသာ
ပေးအပ်နိုင်မယ် ဒီတော့ သားအသက်မွေးဝမ်းကျောင်းဖို့ ပညာကို သေချာသင်ယူပြီး
အသုံးကျတဲ့သူတစ်ယောက် ဖြစ်ပါစေ၊ အချိန်ရှိသရွေ့ စိတ်ဓါတ်ကျနေတဲ့ အဖြစ်ကို
မမြင်လို မတွေ့လိုဘူး"

"သား ကြိုးစားကြည့်ပါမယ် အဖေနဲ့ အမေတို့"

ဒီလိုနဲ့
မောင်စိတ်ဓါတ်ကျလေးဟာ မိဘနှစ်ပါးကို နှုတ်ဆက်ပြီး
အသက်မွေးဝမ်းကြောင်းပညာကို သင်ကြားဖို့ တက်ကြွရွာကြီးဘက်ကို ဦးတည်ပြီး
ခရီးထွက်လာခဲ့တော့သတဲ့။

ဒီလို ထွက်လာရင်းနဲ့
လမ်းခရီးတစ်ထောက်မှာ အရိပ်လည်းကောင်း သစ်ခက်သစ်လက်တွေနဲ့
ဝေဆာအုံ့မှိုင်းနေတဲ့ ညောင်ညိုပင်ကြီးတစ်ပင်ကို တွေ့တဲ့အခါ နေပူရှိန်ကလည်း
ပြင်း၊ လူကလည်း ပန်းလွန်းတာမို့ ခဏတာ နားနေဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။
ညောင်ညိုပင်ကြီးအောက်မှာ ကြွေကျရှုပ်ပွနေတဲ့ ညောင်ရွက်ခြောက်တွေကို
ရှင်းလင်းလိုက်ပြီး ခဏတာနားနေဖို့ ပြင်လိုက်တဲ့အခါ ညောင်ပင်ကြီးအောက်မှာ
ထိုင်နေတဲ့ အဖိုးအိုတစ်ယောက်ကို တွေ့လိုက်ပါတော့ သတဲ့။
မောင်စိတ်ဓါတ်ကျလေးဟာ အဖိုးအိုကို မြင်တော့ ရိုသေသမှုနဲ့ နှုတ်ဆက်ဂါရဝါ
ပြုပြီး အခုလို ပြောပါသတဲ့။

"အဖိုး တက်ကြွရွာကြီးကို ရောက်ဖို့ ဘယ်လောက်များ လိုပါသေးသလဲခင်ဗျာ"

အဖိုးအိုက မောင်စိတ်ဓါတ်ကျလေးကို အကဲခတ်သလို ကြည့်လိုက်ပြီး အခုလို ပြန်ပြောပါသတဲ့။

"အင်းးး
သိပ်တော့မလိုတော့ဘူးကွယ့် ဒါပေမဲ့ အတော်တော့ ခရီးဆက်ရဦးမှာပါ၊ ဒါ့နဲ့
နေပါဦး မင်းက တက်ကြွရွာကြီးကို သွားပြီး ဘာလုပ်မှာမို့တုန်းကွဲ့"

"'ဒီလိုပါ
အဖိုး ကျွန်တော့်အမည်က မောင်စိတ်ဓါတ်ကျလို့ ခေါ်ပါတယ်၊ မိဘတွေရဲ့ ဆန္ဒအရ
တက်ကြွရွာမှာ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားဖို့ သွားရောက်မှာပါ၊
အဲ့ဒီ့ရွာကြီးမှာ ပါမောက္ခကြီး ဦးမျှော်လင့်ချက်ဆိုတာ ရှိတယ်လို့
ကြားပါတယ်၊ ဒီပါမောက္ခကြီးဟာ အသက်မွေးဝမ်းကြောင်းပညာရပ်တွေကို
တဖက်ကမ်းခတ်တတ်မြောက်ပြီး ပြန်လည်သင်ကြားပေးနိုင်တယ်လို့ သိရတာမို့
ကျွန်တော် သွားရောက်သင်ကြားလိုတာပါ"

"သြော်... ဒါဆို မောင်ရင်ဟာ ပညာလိုချင်သူပဲ၊ ဘာကြောင့် ပညာကို လိုချင်ရတာလဲ လင်းစမ်းပါဦးလား"

"မိဘက တိုက်တွန်းလို့ပါ"

"အလို မိဘက တိုက်တွန်းတာနဲ့ မောင်ရင်က လုပ်ရရောတဲ့လား? မောင်ရင့် စိတ်ဆန္ဒ မပါဘူးလား"

"မပါ
ပါဘူး အဖိုး၊ မိဘတွေက တိုက်တွန်းလွန်းတာမို့ လာရောက်သင်ကြားရတာပါ၊
ကျွန်တော် နာမည်က မောင်စိတ်ဓါတ်ကျလို့ ခေါ်ပါတယ်၊ နာမည်နဲ့ လိုက်အောင်
စိတ်ဓါတ်ကျတတ်ပြီး ကိုယ့်အစွမ်းအစကို မယုံကြည်သူပါ အခုလာရတာက မိဘတွေက
တိုက်တွန်းလွန်းတာမို့ မိဘစိတ်ချမ်းသာအောင် လာရတာဖြစ်ပါတယ်"

"ကလိုကိုး
အဖိုးသဘောပေါက်ပြီ၊ အဖိုးဟာ မောင်ရင်သွားမယ့် တက်ကြွရွာကြီးမှာ
နေတဲ့သူပါပဲ၊ မောင်ရင် သွားရောက်ပညာသင့်မယ့် ပါမောက္ခကြီး
ဦးမျှော်လင့်ချက်ဆိုတာ သိပ်ကို ကိန်းကြီးခန်းကြီးနိုင်တယ်၊ သိပ်လည်း
ဂုဏ်ပကာသနကို မက်မောတယ်၊ သူဟာ ပညာသင်သားကို လက်ခံရင် ဒီအတိုင်း လက်ခံလေ့
မရှိဘူးလို့လည်း အဖိုးကြားတယ်၊ သူ့ဆီက ပညာသင်ရဖို့
အဖိုးတန်ရတနာတစ်ပါးပါးကို ပညာကြေးအဖြစ် ပေးအပ်ရတယ်လို့ အဖိုးသိရတယ်၊ ဒီတော့
မောင်ရင့်မှာ ဘယ်လို အဖိုးတန်ရတနာပါ ပါသလဲ"

"ဘယ်လို အဖိုးတန်ရတနာမှ မပါ ပါဘူး အဖိုး၊ ဗလာလက်ချည်းပါ"

"ဒါဆိုရင် ဒီပါမောက္ခကြီးဟာ မောင်ရင့်ကို လက်ခံလိမ့်မယ် မထင်ဘူး"

"ဒါဆိုရင် ကျွန်တော် ဘယ်လိုလုပ်ရပါ့လိမ့်မလဲ အဖိုး အကြံဥာဏ်ကောင်းလေးများ ရှိရင်ပေးပါဦးခင်ဗျာ"

"ဒီလိုတော့
လုပ်ဖို့ အဖိုးအကြံပေးလိုတယ်၊ တက်ကြွရွာကြီးဆီ မရောက်ခင်
အတော်လှမ်းလှမ်းမှာ အခက်အခဲလို့ အမည်ရတဲ့ တောင်တန်းကုန်းမြင့်ကြီးတစ်ခု
ရှိတယ်၊ အဲ့ဒီတောင်ကုန်းမြင့်ကြီးပေါ်မှာ တနေရာမှာ ရည်ရွယ်ချက်လို့ အမည်ရတဲ့
ပတ္တမြားကြီးတစ်လုံးဟာ ရှိနေတယ်၊ ဒါကို ဘယ်သူမှ မသိဘူး အဖိုးနဲ့ အဲသည့်
ပါမောက္ခကြီးသာလျှင် သိတယ်။ ပါမောက္ခကြီးဦးမျှော်လင့်ချက်ဟာ
ဒီပတ္တမြားကြီးကို သိပ်လိုချင်နေတဲ့သူပဲ၊ အကယ်၍ မောင်ရင်သာ ဒီပတ္တမြားကြီးကို
ရယူပြီး ပညာကြေးအနေနဲ့ ဆက်သ ပေးအပ်နိုင်မယ်ဆိုရင် ပါမောက္ခကြီးဟာ
မောင်ရင့်ကို တပည့်အဖြစ် လက်ခံပြီး ပညာရပ်တွေကို သင်ကြားပေးမှာ ဧကန်ပဲ"

"ကျွန်တော် စိတ်ဝင်စားလှပါတယ် အဖိုး ဒီပတ္တမြားကြီးကို ကျွန်တော် ယူပြီး ပညာကြေးအဖြစ် ဆက်သချင်ပါတယ်"

"ကောင်းပြီ
ဒါဆို အဖိုးလမ်းညွှန်မယ်၊ ဒီပတ္တမြားကြီးဟာ အခက်အခဲလို့ အမည်ရတဲ့
တောင်တန်းကြီးရဲ့ အလယ်ဗဟို ပြဿနာဆိုတဲ့ ချိုင့်ဝှမ်းကြီးထဲမှာ ရှိတယ်၊
အဲ့ဒီ့ချိုင့်ဝှမ်းကြီးဟာ အင်မတန်စောက်နက်လို့ သိပ်ကြောက်မက်ဖွယ်ကောင်းတယ်၊
ဒီချိုင့်ဝှမ်းကြီးကို ကျော်ဖြတ်လို့ ရောက်နိုင်တယ်ပဲ ထားပါဦး
ပတ္တမြားကြီးကို စောင့်ကြပ်တဲ့ ယက္ခဘီလူးကြီး တစ်ကောင်က ရှိနေသေးတယ်၊
ဘီလူးကြီးနာမည်က စိတ်ဓါတ်ပျက်ပြားမှု လို့ ခေါ်သတဲ့၊ ဒီဘီလူးကြီးကို
သတ်နိုင်တယ်ဆိုရင် မောင်ရင်ဟာ ဒီပတ္တမြားကြီးကို
လက်ဝယ်ပိုင်ဆိုင်နိုင်လိမ့်မယ်၊ ဒီဘီလူးကြီးကို သတ်ဖြတ်ဖို့
အတွေ့အကြုံဆိုတဲ့ ဓါးကောင်းတစ်လက်ရှိရာကို မောင်ရင့်ကို အဖိုး
ညွှန်းလိုက်မယ်၊ ဒီဓါးမြတ်အစွမ်းနဲ့ဘီလူးကြီးကို ဖယ်ရှားသုတ်သင်လို့
ပတ္တမြားကြီးကို သိမ်းပိုက်ပါတော့၊ ဒါပေမဲ့ ဒီဓါးမြတ်ကို မောင်ရင်ကိုယ်တိုင်
ကိုယ်စွမ်းကိုယ်စနဲ့ ရယူရလိမ့်ဦးမယ်"

"ကောင်းပါပြီ အဖိုး၊ ဓါးမြတ်ကို ဘယ်လိုရယူရမယ်ဆိုတာကိုသာ ဆိုပါ"

"မောင်ရင်
ဒီဓါးမြတ်ကို စိတ်ရှည်သည်းခံခြင်းဆိုတဲ့ ရေတံခွန်ကြီးရဲ့ အတွင်းဖက်မှာ
ရှိတဲ့ မှတ်သားနာယူခြင်းဆိုတဲ့ ကျောက်ဂူကြီးအထဲမှာ သိုဝှက်ထားရှိတယ်၊
ဒီရေတံခွန်ကြီးဟာ အရှိန်ပြင်းပြင်းနဲ့ စီးဆင်းနေတာမို့ တော်ရုံခံနိုင်ရည်
အားနဲ့ ပြည့်စုံသူဟာ ဝင်မရဘူး၊ မောင်ရင့်ရဲ့ ကိုယ်ပိုင် အစွမ်းအစနဲ့သာလျှင်
ရယူနိုင်ပေလိမ့်မယ်"

မောင်စိတ်ဓါတ်ကျလေးဟာ ဝမ်းသာအားရနဲ့
အဖိုးအိုကို ဂါဝရပြု နှုတ်ဆက်လို့ အတွေ့အကြုံဓါးမြတ်ကို ရယူဖို့
ရေတံခွန်ကြီး ရှိရာဘက်ကို ထွက်လာခဲ့သတဲ့။ ရေတံခွန်ကြီးဟာ
မျှော်လင့်ထားတာထက် အရှိန်အဟုန် ပြင်းပြင်းထန်ထန် စီးဆင်းနေပြီး
ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် ရေစီးသန်လွန်းလှသတဲ့။ ဒီလို အခြေအနေကို
ကြုံသော်လည်းပဲ မောင်စိတ်ဓါတ်ကျလေးဟာ စိတ်အားမလျှော့ပဲ
ကြံ့ကြံ့ခံခိုင်မာတဲ့ စိတ်ဓါတ်ခွန်အားနဲ့ ရေတံခွန်ကြီးထဲ တိုးဝင်ပြီး
မှတ်သားနာယူခြင်း လှိုဏ်ဂူကြီးထဲကို အရဲစွန့် ဝင်ရောက်လိုက်သတဲ့။
လှိုဏ်ဂူကြီးထဲမှာ ပိန်းပိတ်အောင် မှောင်လွန်းနေပြီး စိတ်ခြောက်ခြားဖွယ်ရာ
အတိပြီးနေသတဲ့။ ဒါပေမဲ့ မောင်စိတ်ဓါတ်ကျလေးဟာ ဓါးမြတ်ကို မြတ်နိုးခုံမင်တဲ့
စိတ်နဲ့ ဂူကြီး အဆုံးကို အရဲစွန့်ဝင်ရောက်ပါတော့သတဲ့။ ဒီအခါမှာ
သူလိုချင်လွန်းလှတဲ့ အတွေ့အကြုံဓါးမြတ်ကို ပြတ်ပြတ်သားသား
ရယူသိမ်းပိုက်နိုင်တော့သတဲ့။

ဒီလို ဓါးမြတ်ကို ရယူပြီးတဲ့
နောက်မှာ မောင်စိတ်ဓါတ်ကျလေးဟာ အခက်အခဲတောင်စဉ်တန်းကြီးဘက်ကို
ခရီးဆက်လာခဲ့တော့သတဲ့။ မောင်စိတ်ဓါတ်ကျလေး သွားရတဲ့ လမ်းဟာ တောနက်ပြီး
ချုံနွယ်ပိတ်ပေါင်းတွေ ထူပြောလွန်းတာမို့ အတွေ့အကြုံဆိုတဲ့ ဓါးရဲ့
အကူအညီနဲ့ ရှင်းလင်းလို့ ပြဿနာချိုင့်ဝှမ်းကြီးဆီကို တဖြည်းဖြည်းနဲ့
ချဉ်းကပ်လာမိတော့သတဲ့။ ဒီလိုနဲ့ မောင်စိတ်ဓါတ်ကျလေးဟာ
ပြဿနာချိုင့်ဝှမ်းကြီးဆီ အရောက်မှာ သူ မျှော်လင့်ထားသလို
စိတ်ဓါတ်ပျက်ပြားမှု ဘီလူးကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ရပါရောတဲ့။ ဘီလူးကြီးဟာ
အင်မတန်ရုန့်ရင်းကြမ်းကြုတ်လှပြီး ရက်စက်လှတာမို့ မောင်စိတ်ဓါတ်ကျလေးကို
မြင်တာနဲ့ ဒေါသတကြီး ပြေးထွက်လာပြီး အခုလို ပြောပါသတဲ့။

"ဟယ် အသင်လူသား အဘယ်ကိစ္စနဲ့ ကျွန်ုပ်၏ ချိုင့်ဝှမ်းဆီကို လာဝံ့သနည်း"

"ရည်ရွယ်ချက်ဟူသော သင်စောင့်ကြပ်သည့် ပတ္တမြားကို လိုချင်သောဆန္ဒကြောင့် လာခဲ့ပါသည် ဘီလူးကြီး"

"ဤပတ္တမြားက ကျွန်ုပ်အပိုင် ဖြစ်၏၊ ကျွန်ုပ်သေမှ အသင်ရမည်၊ အကျွန်ုပ်နှင့် ယှဉ်ပြိုင်သတ်ပုတ်လှည့်"

ဘီလူးကြီးရဲ့
စိန်ခေါ်စကားအဆုံးမှာ မောင်စိတ်ဓါတ်ကျလေးဟာ ဘီလူးကြီးနဲ့
ရင်ဆိုင်သတ်ပုတ်ရပါသတဲ့၊ ဘီလူးကြီးဟာ အင်အားကြီးမားပေမယ့်
မောင်စိတ်ဓါတ်ကျလေးအဖို့ အဖိုးအိုပေးအပ်တဲ့ အတွေ့အကြုံဓါးမြတ်ရဲ့
အစွမ်းသတိံ္တနဲ့ တစ်ခဏခြင်းမှာပဲ စိတ်ဓါတ်ပျက်ပြားမှုဘီလူးကြီးရင်ဝကို
ထိုးစိုက်လို့ အပြီးတိုင် သုတ်သင်လိုက်နိုင်ပါသတဲ့။ အဲဒီ့နောက်မှာတော့
မောင်စိတ်ဓါတ်ကျလေးဟာ ဘီလူးကြီးရဲ့ ဗိမ္ဗာန်မှာ ထားရှိတဲ့
ရည်ရွယ်ချက်ပတ္တမြားကြီးကို ဆောင်ကြဉ်းလို့ ဝမ်းသာအားရနဲ့ တက်ကြွရွာကြီး
ရှိရာကို အမြန်ရောက်အောင် ခရီးနှင်ပါတော့သတဲ့။

ဒီလိုနဲ့
မောင်စိတ်ဓါတ်ကျလေးဟာ တက်ကြွရွာကြီးဆီ ရောက်တဲ့အခါ
ဒီသာပါမောက္ခကြီးဦးမျှော်လင့်ချက် အိမ်ကို စုံစမ်းလို့ ရောက်သွားပါသတဲ့။
ပါမောက္ခကြီးရဲ့ အိမ်ရှေ့ကို ရောက်တဲ့အခါ အခုလို ဟစ်အော်ပြီး ပါမောက္ခကြီးကို
ခေါ်ပါသတဲ့။

"ဗျို့ ပါမောက္ခကြီး ... ဗျို့ပါမောက္ခကြီး"

မောင်စိတ်ဓါတ်ကျရဲ့
ဟစ်အော်သံကို ကြားတဲ့အခါ အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို သင်ကြားပေးနေတဲ့
ပါမောက္ခကြီး ဦးမျှော်လင့်ချက်ဟာ သူ့အိမ်ရှေ့ကို ထွက်လာပါရောတဲ့။
ပါမောက္ခကြီးကို မြင်လိုက်တဲ့အခါမှာ မောင်စိတ်ဓါတ်ကျလေးဟာ အံသြလွန်းတာမို့
ပါးစပ်အဟောင်းသားနဲ့ မင်သက်မိနေသတဲ့။ တကယ်တော့ ပါမောက္ခဦးမျှော်လင့်ချက်
ဆိုတဲ့ ပုဂ္ဂိုလ်ကြီးဟာ သူနဲ့ ညောင်ညိုပင်ကြီးအောက်မှာ ဆုံတွေ့ခဲ့တဲ့
အဖိုးအို ဖြစ်နေတော့တာကို မောင်စိတ်ဓါတ်ကျလေး သိလိုက်ရပါသတဲ့။ အဖိုးအို
တဖြစ်လဲ ပါမောက္ခကြီး ဦးမျှော်လင့်ချက်က မောင်စိတ်ဓါတ်ကျလေးကို
သူ့အိမ်ပေါ်တက်ဖို့ ဖိတ်မန္တက ပြုပါသတဲ့။ ပါမောက္ခကြီးရဲ့ အိမ်ပေါ်ကို ရောက်တဲ့
အခါ မောင်စိတ်ဓါတ်ကျ လေးဟာ သူ ဆောင်ယူလာတဲ့ ရည်ရွယ်ချက်ပတ္တမြားကြီးကို
ထုတ်ယူဆက်သပြီး အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို သင်ကြားပေးဖို့ အခုလို
တောင်းပန်စကားဆိုပါသတဲ့။

"အဖိုးအို တဖြစ်လဲ
ပါမောက္ခကြီးခင်ဗျား... ဤ အဖိုးထိုက်တန်တဲ့ ရည်ရွယ်ချက်ပတ္တမြားကြီးကို
အသင်ပေးအပ်တဲ့ အတွေ့အကြုံဓါးမြတ်ရဲ့ အစွမ်းအစနဲ့ ဆောင်ကြဉ်းခဲ့ပါတယ်၊
ယခုအခါမှာ ကျွန်တော်ရဲ့ လက်မှာ အဖိုးထိုက်တန်တဲ့ ပတ္တမြားကြီး
ပိုင်ဆိုင်လို့ ဒီပတ္တမြားကြီးကို ပညာကြေးအဖြစ် သတ်မှတ်ကာ တပည့်အဖြစ်
သတ်မှတ်ပေးပါ ပါမောက္ခကြီး"

ဒီအခါမှာ အဖိုးအိုတဖြစ်လဲ ပါမောက္ခကြီးဦးမျှော်လင့်ချက်က ခေါင်းတညိတ်ညိတ်နဲ့ မိန့်မိန့်ကြီး ပြုံးပြီး အခုလို စကားပြန်ပါသတဲ့။

"မောင်ရင်
ကို အကျွန်ုပ် တပည့်အဖြစ်လက်ခံလိုက်ပါပြီ၊ အသင်ဟာ ကျွန်ုပ်နှင်းအပ်တဲ့
အတွေ့အကြုံဓါးမြတ်ကို အစွမ်းအစရှိရှိ အသုံးပြုပြီး
အခက်အခဲတောင်စဉ်တန်းတွေကို ကျော်လွန်လို့ ပြဿနာချိုင့်ဝှမ်းကြီးဆီကို
မရောက်၊ ရောက်အောင် အရောက်လှမ်းနိုင်ခဲ့တယ်၊ ဒါ့အပြင်
အင်မတန်ကြောက်မက်ဖွယ်ကောင်းတဲ့ စိတ်ဓါတ်ပျက်ပြားမှု ယက္ခဘီလူးကြီးကို
အောင်နိုင်ခဲ့ပြီး အဖိုးအနဃထိုက်တဲ့ ရည်ရွယ်ချက်ပတ္တမြားကြီးကို
သိမ်းပိုက်အောင်မြင်ခဲ့တယ်၊ ဒီအခက်အခဲတွေကို မောင်ရင် ကိုယ်တိုင်
အောင်မြင်စွာ ကျော်လွန်ဖြတ်သန်းနိုင်ခဲ့တဲ့အတွက် မောင်ရင့်ကို ကျွန်ုပ်
တပည့်အဖြစ်ထိုက်တန်စွာ လက်ခံလိုက်ပါတယ်၊ ယခုအချိန်ကစလို့ အမောင်ဟာ
တက်ကြွရွာကြီးရဲ့ ဂုဏ်ရှိန်တင့်ဖွယ် တပည့်သားတစ်ယောက် ဖြစ်ခဲ့ပါပြီ"

ဒီလိုနဲ့
မောင်စိတ်ဓါတ်ကျလေးဟာ အတွေ့အကြုံဓါးကောင်းတစ်လက်ရဲ့ အစွမ်းအစကို
အသုံးချပြီး ရည်ရွယ်ချက် ပတ္တမြားကြီးကို ရအောင်ယူနိုင်ခဲ့သူ တစ်ဦးအဖြစ်နဲ့
ပါမောက္ခကြီးတစ်ဦး ဖြစ်တဲ့ ဦးမျှော်လင့်ချက် လက်ရွှေးစင် တပည့်တစ်ဦး
ဖြစ်ခဲ့ပါသတဲ့။ မောင်စိတ်ဓါတ်ကျလေးဟာ အတတ်ပညာတွေ စုံလင်လို့ ပြီးဆုံးတဲ့အခါ
နကိုမူလနာမည် မောင်စိတ်ဓါတ်ကျဆိုတဲ့ နာမည်ကနေ မောင်အောင်မြင်သူ ဆိုတဲ့
နာမည်ကို ပြောင်းလဲ ခံယူလိုက်သတဲ့။ အဲ့ဒီနောက်မှာတော့ မောင်အောင်မြင်သူဟာ
အရင်မူလ စိတ်ဓါတ်တွေကို ပြောင်းလဲ ပြုပြင်ခဲ့ပြီး အောင်မြင်သူ
တစ်ယောက်အဖြစ်နဲ့ မိဘတွေ ရှိရာ နေရပ်ရွာကို ဂုဏ်ယူဝံ့ကြွားစွာ
ပြန်လာခဲ့ပါတော့သတဲ့ကွယ်။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

ခင်မင်လေးစားစွာဖြင့်
အိပ်မက်ရှင်
1146 pm
15/5/2011

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment