Sunday, 29 May 2011

[စာပေစကားဝိုင်း] “ငါပိုင်ဆိုင်တဲ့ ငါ့အချစ်” စွန့်လွှတ်ခြင်းကို ငါက...

Sandarthuriya Minbargyiminphaloung posted in စာပေစကားဝိုင်း
Sandarthuriya Minbargyiminphaloung 30 May 12:03
"ငါပိုင်ဆိုင်တဲ့ ငါ့အချစ်"

စွန့်လွှတ်ခြင်းကို ငါက ပိုင်ဆိုင်ပြီး
စွန့်ပစ်ခြင်းကို နင်က ပိုင်ဆိုင်ခဲ့တယ်
အပြုံးတွေကို ငါက ပန်ဆင်ခဲ့ပေမယ့်
အမုန်းတွေကို နင်က ရေလောင်းပေါင်းသင်နေဆဲ
အနစ်နာခံလိုစိတ်တွေ ငါက အပြည့်ရှိနေတော့
နင်လိုချင်တဲ့ အနိုင်ရလိုမှုတွေကို အပြည့်အ၀နင်ရရှိနေရတာပေါ့
ငါကျေနပ်တယ်..... နင့်ဆန္ဒ နင့်အယူအဆ နင့်အာသီသတွေက
ငါနဲ့ မတူညီခဲ့တော့ ... ငါပေးဆပ်သမျှကို နင် ရယူနေရတာပေါ့...
အချစ်ဆိုတာ ချစ်တတ်တဲ့လူအတွက် အဓိပ္ပါယ် အရမ်းရှိနေတော့
မင်းလည်း ငါချစ်သမျှကို ခံမြဲခံနေရတာပေါ့...

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment