Monday, 30 May 2011

[စာပေစကားဝိုင်း] စံပယ်မိုး ကမ်းမမြင်၊ လမ်းမမြင်တဲ့။ တပင်လုံးမွှေး...

စံပယ်မိုး  ကမ်းမမြင်၊ လမ်းမမြင်တဲ့။ တပင်လုံးမွှေး ၊ တခိုင်လုံးအေးတာ လွန်ရော။  စံပယ်ဆိုလည်း၊စံပယ်ပေါ့ နှစ်ဦးမှာပွင့်တဲ့ ပိတောက်မှမဟုတ်တာ မိုးမျော်စရာမလိုဘူး ဒီနေ့ငါပွင့်မယ်။  စံပယ်တွေအိပ်တန်းဝင်တဲ့ ကျွန်းအတွက် ကိုယ့်ကိုကို မီးထုတ်လိုလည်း ထွန်းစရာမလိုဘူး။ ၁ဖျိုက် ၂ဖျိုက် ၀ါဆိုမိုးနဲ့လည်း ငါကြေနပ်တယ်။  ကမ်းလုံးပြည့် ညွှတ်ကြတဲ့ကျွန်း ရင်ခွင်စွန်းမှာ ၀ါဆိုမိုးလည်း စံပယ်နဲ့အတူတူထွန်းတယ်။  Johnyoharmar သူငယ်ချင်းတို့ေ၇ ပျက်သွားတဲ့ post တွေထဲက မှတ်မှတ်ရရ ၁ခုပါ။ ၂၀၀၂ က welcome မှာ ကဗျာဆရာ ခွန်သွေးခန့် တက်ရွတ်ခိုင်းလို.တက်ရွတ်ခဲ့တဲ့ ကဗျာပါ။သူငယ်ချင်းတိုရေ လူဆိုတာအမှားနဲ့မကင်းတော့ အမှားပါရင်ခွင့်လွှတ်ဝေဖန်ပေးကြပါ။
John Yoharmar 30 May 22:27
စံပယ်မိုး

ကမ်းမမြင်၊ လမ်းမမြင်တဲ့။
တပင်လုံးမွှေး ၊ တခိုင်လုံးအေးတာ
လွန်ရော။

စံပယ်ဆိုလည်း၊စံပယ်ပေါ့
နှစ်ဦးမှာပွင့်တဲ့ ပိတောက်မှမဟုတ်တာ
မိုးမျော်စရာမလိုဘူး
ဒီနေ့ငါပွင့်မယ်။

စံပယ်တွေအိပ်တန်းဝင်တဲ့ ကျွန်းအတွက်
ကိုယ့်ကိုကို မီးထုတ်လိုလည်း
ထွန်းစရာမလိုဘူး။
၁ဖျိုက် ၂ဖျိုက် ၀ါဆိုမိုးနဲ့လည်း
ငါကြေနပ်တယ်။

ကမ်းလုံးပြည့် ညွှတ်ကြတဲ့ကျွန်း
ရင်ခွင်စွန်းမှာ
ဝါဆိုမိုးလည်း စံပယ်နဲ့အတူတူထွန်းတယ်။

Johnyoharmar
သူငယ်ချင်းတို့ေ၇ ပျက်သွားတဲ့ post တွေထဲက မှတ်မှတ်ရရ ၁ခုပါ။ ၂၀၀၂ က welcome မှာ ကဗျာဆရာ ခွန်သွေးခန့် တက်ရွတ်ခိုင်းလို.တက်ရွတ်ခဲ့တဲ့ ကဗျာပါ။သူငယ်ချင်းတိုရေ လူဆိုတာအမှားနဲ့မကင်းတော့ အမှားပါရင်ခွင့်လွှတ်ဝေဖန်ပေးကြပါ။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment